နောက်ဆုံးသတင်း/ဆောင်းပါးများ

နိုင်ငံသား၊ နိုင်ငံမဲ့ နှင့် ရိုဟင်ဂျာ (အပိုင်း-၃)



ဦးဦးမှော်ဆရာ
13.11.2013

ကျနော့် ဆောင်းပါး အပိုင်း (၁) နဲ့ (၂)မှာ နိုင်ငံမဲ့ (stateless) နှစ်မျိုး အကြောင်းကို ရိုဟင်ဂျာ တွေရဲ့ အခြေ အနေနဲ့ယှဉ်ပြီး ဖေါ်ပြခဲ့ ပြီးပါပြီ။ ဒီဆောင်းပါး မှာတော့ နိုင်ငံမဲ့ ဖြစ်စေသောအကြောင်းရင်းတချို့ကိုဖေါ် ပြပြီး အဲဒီထဲကဘယ် အချက်တွေကြောင့် မြန်မာနိင်ငံမှ ရိုဟင်ဂျာတွေ နိုင်ငံမဲ့ ဖြစ်နေတာလဲ ဆိုတာကိုလေ့ လာ မှာ ဖြစ်ပါတယ်။

မကြာသေးမီက ပြုလုပ်သည့်ခန့်မှန်းချက်များ အရ ကမ္ဘာ အရပ်ရပ်တွင် လူပေါင်း ဆယ့်တစ် သန်းလောက် ဟာနိုင်ငံမဲ့ ဘ၀ရောက်နေ ကြရ ပါတယ်။ အဲဒီထဲမှာ နိုင်ငံမဲ့ကလေး ငယ် အရေအတွက် ဟာ ခန့် မှန်းခြေခြောက် သန်းခန့်ရှိနေကြောင်း သိရပါတယ်။ သူတို့ ဟာပညာ သင်ကြားခွင့်၊အစိုးရဆေးရုံ များ တွင် ဆေး ၀ါး ကုသခွင့် စတဲ့အခြေခံအခွင့်အရေးများပင် ဆုံးရှုံးနေရပါတယ်။ လူတိုင်းဟာ လူသားတွေကပဲ သတ် မှတ်ထားတဲ့ နယ် နိ မိတ်စည်း များရဲ့ တဘက်ဘက်က မြေကြီး ပေါ်မှာ မွေးဖွား ခဲ့ကြ တာသေ ချာ ပါ တယ်။ ဒါပေမဲ့ တချို့လူ များကိုသူတို့မွေးဖွားရာနိုင်ငံတွေကနိုင်ငံသား အဖြစ် လက်မခံတဲ့အခါ သူတို့ ရဲ့ မွေး ဖွား လာခြင်းကပဲ ပြစ်မှု ကျူးလွန်ရာရောက်နေပြီး၊ တရားမ၀င်ကျူးကျော် သူများအဖြစ်မွေး ကတည်း က ဥ ပဒေချိုးဖေါက် သူ တွေဘ ၀ ရောက်သွားစေ ပါတယ်။

နိုင်ငံမဲ့ ဖြစ်မှု ဖြစ်ပေါ် စေသော အကြောင်းရင်းများ

လူတစ်ယောက် နိုင်ငံမဲ့ ဖြစ်သွား စေနိုင်တဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ တချို့ကို ဖေါ်ပြ ရရင် (၁) နိုင်ငံ နယ်နိမိတ် စည်း ပြင်ဆင် ရေးဆွဲမှု၊ (၂) ပိုင်နက် နယ်ပယ် လွဲပြောင်း ပေးမှု၊ (၃) နိုင်ငံသား အဖြစ်မှ စွန့်လွတ်မှု၊ (၄) လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေများ၊ (၅) ဥပဒေ အချင်းချင်း ပဋိပ က္ခ ဖြစ်မှု၊ (၆) နိုင်ငံသား ဖြစ်မှုမှ ရုတ်သိမ်း ခံရခြင်း (အစိုးရ ကော်မတီမှ ရုတ်သိမ်းခြင်း) စတဲ့ အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံမဲ့ ဘ၀ ရောက်နေကြ ရသည်။ 

ရိုဟင်ဂျာတွေ နိုင်ငံမဲ့ ဖြစ်နေတာ ဘယ်အချက်နဲ့ ဆိုင်မလဲ ဆိုတာ ဆက်စဉ်းစား ကြည့်ပါမယ်။ အထက်ပါ အကြောင်းရင်း တွေထဲက အမှတ်စဉ် ( ၁၊ ၂၊ ၃၊ ၄ ) တွေကြောင့် မဖြစ်နိုင်ပါ။ (နေရာ အခက် အခဲကြောင့် အကျယ် မရှင်း တော့ပြီ)။ အမှတ်စဉ် (၅) ဖြစ်တဲ့ ဥပဒေ အချင်းချင်း ပဋိပက္ခ ဖြစ်မှု ဆိုတဲ့ အ ချက်ကြောင့် လား ဆိုတာ စဉ်းစား စရာ ရှိပါတယ်။ ဒီအချက်နဲ့ ဆိုင်/မဆိုင် စဉ်းစား ရန်မှာ နှစ်နိုင်ငံ လုံးရဲ့ နိုင်ငံသား ဖြစ်မှု ဥပဒေ တွေကို သိရန် လိုအပ်တဲ့ အတွက် ကျနော် အကျဉ်းချုပ် ဖေါ်ပြ ပါမယ်။ 

နိုင်ငံတွေရဲ့ နိုင်ငံသား ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်တဲ့ အခါမျိုးမှာလူတစ်ယောက်ဟာဘယ် လိုကြောင့် နိုင် ငံမဲ့ ဖြစ်သွား စေတာလဲ ဆိုတဲ့ အကြောင်းကို အရင် ရှင်းပြ ပါမယ်။ ဥပမာ- နိုင်ငံ `အေ´တွင် မျိုးရိုး စဉ် ဆက် (jus sanguinis) အရ နိုင် ငံသား ဖြစ်မဖြစ် ဆုံးဖြတ်ပြီး၊ နိုင်ငံ `ဘီ´တွင် မွေး ဖွား ရာ ဒေသ (jus soli) အရ ဆုံးဖြတ်တယ် ဆိုပါစို့ဗျာ။ နိုင်ငံ`ဘီ´က နိုင်ငံ သား မိဘမှ ကလေးငယ် တစ်ဦး ကို နိုင် ငံ`အေ´ တွင် မွေး ဖွား တဲ့ အခါ အဲဒီ ကလေး အလိုလို နေရင်း နိုင်ငံမဲ့ ဖြစ်သွား ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံ`အေ´ ရဲ့ နိုင်ငံသား ဥပဒေ အရ ကိုယ့်နိုင်ငံသား မျိုးဆက်မှ မ ဟုတ်တဲ့ ကလေး ကို နိုင်ငံသား အဖြစ် အသိ အမှတ် ပြုမှာ မဟုတ် သလို၊ နိုင်ငံ`ဘီ´ကလည်း သူ့နိုင် ငံ ပြင် ပ တွင် မွေးဖွား သူကို နိုင်ငံသား အဖြစ် လက်ခံမည် မဟုတ်ပါ။ ဒီအခြေ အနေ မျိုးဟာ နှစ်နိုင်ငံ လုံးရဲ့ ဥပဒေ အားနည်း ချက် ကြောင့် လို့ ပြောလို့ ရပါတယ်။

ဒီအချက် ကိုသေချာ သဘောပေါက်ရင် ရိုဟင်ဂျာများနှင့် ပက်သက်ပြီး နိုစ်နိုင်ငံရဲ့ နိုင်ငံ သားဥ ပဒေ တွေ ကြောင့် နိုင် ငံမဲ့ ဖြစ်ရတာလား ဆိုတာ ဆက်လက် လေ့လာကြည့် ပါဦးမယ်။

မြန်မာ နိုင်ငံသား ဥပဒေ နှင့် ပက်သက်တဲ့ အချက် အလက် (အနှစ်ချုပ်)

၂၀၁၂ ခုနှစ် ဒီ ဇင် ဘာလ ၈ ရက်နေ့ တွင်ပြု လုပ်တဲ့ သ  တင်း စာ ရှင်းလင်းပွဲမှာ လ၀က ၀န်ကြီး ဦးခင်ရီက “မြန်မာ နိုင်ငံသည် နိုင်ငံ သားဖြစ် မှု ကိုသွေးနှင့် ဆုံးဖြတ်သော နိုင်ငံဖြစ်တယ်” လို့ပြောသွား ခဲ့ပါ တယ်။ ကောင်း ပါပြီ။ သွေးကို ကြည့်ပြီး ဆုံးဖြတ်တဲ့ ဥပဒေ ဆိုတာ ကမ္ဘာပေါ်မှာ မရှိ လို့လား ဆိုတော့ မ ဟုတ် ပါဘူး။ ရှိ ပါတယ်။ (jus sanguinis) လို့ဆို တဲ့ သွေးအရ နိုင်ငံ သားဖြစ်၊ မဖြစ် ဆုံးဖြတ်တယ် ဆိုတာ ဘယ်သွေးကို ဆိုလို ပါသလဲ။ နိုင်ငံ တကာမှာ ကျင့်သုံး တာက နိုင်ငံသား တစ်ဦးရဲ့ `မျိုး ဆက်သွေး ´ကို ဆိုလို ပါ တယ်။ ရှင်းရှင်း ပြောရရင် မိဘက နိုင်ငံသား ဖြစ်နေရင် အဲဒီနိုင်ငံမှာ မွေးဖွားတဲ့ သူ တို့ရဲ့ ကလေး လည်း နိုင်ငံသား ဖြစ်ခွင့် ရပါတယ်။ ဒီလိုမျိုး တိကျ ရှင်းလင်းစွာ သတ်မှတ် ထားတဲ့ `နိုင်ငံ သားသွေး´ ကို ဆိုလို ပါတယ်။ သို့သော် မြန်မာပြည်မှာ ကတော့ အဓိပ္ပါယ် တိတိ ကျကျ ဖေါ်ပြ ထားခြင်း မရှိတဲ့ တိုင်း ရင်း သားသွေး ၊ ဗုဒ္ဓဘာသာ ၀င်သွေး .. စသဖြင့် ကိုယ်လိုချင်တာ လက်ခံ၊ မလိုချင်တာ ပစ်တဲ့ လိုရာ ဆွဲ ကျင့် သုံးမှုမျိုး တခြား ဘယ်နိုင်ငံ မှာမှ မရှိပါ။ နောက်ပြီး ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသား ဥပဒေ အလို အရ လူ တစ် စုရဲ့ ဆန္ဒနဲ့ သတ်မှတ်တဲ့ လူမျိုးစု တွေထဲမှာ ကိုယ်ပါကြောင်း ပြနိုင်မှ နိုင်ငံသား ဖြစ်ခွင့် ရှိ မှာ ဖြစ် သလို ၊ အဲဒီထဲက လူမျိုးစု (၈) စုက လွဲရင် ဘယ်သူ မဆို အချိန် မရွေး နိုင်ငံ မဲ့ပြန် ဖြစ် သွား နိုင် တဲ့ အန္တ ရာယ် ရှိ ပါ တယ်။ (အကျယ် ဖတ်လိုပါက ၈၂ ဥပဒေနဲ့ ပက်သက်တဲ့ ကျနော့် ဆောင်း ပါး တစ်ချို့ မှာ ဖတ် ကြည့် နိုင် ပါတယ်)

ဘင်္ဂလား ဒေ့ရှ် နိုင်ငံသား ဥပဒေနှင့် ပက်သက်တဲ့ အချက်အလက် (အနှစ်ချုပ်)

(၁) လူတစ်ယောက်ရဲ့ အဖေ (သို့) အဘိုး သည် ၁၉၇၁ ခုနှစ် မတ်လ ၂၅ ရက်နေ့ မတိုင်မီ ယခု ဘင်္ဂ လား ဒေ့ရှ် နိုင်ငံ နယ်နိမိတ် အတွင်း မွေးဖွား ခဲ့ပြီး အစဉ် တစိုက် နေထိုင် လာခဲ့သူ ဖြစ်လျှင် ၄င်းလည်း ဘင်္ဂလား ဒေ့ရှ် နိုင်ငံတွင် ဆက်လက် နေထိုင်ရန် ဆုံးဖြတ် ပါက နိုင်ငံသား အဖြစ် ခွင့်ပြုသည်။ (ဆိုလိုတာ က မိမိ၏ အဖေ/အဘိုး တစ်ယောက် ယောက်က ၁၉၇၁ ခုနှစ် မတ်လ ၂၅ ရက်နေ့မှာ ယခု ဘင်္ဂလား ဒေ့ ရှ် နိုင်ငံ နယ်နိမိတ် အတွင်း အမြဲတမ်း နေထိုင်သူ နိုင်ငံသား ဖြစ်ခဲ့လျှင် မိမိလည်း နိုင်ငံသား အဖြစ် ရရှိ မယ်။)

(၂) ၁၉၇၁ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ယခု ဘင်္ဂလား ဒေ့ရှ် နိုင်ငံ နယ်နိမိတ် အတွင်း နေထိုင်သော သူများ ၄င်းနိုင်ငံ တွင်ပင် ဆက်လက် နေထိုင်ရန် ဆုံးဖြတ် ပါက နိုင်ငံသား အဖြစ် ခွင့်ပြုသည်။

(၃) နောက်ပြီး အနောက် ပါကစ္စတန် ဒေသတွင် နေထိုင်သူ ဘင်္ဂါလီ လူမျိုး များဟာ ၁၉၇၁ ခုနှစ် ပါကစ္စ တန်- ဘင်္ဂလား ဒေ့ရှ် ခွဲထွက်ရေး စစ်ပွဲ အတွင်း အတား အဆီး များကြောင့် ဘင်္ဂလား ဒေ့ရှ် နိုင်ငံကို လာရောက် အခြေချ နေထိုင် နိုင်ခဲ့ခြင်း မရှိသောကြောင့် ယခု ဘင်္ဂလား ဒေ့ရှ်နိုင်ငံ နိုင်ငံ အတွင်း အမြဲ တမ်း နေထိုင်ရန် ၀င်ရောက် လာပါက နိုင်ငံသား အဖြစ် ခွင့်ပြုသည်။

(၄) သွေးနဲ့ ဆုံးဖြတ်တဲ့ ဥပဒေ အရ - ဘင်္ဂလား ဒေ့ရှ် နိုင်ငံသူ တယောက်က နိုင်ငံ ပြင်ပမှာ ကလေး မွေးခဲ့ ရင် တောင် အဲဒီ ကလေးကို နိုင်ငံသား အဖြစ် အသိ အမှတ် ပြုတယ်။ မွေးဖွားရာ နေရာ (သို့) တရား ၀င် မွေးဖွားခြင်း ရှိ/မရှိကို ထည့်မစဉ်းစား ပါဘူး။ အဲဒီလောက်ထိ ရှင်းပါတယ်။

(၅) မွေးဖွားရာ ဒေသပေါ် မူတည် ဆုံးဖြတ်တဲ့ ဥပဒေ အရ - ဘင်္ဂလား ဒေ့ရှ် နိုင်ငံ ပိုင်နက် အတွင်း မွေး ဖွားသူ ကလေး တစ်ဦးသည် ဘင်္ဂလား ဒေ့ရှ် လူမျိုး (တိုင်းရင်းသား စာရင်းဝင် လူမျိုး) မှ မွေးဖွား သည်လို့ ယူဆ ရရင် နိုင်ငံသား အဖြစ် အသိ အမှတ် ပြုသည်။ ၂၀၀၈ ခုနှစ် မှာတော့ ဒီဥပဒေကို အူရဒူ ဘာသာ စ ကားပြော လူမျိုးများ အတွက်ပါ အကျုံးဝင် စေခဲ့တယ်။

ဒါကတော့ ဘင်္ဂလား ဒေ့ရှ် နိုင်ငံသား ဥပဒေနဲ့ ပက်သက်ပြီး အနှစ်ချုပ် ဖေါ်ပြ ခဲ့တာပါ။ 

ဒီလို နှစ်နိုင်ငံလုံးရဲ့ နိုင်ငံသား ဥပဒေ တွေကို လေ့လာကြည့်တဲ့ အခါ ဒီရိုဟင်ဂျာတွေ နိုင်ငံမဲ့ ဖြစ်ရခြင်း အကြောင်းရင်းက နှစ်နိုင်ငံ ဥပဒေတွေ ပဋိပက္ခ ဖြစ်လို့ ပါလို့ လုံးဝ (လုံးဝ) ပြောလို့ မရပါ။ ဒီလို ပြောခြင်း အားဖြင့် ဒီပြဿနာဟာ မြန်မာ တစ်နိုင်ငံ ထဲနဲ့ မဆိုင်ဘဲ နှစ်နိုင်ငံ ဥပဒေ တွေရဲ့ အားနည်း ချက် ကြောင့် ပါလို့ ဆိုလိုရာ ရောက်ပါတယ်။ အမှန်က ဒါ့အပြင် ဘင်္ဂလား ဒေ့ရှ် ဘက်ရှိ ဒုက္ခသည် စ ခန်း တွေမှာ ရှိနေတဲ့ ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေး ၀င်ရောက် မှုဟာ ၁၉၇၈ ခုနှစ် နဂါးမင်း စစ်ဆင်ရေးက စပါတယ်။ ဒါကြောင့် သူတို့ ကနေ မွေးလာတဲ့ ကလေး တွေကို ဘင်္ဂ လား ဒေ့ရှ် နိုင်ငံသား ဘာလို့ မပေးလဲ ဆိုတဲ့ အဖြေကို စဉ်းစားလို့ ရမယ် ထင်ပါတယ်။ ဘင်္ဂ လား ဒေ့ရှ် နိုင်ငံမှာ ရှင်းလင်း တိကျတဲ့ နိုင်ငံသား ဥပဒေ ရှိနေတဲ့ အပြင်၊ နိုင်ငံသား ဖြစ်မှုကို ဆုံးဖြတ်တဲ့ ကာလ အပိုင်း အခြား သတ် မှတ်မှု ဟာလည်း နှစ်လေးဆယ် ကျော်သာ ရှိသေးပါတယ်။ မြန်မာ နိုင်ငံ မှာတော့ နှစ်ပေါင်း ၁၉၀ လောက် ခွာပြီး သတ်မှတ် ထားတဲ့ အပြင် ထိုကာလ ကတည်းက ရှိခဲ့တဲ့ အထောက် အထားတွေ ပြနိုင် လျှင် တောင်မှ လူတစ်စုရဲ့ ဆန္ဒ နဲ့ အဆုံး အဖြတ် ပေါ်မှာပဲ မူတည် နေပါတယ်။ ဘယ်နိုင်ငံရဲ့ နိုင်ငံသား ဥ ပဒေ ချွတ်ယွင်း မှုကြောင့်လဲ ဆိုတာ ရှင်းရှင်း လင်းလင်း သိရပြီလို့ ယူဆ ပါတယ်။ 

ဒါဆို နောက်အကြောင်းရင်း တချက် ဖြစ်တဲ့ အမှတ်စဉ် (၆) နိုင်ငံသား ဖြစ်မှုမှ ရုတ်သိမ်း ခံရခြင်း (သို့) အ ဆင် အခြင် ကင်းမဲ့စွာ နိုင်ငံသား အဖြစ် မပေးဘဲ ထားခြင်း ကြောင့်လား ဆိုတာကို `နိုင်ငံ သား၊ နိုင် ငံမဲ့ နှင့် ရိုဟင်ဂျာ အပိုင်း (၄)´ ဆက်လေ့လာ ကြည့်ပါမယ်။

Comment ရေးရန်

Rohingya Exodus