နောက်ဆုံးသတင်း/ဆောင်းပါးများ

သံတမန်များ မောင်တောမြို့သို့ သွားရောက်၍ ဒေသခံများနှင့် တွေ့ဆုံ

RB News
13.11.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်သို့ ပြည်ထောင်စု ၀န်ကြီးများ၊ ပြည်နယ် ၀န်ကြီး များနှင့် သံတမန်များ နိုဝင်ဘာလ (၁၂) ရက်နေ့က သွားရောက်၍ ဒေသခံ များနှင့် တွေ့ဆုံ ခဲ့ကြောင်း သ တင်း ရရှိ ပါသည်။ 

လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ၊ နယ် စပ် ဒေသ ရေး ရာ ၀န်ကြီး ဌာန ပြည်ထောင် စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ရခိုင် ပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန် လင်း၊မြန်မာ နိုင် ငံဆိုင်ရာ အမေရိကန်၊ ဗြိတိန်၊ ဆွဇ် ဇာလန်နှင့် သြစတြေးလျ သံ အမတ် ကြီး များ ပါဝင်သော အဖွဲ့သည် နိုဝင်ဘာလ (၁၂) ရက်နေ့က မောင်တော မြို့သို့ ရဟတ်ယာဉ် များ ဖြင့် ရောက် ရှိ ခဲ့ပြီး၊ ဒေသခံ ရိုဟင်ဂျာ လူမျိုး၊ ရခိုင် လူ မျိုး အသိုင်း အ၀ိုင်း နှစ်ခုမှ ကိုယ်စားလှယ် ၁၆ ဦးစီ တို့ကို ခရိုင် အုပ်ချုပ်ရေးမှူး ရုံးတွင် ခေါ်ယူ တွေ့ဆုံ ခဲ့သည်။ 

တွေ့ဆုံပွဲတွင် ရခိုင် ကိုယ်စားလှယ် တစ်ဦး ဖြစ်သူ ကုန်သည်ကြီး များအသင်း ဥက္ကဌ ဦးအောင်မြင့်သိန်းက သားဆက်ခြား ရေးကိစ္စကို တင်ပြခဲ့ပြီး၊ ရှေ့နေ ဦးအောင်ကျော်ညွန့်က နယ်စပ်ဂိတ်ကို လုံခြုံစွာ ထားရေး ကိစ္စတင်ပြခဲ့သည်။ ဦးလှမြင့်က Malteser အန်ဂျီအိုကို သီးခြား နေရာထားတွင် ဆောက်လုပ် ပေးပြီး မိ သားစု များကို ဆေးကုရန်နှင့် ရိက္ခာ ထုတ်ပေး နေသည်ကို ပိတ်ပင်ရန် တင်ပြ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ရိုဟင်ဂျာ ကိုယ်စားလှယ် တစ်ဦး ဖြစ်သူ မောင်တော မြို့နယ် မြို့မ ကညင်တန်း ကျေးရွာမှ ဦးအဒူ ဂျ လိလ်က ၎င်းသည် မိဘဘိုးဘွား စဉ်ဆက် ဤနေရာတွင် နေထိုင် မွေးဖွား လာသူ တစ်ဦး ဖြစ်ပြီး၊ မိသားစု များမှာ အစိုးရ ၀န်ထမ်း အဖြစ် လုပ်ကိုင် ခဲ့သူ များဖြစ်ကြောင်း၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ ပေါ်ပေါက် လာသည့် အချိန်မှ စ၍ ခွဲခြား ဆက်ဆံ လာမှု များကို ခံရကြောင်း၊ တက္က သိုလ် ကျောင်း သား/သူ များဆက်လက် ပညာ သင်ကြား ခွင့်များ ဆုံးရှုံးလျက် ရှိကြောင်း၊ ဒေသ ဆိုင်ရာ အာ ဏာပိုင် များဖြစ်သော ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး များကိုယ်တိုင်က ဘင်္ဂလီ ကုလား များဟု ခေါ်၍ ကြမ်းတမ်းစွာ ဆက်ဆံ လျက်ရှိကြောင်း တင်ပြ ခဲ့သည်။ 

ရိုဟင်ဂျာ ကိုယ်စားလှယ် နောက်တစ်ဦး ဖြစ်သူ မောင်တော မြို့နယ် လေးမိုင် ရပ်ကွက်မှ ဦးဟူဆောင် အ ဟမတ်က မိမိသည် အငြိမ်းစား တပ်မတော်သား တစ်ဦး ဖြစ်ပြီး ၁၉၄၇ ခုနှစ်တွင် ဤဒေသ၌ မွေးဖွား ခဲ့သူ ဖြစ်ကြောင်း၊ မိမိ၏ ဘိုးဘွား ဘီဘင် ဤဒေသတွင် နေထိုင် လာသည်မှာ နှစ်ပေါင်း ၃၀၀ ကျော် ရှိပြီ ဖြစ်ကြောင်း၊ ၁၉၆၇ ခုနှစ်တွင် တပ်မတော်သို့ ၀င်ရောက်၍ နှစ်ပေါင်း ၃၀ တိတိ အမှုထမ်း ခဲ့ကြောင်း၊ ၁၉၅၅ ခုနှစ်မှ စ၍ အစိမ်းရောင် အမျိုးသား မှတ်ပုံတင် ကဒ်ပြား ကိုင်ဆောင် ခဲ့ကြောင်း၊ သို့သော် ယခု အခါ ယာယီ ကဒ်ပြား ကိုင်ဆောင် ခိုင်းခြင်း ခံထားရပြီး၊ ခရီးသွားလာ ရာတွင်လည်း ပုံစံ ၄ ဖြင့် သွား လာ နေ ရကြောင်း၊ စစ်အစိုးရ လက်ထက်တွင် စစ်တွေ မြို့သို့ သွားရောက်၍ တိုင်းမှူးနှင့် တွေ့ဆုံ၍ ရန်ကုန်မြို့သို့ ခရီးသွားခွင့် လက်မှတ် ယူ၍ ခရီးသွား ခဲ့ပြီး၊ ထိုမှ တဆင့် ဆော်ဒီ အာရေဗျာ နိုင်ငံသို့ တရား ၀င် နိုင်ငံကူး လက်မှတ်ဖြင့် သွားရောက်၍ ဟဂ်ျ ပြုလုပ်ရန် သွားရောက် ခဲ့ကြောင်း၊ အပြန်တွင် လ၀က များ၏ ဖမ်း ဆီးခြင်းကို ခံရပြီး၊ နောက်ပိုင်းတွင် တိုင်းမှူးမှ ပေးထားသည့် ခရီးသွားခွင့် လက်မှတ်ကြောင့် ပြန်လည် လွှတ်ပေး ခဲ့ကြောင်း၊ မောင်တော မြို့နယ်တွင် ဘာသာရေး ဗလီများ၊ ကျောင်းများ ပိတ်ထားသည်မှာ လွန်ခဲ့သည့်နှစ် ဇွန်လမှ စတင်၍ ယခုထိ ဖြစ်ကြောင်း၊ ဘာသာရေး ဖိနှိပ်မှု သာမကဘဲ အခြားသော ဖိနှိပ်မှု မျိုးစုံ ခံနေရကြောင်း အကျယ်အ၀န့် တင်ပြ ခဲ့ကြောင်း သိရှိ ရပါသည်။


Comment ရေးရန်

Rohingya Exodus