မောင်တောမြို့ အနီးတွင် ရခိုင်ဓါးပြများ ဓါးပြတိုက်၊ ငွေသား သိန်း ၇၀ ကျော် လုယက်ခံရ
RB News
4.10.2013
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ အရှေ့ဘက် တစ်မိုင်ခန့် အကွာတွင် တည်ရှိသော ဧတာလျာ ကျေးရွာ အုပ်စု၊ ဇူလားရွာ ရှိ ရိုဟင်ဂျာ လူမျိုး အိမ်တစ်အိမ်ကို အောက်တိုဘာလ (၃) ရက်နေ့ ညက ရခိုင် ဓါးပြ များဝင်ရောက်၍ ဓါးပြ တိုက်ခဲ့ကြောင်း သတင်း ရရှိပါသည်။
အောက်တိုဘာလ (၃) ရက်နေ့ ညသန်းခေါင်ယံ ၁၂ နာရီ ခန့်အချိန်တွင် မောင်တော မြို့နယ် အရှေ့ဘက် တစ်မိုင်ခန့် အကွာရှိ ဧတာလျာ ကျေးရွာ အုပ်စု၊ ဇူလား ရွာသို့ ရခိုင် ဓါးပြ ၁၅ ဦးခန့် ရောက်ရှိ လာပြီး၊ ဦးကမာလ် ၏နေအိမ်ကို ဧည့်စာရင်း စစ်ရန်ဟု ဆိုကာ တံခါး ဖွင့်ခိုင်း ခဲ့သည်။ သို့သော်လည်း အိမ်ရှင် ဦးကမာလ်မှမဖွင့်ပေးသဖြင့် တံခါးကိုရိုက်ချိုး၍ အိမ်ထဲသို့ ၀င်ရောက်ပြီးနေအိမ်ရှိ ငွေကျပ် သိန်း ၇၀ ကျော်နှင့် ရွှေကိုးကျပ်သား ခန့် လုယက် သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြော ပါသည်။
လေးမိုင်ရှိ လုံထိန်း စခန်းမှာ ဓါးပြတိုက် ခံရသည့် အိမ်နှင့် တစ်မိုင်ခန့်သာ ဝေးကွာပြီး၊ အနောက်ဘက် တစ်မိုင် ခန့်အကွာ တွင်လည်း ဌာန ဆိုင်ရာ ရုံးများနှင့်၊ စစ်လက်နက် ကိုင်တပ်ဖွဲ့များ ရှိသည်။ ရခိုင် ဓါးပြများ ရွာမှ အထွက်တွင် သေနတ် ၄ ချက် ပစ်ဖောက် သွားသော်လည်း အနီးရှိ စစ်လက်နက် ကိုင်တပ်ဖွဲ့ များမှာ တုန်လှုပ်ခြင်း ပင်မရှိ ကြောင်း ဒေသခံ များမှ ပြောပါသည်။
မောင်တော မြို့နယ် အတွင်း ရခိုင်ရွာ များ၌ အိမ်တိုင်း လိုလိုတွင် တရားမ၀င် လက်နက်များ ကိုင်ဆောင် ထားသည်ကို နယ်မြေ အတွင်းရှိ လုံခြုံရေး တပ်ဖွဲ့ဝင် အများစုမှ သိရှိ သော်လည်း၊ မသိချင် ဟန်ဆောင်၍ နေလျက် ရှိပြီး၊ ဒေသတွင်းရှိ ရခိုင်ဆိုး များမှာ လက်နက် အားကိုးဖြင့် ဒေသခံ ရိုဟင်ဂျာ လူမျိုး များကို အနိုင်ကျင့်ခြင်း၊ ဓါးပြ တိုက်ခြင်း များမကြာခဏ ပြုလုပ် လျက်ရှိသည်။
တာဝန်သိ သူများမှ နယ်စပ်မှ လက်နက်များ တင်သွင်း လာသည်ကို ဖမ်းဆီး ပေးခဲ့သော်လည်း အာဏာပိုင် များက အဆိုပါ လက်နက် များမှာ စစ်တပ်ပိုင်ဟု ပြော၍ ဖမ်းဆီး ရမိသော လက်နက် များကို သိမ်းယူခြင်း၊ လက်နက် လက်ဝယ် ကိုင်ဆောင် ထားသူ များကို အရေး ယူခြင်းများ မပြုလုပ်ဘဲ လွှတ်ပေး ခဲ့ခြင်းများ လွန်ခဲ့သည့် လတွင် ရှိခဲ့ကြောင်း ဒေသခံ တစ်ဦးမှ ပြောပါသည်။