April 07, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ကိုယ်ဝန်ဆောင်ကို မီးဖွားခွင့် မပေး၍ အသက်ဆုံးရှုံးရ


RB News 
22.5.2013 

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြား မြို့နယ်၊ စမ္ဘာလေ ကျေးရွာမှ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးအား ဆေးရုံမှ မီးဖွားခွင့် မပေး၍ အသက် ဆုံးရှုံး ခဲ့ရကြောင်း သတင်း ရရှိပါသည်။ 

ဖြစ်ပွားပုံမှာ - မင်းပြား မြို့နယ်၊ စမ္ဘာလေ ကျေးရွာမှ ကိုယ်ဝန်ဆောင် ရိုဟင်ဂျာ အမျိုးသမီး တစ်ဦး ဖြစ်သူ မဇူးရ်ဘာနူး (ဘ) ဦးမိုဟာမတ် စဖူရ် (အသက် ၂၅ နှစ်) သည် မေလ (၁၂) ရက်နေ့ နေ့လည် ၃ နာရီ ခန့်တွင် ကလေး မွေးဖွားရန် မြောင်းဘွေး တိုက်နယ် ဆေးရုံသို့ သွားရောက် ခဲ့သည်။ ဆေးရုံသို့ အချိန်မှီ ရောက်ရှိ သော်လည်း တာဝန်ကျ ဆရာဝန်မကြီးမှ မီးဖွား မပေးနိုင်ဟု ငြင်းလိုက် ကြောင်း သိရသည်။ 

“တာဝန်ကျတဲ့ ဆရာဝန်မကြီးက ဒေါက်တာ ခင်ဆန်းဆန်းကျော်ပါ။ ဆေးမကု ပေးနိုင်ဘူး ပြန်တော့ ဆိုပြီး နှင်ထုတ် ပါတယ်။ ပြီးတော့ ရခိုင် မျိုးချစ် ကွန်ယက် အဖွဲ့က မွတ်စလင် တွေကို လုံးဝ ဆေးကု မပေးဖို့ ညွန်ကြား ထားတယ်လို့ ပြောပါတယ်။ ဆရာဝန် ဆိုတာ လူနာရဲ့ အသက်ကယ်ဖို့ အဓိကပါ။ ဒါပေမယ့် အခုလို ငြင်းလိုက်လို့ ကိုယ်ဝန်ဆောင် အမျိုးသမီး ခမျာ ဘာမှ မတတ်နိုင်ဘဲ အိမ်ပြန် ခဲ့ရတယ်” ဟု ရွာသား တစ်ဦးမှ RB News သို့ပြောပါသည်။ 

မီးဖွားခွင့် ငြင်း ပယ်ခံရသော မဇူးရ်ဘာနူးသည် အားကိုးရာမဲ့ မိမိ၏ အိမ်သို့ ပြန်လာပြီးနောက် အရပ် လက်သည်ဖြင့် ကလေး မွေးဖွားရန် တစ်ညလုံး ကြိုးစားခဲ့ သော်လည်း မအောင်မြင် ခဲ့ဘဲ မေလ (၁၃) ရက်နေ့ တွင် သေဆုံး သွားခဲ့ကြောင်း သိရသည်။ 

“ဆရာဝန်မကြီးက မီးဖွား မပေးနိုင်ဘူး ပြန်တော့လို့ မောင်းထုတ် လိုက်တော့ အိမ်ပြန်လာပြီး အရပ် လက်သည်နဲ့ မွေးဖို့ တစ်ညလုံး ကြိုးစားတယ်။ နောက်ဆုံးတော့ မဇူးရ်ဘာနူး ကလေး မမွေးနိုင်ဘဲ အသက်ပါ ဆုံးရှုံး သွားရတယ်။” ဟု ၎င်းက ၀မ်းနည်းစွာဖြင့် ပြောပါသည်။ 

ယမန်နေ့က ဗြိတိန် ပါလီမန်တွင် ကျင်းပခဲ့သော ပါလီမန် Ms. Rushanara Ali ၏ ရခိုင် ခရီးစဉ် အတွေ့အကြုံ ရှင်းလင်းပွဲ တွင်လည်း ယခုကဲ့သို့ ဆေးကုသခွင့်၊ မီးဖွားခွင့် ငြင်းပယ် ခံရခွင့် တို့ကြောင့် သေဆုံးခဲ့ ရသည့် ရိုဟင်ဂျာ အမျိုးသမီး များအကြောင်း ကိုလည်း ထည့်သွင်း ပြောကြား ခဲ့သည်။ 

ယခုကဲ့သို့ လူမျိုးရေး၊ ဘာသာရေး ခွဲခြားပြီး အစိုးရ ဆေးရုံမှ ဆေးကုသခွင့်၊ မီးဖွားခွင့် ငြင်းပယ် လျက်ရှိ သော်လည်း ပြည်နယ် အစိုးရ၊ ပြည်ထောင်စု အစိုးရမှ အရေးယူမှု တစ်စုံတစ်ရာ မပြုလုပ်ဘဲ၊ သမ္မတ ဦးသိန်းစိန်မှ ကမ္ဘာ အ၀န်းသို့ လည်ပတ်၍ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှု မရှိကြောင်း လိမ်ညာ လျက်ရှိသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus