ရာအိမ်မှူး ခန့်ထားခံရသူ များထံမှ ရွာအုပ်ချုပ် ရေးမှူး ငွေညှစ်
RB News
4.10.2013
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ တောင်ပိုင်း၊ ကျောက်ပန္ဒူ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရွှေသိန်းသည် ရာအိမ်မှူး၊ ဆယ်အိမ်မှူး များခန့်ထားပြီး ငွေညှစ် လျက်ရှိကြောင်း သတင်း ရရှိပါသည်။
ကျောက်ပန္ဒူ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရွှေသိန်းသည် ဧည့်စာရင်း တိုင်လျှင် ငွေကျပ် ၅၀၀၊ ရွာထွက် လက်မှတ် တစ်စောင် ငွေကျပ် ၅၀၀ ယူသည့် အပြင်၊ လက်ထပ်ခွင့် တစ်စောင်လျှင် ငွေကျပ် ၃ သောင်း အထိ မတရား သဖြင့် တောင်းခံ လျက်ရှိသည်။ ထို့အပြင် ရာအိမ်မှူး၊ ဆယ်အိမ်မှူး များခန့်ထားပြီး ငွေကျပ် ၅ သောင်းမှ ၂ သိန်း အထိ တောင်းခံ လျက်ရှိကြောင်း ဒေသခံ များမှ RB News သို့ ပြောပါသည်။
ဦးရွှေသိန်းသည် လွန်ခဲ့သည့် ဆယ်ရက်ခန့်က ကျောက်ပန္ဒူ ကျေးရွာသား များဖြစ်ကြ သော ဦးဆွေတာ မီးန်၊ ဦးနူရ် အစ္စလာမ်နှင့် အခြားသော သူများထံမှ လက်ထပ်ခွင့် အတွက် တစ်ဦးထံမှ ငွေကျပ် ၃ သောင်းစီ ယူခဲ့ကြောင်း သိရှိ ရပါသည်။
ကျေးရွာ အုပ်ချုပ်ရေးမှူး များ၏ လစဉ် အစည်း အဝေးကို အောက်တို ဘာလ (၃) ရက်နေ့တွင် ကျင်းပရန် ရှိသဖြင့် လွန်ခဲ့သည့် ၁၀ ရက်မှ စ၍ ရွာအလိုက်၊ လူဦးရေ အလိုက်၊ ရာအိမ်မှူး များ၊ ဆယ်အိမ်မှူး များ ခန့်ထား ရာတွင် ကျောက်ပန္ဒူ အရှေ့ရွာမှ ဦးအဒူရဟီးမ် ကို ဆယ်အိမ်မှူး အဖြစ် လည်းကောင်း၊ ဦးရရှစ်ဒု လ္လာ (ဘ) ဦးဆလီမုလ္လာ နှင့် ဦးအေနာမုလ္လာ (ဘ) ဦးအလီမျာ တို့ကို ရာအိမ်မှူး များ အဖြစ် လည်းကောင်း၊ ခန့်အပ် ပြီးနောက် တစ်ဦးထံမှ ငွေကျပ် ၅ သောင်းစီ၊ စုစုပေါင်း တစ်သိန်း ငါးသောင်း ရယူ ခဲ့ကြောင်း သိရှိ ရပါသည်။
စက်တင်ဘာလ(၃၀)ရက်နေ့တွင်ကျောက်ပန္ဒူစေတီရွာမှဦးဟာရှီမ်အုလ္လာ(ဘ)ဦးရှုနာအလီနှင့်ကျောက် ပန္ဒူ ရွာကြီး အနောက်ရွာမှ ဦးအေနာမုလ္လာ (ဘ) ဦးအဘူလ် ကာဆီးမ် တို့ကို ရာအိမ်မှူး များ အဖြစ် ခန့်အပ်၍ ၎င်းတို့ထံမှလည်း ငွေကျပ် ၅ သောင်းစီ ရယူ ခဲ့ကြောင်း ဒေသခံ များမှ ပြောပါသည်။
မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးတွင် အောက်တို ဘာလ (၃) ရက်နေ့ တွင် ကျင်းပခဲ့သည့် ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး များအစည်း အဝေးနောက်ပိုင်းတွင်ကျောက်ပန္ဒူ အလယ်ရွာ နှင့် စေတီ အနောက် ရွာ တို့ မှ ရာအိမ်မှူး (၄) ဦး ရွေးချယ် မည်ဖြစ်ရာ ရာအိမ်မှူး ရာထူး ရယူ လိုသူများ ငွေကျပ် ၂ သိန်း စီ ပေးရမည်ဟု ဦးရွှေသိန်းက မြို့နယ် အစည်းအဝေး သို့ မသွားမှီ ပြောကြား ခဲ့ကြောင်း သိရှိ ရ သည်။
ကျေးရွာ၊ ရပ်ကွက် အုပ် ချုပ်ရေး မှူး ရာထူး ရယူ သည့် အချိန်တွင် မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်း ကို ပေးခဲ့ရသည့် ငွေကြေး များကို ရွာ အုပ်ချုပ် ရေးမှူး များက မသမာသော နည်းလမ်း ဖြင့် ရှာဖွေ နေခြင်း ဖြစ်သောကြောင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းတွင်ပြောခဲ့သော ကောင်း မွန်သော အစိုးရ၊ သန့်ရှင်းသော အုပ်ချုပ်ရေး ဆိုသည့် အတိုင်း မည်သည့် အခါမှ ဖြစ်လာမည် မ ဟုတ်ကြောင်းဒေသခံ များမှ ဝေဖန် ပြောဆိုလျက် ရှိသည်။ ထို့အပြင် မောင်တော မြို့နယ် အတွင်း ကျေး ရွာ၊ ရပ် ကွက် အုပ်ချုပ်ရေးမှူး များကို ဒီမိုကရေစီ နည်းလမ်း အတိုင်း ရွေးချယ် တင်မြှောက်မှ သာ လျှင် ဒေ သတွင်းရှိ ပြည်သူများ ငြိမ်းချမ်းစွာ နေနိုင်မည်ဟု ဆိုသည်။