နောက်ဆုံးသတင်း/ဆောင်းပါးများ

လူကုန်ကူးမှုတွင် ပါဝင်သည်ဟု စွပ်စွဲ၍ ဖမ်းဆီး ငွေညှစ်နေ

RB News
8.11.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့မှ ဒုရဲအုပ် စံမြင့်သည် ဒေသခံ ရိုဟင်ဂျာ များကို လူကုန်ကူးမှု များတွင် ပါဝင် ပတ်သက် နေသည်ဟု စွပ်စွဲ၍ ဖမ်း ဆီးပြီး ငွေညှစ်လျက် ရှိသည့် အပြင် ကိုယ်ထိ လက်ရောက် စော်ကားမှု များပါ ပြုလုပ် လျက်ရှိကြောင်း သ တင်း ရရှိ ပါသည်။ 

ဒုရဲအုပ် စံမြင့်သည် ယခင်က ကြိမ်ချောင်း ရဲစခန်းတွင် နယ်ထိန်း ခေါင်းဆောင် တာဝန် ထမ်းဆောင် ခဲ့ရာ တွင် လည်း ဒေသခံ များကို ညှဉ်း ပန်း နှိပ်စက် ငွေ ညှစ် ခြင်းကြောင့် နာမည် ဆိုးဖြင့် ကျော်ကြား ခဲ့သူ တစ် ဦး ဖြစ်သည်။ ယခု အခါ မောင်တော မြို့နယ်၊ တောင်ပိုင်းနှင့် မြောက်ပိုင်း များရှိ ဒေသခံ ရိုဟင်ဂျာ များ ကို လူ ကုန်ကူးမှု တွင် ပါဝင် ပတ်သက် နေသည်ဟု စွပ်စွဲ၍ နေ့စဉ် ၅ ဦးမှ ၁၀ ဦး အထိ ဖမ်းဆီး ၍ ငွေ ကျပ် ၁၀ သိန်းမှ သိန်း ၃၀ အထိ ညှစ်ယူ လျက်ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြော ပါ သည်။ 

နိုဝင်ဘာလ (၃) ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း ငါးစားကြူး ကျေးရွာမှ မော်လ၀ီ အီဆုပ်ကို ဒုရဲအုပ် စံမြင့်က ၎င်း၏ တပည့် နှစ်ဦး ဖြစ်သူ ငါးစား ကြူး ကျေးရွာ ဥက္ကဌဟောင်း ဦးနူရူအာမီးန်နှင့် ဦးဟိုက် ဆာ အဟမတ် တို့မှ တဆင့် ခေါ်ယူ၍ ဖမ်းဆီး ချုပ်နှောင် ခဲ့သည်။ မော်လ၀ီ အီဆုပ်အား လူကုန်ကူးမှု တွင် ပါဝင် ပတ်သက် နေသည်ဟု စွပ်စွဲပြီး ကိုယ်ထိ လက်ရောက် ရိုက်နှက်မှု များပြုလုပ် ခဲ့ကြောင်း သိရှိ ရ သည်။ ငါးစားကြူး ကျေးရွာ အုပ်ချုပ်ရေးမှူး ကိုယ်တိုင်က မော်လ၀ီ အီဆုပ်သည် ထိုကဲ့သို့ ဥပဒေနှင့် ဆန့် ကျင်သည့်အလုပ်များကိုလုပ်သူမဟုတ်ကြောင်း၊အကျင့်စာရိတ္တ ကောင်းမွန်သူ တစ် ဦး ဖြစ်ကြောင်း ပြောဆို ခဲ့သော်လည်း ဒုရဲအုပ် စံမြင့်က လက်ခံခြင်း မရှိဘဲ၊ နောက်ဆုံးတွင် ငွေကျပ် ၁၅ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း သိရှိ ရပါသည်။ 

မောင်တော မြို့နယ်တွင် လူကုန်ကူးမှု လုပ်ငန်းကို အာဏာပိုင် များကိုယ်တိုင် ဦးစီး လုပ်ကိုင်လျက် ရှိ ပြီး၊ နိုင်ငံတကာ ဖိအား ပေးခြင်း ခံရသော အခါ၊ အပြစ်မဲ့ ဒေသခံ ပြည်သူ များကို ဖမ်းဆီး၍ တရားခံ စာ ရင်း တပ်ပြ လျက်ရှိသည့် အပြင် ငွေညှစ်ခြင်း၊ ရိုက်နှက် နှိပ်စက်ခြင်း များ နေ့စဉ် အဆက် မပြတ် ပြုလုပ် လျက်ရှိကြောင်း ဒေသခံ များမှ ပြောပါသည်။


Comment ရေးရန်

Rohingya Exodus