နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘားအံမြို့၌ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ



RB News
4.9.2013

ဘားအံ ။ ။ ဘာသာ ပေါင်းစုံ စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး အလုပ် ရုံ ဆွေးနွေးပွဲ တစ်ရပ်ကို စက်တင်ဘာလ (၂) ရက်နေ့နှင့် (၃) ရက်နေ့ များတွင် ဘားအံမြို့၊ ကန်ဦးသာ ခန်းမ၌ ရတနာမြေ လူမှု ဖွံ့ဖြိုးရေး အသင်းမှ ဦးဆောင်၍ ကျင်းပခဲ့ကြောင်း သတင်း ရရှိပါသည်။ 

အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည်နယ် သံဃာ နာယက အဖွဲ့ ဆရာတော်များ၊ မြို့နယ် သံဃာ နာယက ဆ ရာတော်များ၊ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များ၊ အစ္စလာမ် ဘာသာရေး ဘက်မှာ အလ်ဟာဂ်ျ ဦးမင်းနိုင် (စာရေးဆရာ ၀ါးခယ်မ မောင်မင်းနိုင်) နှင့် ဟိန္ဒူ ဘာသာရေး ခေါင်းဆောင် များမှ ဟောကြား ခဲ့ ပြီး၊ ဆွေးနွေးပွဲသို့ လူပေါင်း ၅၀ ကျော် တက်ရောက် ခဲ့ကြသည်။ 

စက်တင်ဘာလ (၂) ရက်နေ့ ညနေပိုင်းတွင် ဘားအံမြို့ရှိ ဈေးဗလီနှင့် ကမ်းနားလမ်း ဗလီတို့နှင့် အမှတ် (၄) ရပ်ကွက်၊ အင်ကုန်းလမ်း၊ ဘီရှော့ကုန်းရှိ အင်္ဂလီကန် ဘုရားကျောင်းကို သွားရောက် လေ့လာ ခဲ့ကြ သည်။ 

စက်တင်ဘာလ (၃) ရက်နေ့တွင် ဘာသာကြီး လေးခုမှ ခေါင်းဆောင် များက ပဋိပက္ခကြောင့် တိုင်းပြည်နှင့် လူမျိုး အတွက် ထိခိုက် နစ်နာမှုများ၊ ရှေ့ဆက်၍ ဘာသာပေါင်းစုံ စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းစွာ အ တူ ယှဉ် တွဲ နေထိုင်ရေး အတွက် လုပ်ငန်းစဉ် များကို ဆွေးနွေး၍ ဘာသာကြီး လေးရပ်မှ ၂ ဦး စီး ရွေး ချယ်ပြီး ဘာသာပေါင်းစုံ ချစ်ကြည်ရေး (ယာယီ) ကိုဖွဲ့စည်း ခဲ့သည်။

(ဓါတ်ပုံ - MMCJ)






Comment ရေးရန်

Rohingya Exodus