နောက်ဆုံးသတင်း/ဆောင်းပါးများ

အိန္ဒိယနိုင်ငံမှ ရခိုင်ပြည်နယ်တွင်း ပညာရေး ဖွံ့ဖြိုးရေးအတွက် ဒေါ်လာ တစ်သန်း လှူဒါန်း

စစ်တွေ ရိုဟင်ဂျာ ဒုက္ခသည် စခန်းရှိ စာသင်ကျောင်း (ဓါတ်ပုံ - စစ်တွေ IDP) 

RB News
4.9.2013

အိန္ဒိယ နိုင်ငံမှ ရခိုင်ပြည်နယ်တွင်း ပညာရေး ဖွံ့ဖြိုးရေး အတွက် ဒေါ်လာ တစ်သန်း ပေးအပ် လှူဒါန်း ခဲ့ကြောင်း သိရှိ ရသည်။ မြန်မာ နိုင်ငံ ဆိုင်ရာ အိန္ဒိယ နိုင်ငံ သံအမတ်ကြီးက ဒေါ်လာ တစ်သန်းတန် ချက် လက်မှတ်ကို ရခိုင်ပြည်နယ် အစိုးရသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။ 

ယမန်နှစ် ဒီဇင်ဘာလ အတွင်းက အိန္ဒိယ နိုင်ငံ၏ ပြည်ပရေးရာ ၀န်ကြီး Mr Salman Kurshid မြန် မာ နိုင် ငံသို့ လာရောက် လည်ပတ်ပြီးနောက် ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှု များဖြစ်ပွား နေသည့် နေရာ များ တွင် ဒေသတွင်း ပညာရေး ဖွံ့ဖြိုးရေး အတွက် ဒေါ်လာ တစ်သန်း ပေးအပ်မည်ဟု ပြောဆိုခဲ့ပြီး၊ ယမန်နေ့က အကောင် အထည် ဖော်လိုက်ခြင်း ဖြစ်သည်။ 

အိန္ဒိယ နိုင်ငံ၏ ဒေါ်လာ တစ်သန်း လှူဒါန်း ရခြင်း အကြောင်းရင်းမှာ ဒေသတွင်း ဘာသာပေါင်းစုံ စည်းလုံး ညီညွတ်ရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး တို့ကို ဦးတည်၍ လှူဒါန်းခြင်းဖြစ်သည်ဟု ဆို သည်။ ပေး အပ်လိုက်သော ဒေါ်လာ တစ်သန်းဖြင့် စစ်တွေ၊ မောင်တော၊ ကျောက်တော်နှင့် မင်းပြား မြို့ နယ် များတွင် အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်း ၁၀ ကျောင်း ဆောက် လုပ် သွား မည် ဖြစ်သည်။ 

ငွေကြေး များကို စာသင်ကျောင်း များဆောက်လုပ် နေခြင်း အပေါ် မူတည်၍ ထုတ်ပေး သွားမည်ဟု သိရှိ ရပါသည်။ အိန္ဒိယ နိုင်ငံမှ ရခိုင် ပြည်နယ်တွင် ဆိပ်ကမ်း ဆောက်လုပ်ခြင်း၊ အခြား လုပ်ငန်း စီမံကိန်းများ အကောင် အထည် ဖော်လျက် ရှိရာ ရရှိသော အကျိုး အမြတ်များမှ ရခိုင်ပြည်နယ် တွင်း ဖွံ့ဖြိုး တိုး တက်ရေး လုပ်ငန်း များတွင် အသုံးပြု သွားမည်ဟု သိရပါသည်။

Comment ရေးရန်

Rohingya Exodus