March 30, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ကြိမ်ချောင်းဈေးသို့ သွားသည့် ဆိုင်ကယ် တက္ကစီ များမှ ဆက်ကြေး ကောက်လျက်ရှိ

RB News
19.12.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ကြိမ်ချောင်း ဈေးသို့ သွားသည့် ဆိုင်ကယ် တက္ကစီ များထံမှ အာဏာပိုင် အဖွဲ့ အစည်း များက အတင်း အဓမ္မ ဆက်ကြေး သဖွယ် ကောက်ခံ လျက်ရှိကြောင်း သတင်း ရရှိ ပါသည်။ 

ကြိမ်ချောင်း ဈေးသို့ တောင်ပြို လက်ဝဲ မြို့နယ်ခွဲ၊ တမန်းသား၊ ခမောင်းဆိပ်နှင့် အခြားသော ရွာများမှ ဆိုင် ကယ် တက္ကစီများ သွားလာ လျက်ရှိသည်။ 

တောင်ပြိုလက်ဝဲမြို့နယ်ခွဲမှ ဆိုင်ကယ်တက္ကစီများ လာရာတွင် ပြူးမချောင်း တံတား ရဲကင်းနှင့် ကြိမ်ချောင်း အမှတ် (၂၄) လုံထိန်း ရဲစခန်း များ၏ ရှေ့မှ ကျော်ဖြတ် ရပြီး၊ အဆိုပါ စခန်းများ ရှေ့တွင် ရပ်၍ ၎င်းတို့ သတ်မှတ် ထားသည့် အတိုင်း ဆက်ကြေး ပေးသွင်း ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြော သည်။ 

ဆိုင်ကယ် တက္ကစီ တစ်စီး အသွား/အပြန် တစ်ကြိမ်လျှင် ပြူးမ တံတား ရဲကင်းသို့ ၁၀၀၀ ကျပ်၊ ကြိမ်ချောင်း အမှတ် (၂၄) လုံထိန်း ရဲစခန်းသို့ ၁၀၀၀ ကျပ်၊ ကြိမ်ချောင်း ရဲစခန်းသို့ ၅၀၀ ကျပ်နှင့် ကြိမ်ချောင်း သတင်း တပ်ဖွဲ့သို့ ၅၀၀ ကျပ် ပေးသွင်း ရသည်။ တစ်ရက် ထဲတွင် အသွား အပြန် အခေါက် တိုင်းတွင် ပေးသွင်း ရကြောင်း သိရှိ ရပါသည်။ ထိုကဲ့သို့ ဆက်ကြေး ပေးနေ ရသဖြင့် ဆိုင်ကယ် တက္ကစီ သမား များမှ အလုပ် မဖြစ်တော့ဘဲ အရှုံးဖြင့်သာ နေ့စဉ် ရင်ဆိုင် နေရသဖြင့် စားဝတ် နေရေး ခက်ခဲ လာကြောင်း ဒေသခံ များ က ဆိုသည်။ အလားတူ ထော်လာဂျီ များထံမှလည်း အထက်ပါ အတိုင်း ကောက်ခံ လျက်ရှိကြောင်း သိရှိ ရပါသည်။


Comment ရေးရန်

Pages 22123456 »
Rohingya Exodus