March 24, 2025
 Ro

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မြန်မာ မွတ်စလင် ဒုက္ခသည် အမျိုးသမီး တွေရဲ့ မျှော်လင့်ချက် တွေခန်းခြောက် ကုန်ပြီ

(ဓါတ်ပုံ - UN / David Ohana)

O'Laie Manzu
RB News
19.12.2013

ရန်ကုန်မြို့မှာ ကျင်းပ ပြုလုပ်တဲ့ ညီလာခံ တစ်ရပ်ကို မြန်မာ နိုင်ငံ အနှံ့က အမျိုး သမီးတွေ တက်ရောက် ကြ ပြီး မြန်မာ့ နိုင်ငံရေး အသွင် ကူးပြောင်း ရာမှာ ပါဝင် ကြတဲ့ သူတို့ရဲ့ အခန်း ကဏ္ဍတွေ၊ ပိုမို ကောင်း မွန် တဲ့ အနာဂါတ် ဆီကို သူတို့ တွေးမြင် ပုံဖော် ကြတာ တွေကို စိတ်ဓါတ် ခိုင်မာစွာနဲ့ ပြောဆို ခဲ့ကြ ပါ တယ်။

အဲဒီညီလာခံ ကျင်းပ တဲ့နေရာနဲ့ မိုင်အနည်း ငယ်ဝေးတဲ့ ရခိုင် ပြည်မှာ လူမျိုးရေး ဘာသာရေး အကြမ်း ဖက် မှုတွေကြောင့်ကျေးရွာတွေကို စွန့်ပြီး ဒုက္ခသည် စခန်းမှာ ခိုလုံနေ ကြတဲ့ အမျိုးသမီးတွေ အဖို့ ကတော့ သေ ချာ ရေရာမှု မရှိတဲ့ အနာဂါတ် အတွက်၊ သူတို့ရဲ့ အသက် အန္တရာယ် အတွက် စိုးရိမ် နေကြ ရပါတယ်။ သူတို့ရဲ့အခြေ အနေဟာ အလွန်အမင်းခက် ထန်လွန်းလို့ ယူအန် အရာရှိ တွေကတော့ ကတောင် “လိုဏ်ဂူ ကြီးရဲ့ အဆုံးမှာ အလင်းရောင် လေးမတွေ့ ရရုံ တင်မကဘူး၊ လိုဏ်ဂူ တောင်မှ မရှိ တော့ဘူး။” လို့ ပြော ဆို နေပါတယ်။

အမျိုးသမီး ခြောက်ဦးနဲ့ အမျိုးသား တစ်ဦးပါတဲ့ ကျမတို့ လူတစ်စု ကတော့ ကမ္ဘောဒီးယား တက္ကသိုလ်နဲ့ USAID က စီစဉ် ပေးတဲ့ နှစ်ရက်တာ ညီလာခံ တစ်ရပ်ကို တက်ဖို့နဲ့ ရခိုင် ပြည်နယ်က အမျိုးသ မီး တွေဆီ ကို သွားရောက် လည်ပတ်ဖို့သွားရောက်ခဲ့ကြတာပါ။ ကျမတို့ တွေကတော့ ဒီမိုကရေစီ အသွင် ကူးပြောင်းမှု အတွင်းမှာ အမျိုးသမီး တွေရဲ့ ပါဝင် ပါတ်သက် မှုကို စမ်းစစ် လေ့လာဖို့ အတွက် ရောက်ရှိ ခဲ့တဲ့ Women’s Refugee Commission ကကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ ဒီခရီးစဉ်လေးဟာကွဲပြားခြားနားနေ မှု တွေကို အထင်း သားကြီး တွေ့စေ နိုင်တဲ့ ခရီးစဉ် လေးတစ်ခု ပါဘဲ။ 

မြန်မာနိုင်ငံအတွင်းမှာ လက်ရှိတိုက်ပွဲဖြစ်နေ တာတွေ ရှိသလို နှစ်ပေါင်း ခြောက်ဆယ် လောက် ပြည် တွင်း စစ်ဖြစ် နေတဲ့ နိုင်ငံလည်း ဖြစ်တဲ့ အတွက်မြန်မာ နိုင်ငံမှာ ရှိတဲ့အမျိုး သမီး တွေရဲ့ လုံခြုံရေး၊ ကျန်း မာရေး၊ ငြိမ်းချမ်းမှု တည်ဆောက် ရေးနဲ့ ပဋိ ပက္ခ တားမြစ်ရေး စတဲ့ ခေါင်းစဉ် တွေကို ဆွေးနွေး ကြဖို့ အတွက် ရန်ကုန်မြို့မှာ အမျိုးသမီး ၃၀၀ လောက် စုဝေး ခဲ့ကြ ပါတယ်။ အမေရိကန် သံအမတ် Derek Mitchell က မြန်မာ နိုင်ငံမှာ ရှိတဲ့ အမျိုး သမီးတွေ အတူ တကွ စုပေါင်း လုပ်ကိုင် ကြဖို့ လိုကြောင်း၊ ဘာ သာရေး- လူမျိုးရေး နယ်စည်းခြားနေတာတွေကို ဖြိုခွင်းဖို့အတွက်ကျယ်ပြန့်တဲ့ ကွန်ရက်ကြီး တည်ဆောက် ကြဖို့ လိုကြောင်း အကျယ် တဝင့် ပြောဆို ခဲ့ပါတယ်။

ရွှေရောင် တဝန်းဝန်း ထွန်းလင်း တောက်ပ နေတဲ့ ရွှေတိဂုံ စေတီကြီးနဲ့ ဗုဒ္ဓ ဘာသာရဲ့ အရောင် တလင်း လင်း ထင်ဟပ်နဲ့ ရန်ကုန် မြို့ကို ကျောခိုင်းပြီး ရခိုင် ပြည်နယ် စစ်တွေ မြို့အနီးမှာ ရှိတဲ့ ဒုက္ခသည် စ ခန်းတွေဆီ ရောက်တော့မှဘဲ ဒီနိုင်ငံမှာ ရင်ဆိုင် နေရတဲ့ အခက် အခဲ တွေကို မျက်ဝါး ထင်ထင် တွေ့မြင် ရပါ တော့တယ်။

မတူ ခြားနားတဲ့ လက်တွေ့ပုံရိပ်

အရင်နှစ်တုန်းကအိမ်နီးချင်းဗုဒ္ဓဘာသာဝင်တွေရဲ့အကြမ်းဖက်မှုတွေကြောင့်ထွက်ပြေးလာကြရတဲ့မွတ်စလင် တစ်သိန်း လေးသောင်း အတွက် ယိုယိုယဲ့ယဲ့ ဝါးခြမ်း တဲကုပ်လေး တွေကို ဧပြီလ လောက် ကမှ လေဟာ ပြင်ကြီး ပေါ်မှာ ဆောက်ထား ပေးပါတယ်။ အဲဒီမှာ ရိုဟင်ဂျာ အမျိုးသမီး ကိုးယောက် နဲ့ တွေ့ခဲ့တယ်။ သူ တို့ရဲ့ ဓလေ့ထုံးစံအတိုင်းဖိနပ်တွေကို တံခါးဝမှာ ချွတ်ပြီး ကြမ်းပြင် ပေါ်မှာ အတူ တကွ ထိုင်ခဲ့ ကြတယ်။ သူတို့အိမ် ကနေ ထွက်ပြေး လာခဲ့တဲ့ အကြောင်း၊ အိမ်တွေ မီးလောင် သွားတဲ့ အကြောင်း၊ လူတွေ ထွက်ပြေး ကြရင်း ရေနစ် သေဆုံး ကြရတဲ့ အကြောင်းတွေ ပြောပြ ကြပါတယ်။ အမျိုး သမီး တစ်ယောက် ဆိုရင် လူတစ်ရာ လောက်ရှိတဲ့ အုပ်စုထဲက သူမအပါ အဝင် သုံးယောက် တည်းသာ အသက်ရှင် ကျန်ခဲ့ ရ တယ်လို့ပြောပါတယ်။ အဲဒီအမျိုးသမီးကတော့ ကျမတို့ လည်ပတ်ခဲ့တဲ့ အချိန်တလျှောက် လုံးမှာ နှုတ် ဆိတ် နေ ပြီး ခပ်လှမ်း လှမ်းကိုဘဲ ငေးကြည့် နေတယ်။

မြန်မာနိုင်ငံဟာ အာဏာရှင်စနစ် ကနေဒီမိုကရေစီစနစ်ကို အစဉ်တစိုက် အသွင်ကူးပြောင်း လာပေမယ့် ဗုဒ္ဓ ဘာသာ ဝင်တွေနဲ့အစ္စလာမ်ဘာသာဝင်တွေအကြားကတင်းမာမှုကတော့ရှိနေပါတယ်။မွတ်စလင် တွေကို ခွဲခြားဆက် ဆံနေတာတွေ၊ အကြမ်းဖက်နေ တာတွေကို ခိုင်ခိုင်မာမာ မပြောရ ကောင်းလား ဆိုပြီး ငြိမ်း ချမ်းရေးနိုဘယ်လ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည် အပေါ် မြန်မာ အတော် များများနဲ့ ကူညီ စောင့်ရှောက်ရေး လုပ်သား တွေက စိတ်ပျက်နေ ကြပါပြီ။ ဒေါ်စုဟာ၂၀၁၅ ရွေးကောက် ပွဲ မှာ သမ္မတ ဖြစ်ဖို့ မျှော်မှန်း ထား ပြီး ဒီကိစ္စ ကြောင့် ဗုဒ္ဓ ဘာသာဝင် လူများစု ငြိုငြင် သွားကြ မှာကို မလို လား ဘူးလို့ အများက ထင်ကြေး ထုတ်နေ ကြပါတယ်။

ရိုဟင်ဂျာအမျိုးသမီးတွေကတော့ သူတို့ဘဝ ခပ်ထန်မှုတွေ အကြောင်းပြောပြပါတယ်။ တစ်အိမ် တည်းမှာ မိသားစု အများကြီး စုပေါင်းနေကြရတာတွေ၊ တခါတရံ အခန်းတစ်ခုတည်းမှာလူရှစ်ယောက် လောက် စု နေကြ ရတာ တွေလည်း ရှိတယ်လို့ ပြောပြ ပါတယ်။ ညအမှောင် အတွင်းမှာ အပေါ့ အလေး သွား ဖို့တောင် အန္တ ရာယ် မကင်း သလို ခံစား ရတယ်လို့ ပြောကြတယ်။ ဒုက္ခသည် စခန်း ထဲက ကောင်စီ အဖွဲ့ မှာတောင် အမျိုးသမီးတွေမပါတဲ့အတွက်စခန်းထဲက အရေး ကိစ္စ မှာလည်း အမျိုး သမီးတွေ ပြောရေး ဆိုခွင့် မရှိ ဘူး လို့လည်းပြောပါတယ်။ ကလေးအများစု အတွက် လည်းကျောင်းတွေ မရှိပါဘူး။ကလေး တ ချို့ ကတော့ နေပူ ကျဲ ထဲမှာ ကိုယ်လုံးတီး တွေနဲ့ ပြေးလွှား ကစားနေ ကြတယ်။

သြဂုတ်လ လောက်မှာတော့ အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီ အသင်းက ဆေးခန်း တစ်ခု ဖွင့်ပေး ပါတယ်။ ဒီဆေးခန်း လေးကြောင့် အဲဒီက လူတွေ တစ်နှစ် အတွင်းမှာ ပထမဆုံး အကြိမ် ဆေးကုသမှု ခံယူခွင့် ရကြ တာပါ။ အဲဒီကတစ်ဦး တည်းသော ဆရာဝန်ကတော့တစ်နေ့ တစ်နေ့ လူနာ ၂၃၀ လောက် အထိ ကြည့်နေ ရတယ်လို့ပြောပါတယ်။အသက်ရှုလမ်းကြောင်းနဲ့အရေပြား ပိုးထိတဲ့ ဖျားနာမှု တွေက ကလေးတွေ ဖြစ်လေ့ ရှိတာ တွေ့ရတယ်။ အစားအသောက်တွေကလည်း လျှော့နည်း လာတယ်။ ရေတုန်ကင် တစ် ဝက်လောက် ကလည်း ပျက်နေတယ်။

အချိန်များများ ငွေရှားရှား

အမျိုးသမီးအများစုကတော့လုပ်စရာလည်းမရှိ၊ပိုက်ဆံရှာစရာနည်းလမ်းလည်းမရှိတော့ တော်တော် လေးကို စိတ်ပျက် နေကြ ပါတယ်။ သူတို့ဟာ ဒုက္ခသည် စခန်း ထဲကနေ ထွက်လို့ လည်းမရ။ ရွာမှာ ဆိုရင် သူတို့ ယောင်္ကျား တွေနဲ့ အတူ ငါးဖမ်း ထွက်လိုက်၊ လယ်ဝိုင်း လုပ်လိုက်နဲ့ မောင်တထမ်း မယ်တရွက် ကူလုပ် ပေးကြတယ်။ အခုတော့ ယောင်္ကျား တွေကိုကူ လုပ်ပေးဖို့ အနေသာ သူတို့ ယောင်္ကျား တွေမှာ ငါးဖမ်းပိုက် တွေလည်း မရှိ၊ လှေတွေနဲ့ လည်းဝေး၊ မြေတွေလည်း ဆုံးလို့။ မောင်ရော မယ်ပါ ငုတ်တုတ် တုတ် လေးတွေ ထိုင်နေကြ ရရှာတယ်။ ဒီကြားထဲ လင်မယား ပြဿနာ တွေလည်း ပိုများ လာတယ်။

ဒီအမျိုး သမီး တွေက အပ်ချုပ် စက်လေး တွေနဲ့ အဝတ် အထည်တွေ လုပ်ချင်တယ် ဆိုတော့လည်း သူတို့ အတွက် ဈေးကွက် ကမရှိ။ ဆိတ်တွေကို ချက်ပြုတ် စားသောက် ဖို့နဲ့ ရောင်းဝယ် ဖို့အတွက် မွေး မြူရေး လေးလုပ် ပါရစေ ဆိုတော့လည်း အဲဒီ မြေနေရာမှာ ဒါတွေ လုပ်ခွင့် မရှိဘူးလို့ တားမြစ် ထားတဲ့ အ တွက် ယူအန် ကလည်း မကူ ပေးနိုင်ဘူး။

“ဒီလူတွေ အသက်ရှင် ရပ်တည်ဖို့ အတွက် ကြံစရာ ဖန်စရာ နည်းလမ်းတွေ မရှိတော့ဘူး ဖြစ်နေပြီ” လို့ ယူအန် အရာရှိ တစ်ယောက်က ပြောတယ်။ “တော်တော် လေးကို စိတ်ဓါတ် ကျကုန်ပြီ” ကောက်ချက် ချပါတယ်။ တချို့ အမျိုး သမီးတွေ ဆိုရင် မိသားစု အသက် ဆက်ကြဖို့ အရေး ခန္ဓာကိုယ် ရောင်းရတဲ့ ဘဝမျိုး တောင်ဖြစ် လာနေပြီ။

အမျိုးသမီး အများစု ကတော့ သူတို့ရဲ့ နေအိမ်လေး တွေဆီ ကိုဘဲ ပြန်ချင် ကြတယ်။ ဒါပေမယ့် အစိုးရ ကတော့ အခု အချိန်မှာ ဒီလူတွေ အတွက် ဘာအစီ အစဉ်မှ မရှိဘူး။ အိမ်ပြန်ခွင့် လည်းမပေး၊ အခြေ ချ နေထိုင်ခွင့် လည်းမပေး ဘူး။ မြန်မာ နိုင်ငံမှာ မျိုးရိုး စဉ်ဆက် အလိုက် နေထိုင် လာခဲ့ ကြ တာတောင် ဘင်္ဂလား ဒေ့ရှ်က တရား မဝင် ခိုးဝင် လာသူ တွေလို့ဘဲ သက်မှတ် နေကြတယ်။

ကျမတို့လည်း လည်ပတ် ပြီးတော့ အပြန်မှာ သူတို့တွေရဲ့ ဘဝ အကြောင်း ပြောပြတာကို ကျေးဇူး တင် တယ်လို့ ပြောခဲ့ ပါတယ်။ ဒါပေမယ့် သူတို့က “လည်ပတ်တဲ့ သူတွေ လာကြတယ်။ ကျမ တို့ကပြော၊ သူတို့က နားထောင်။ ပြီးတော့ ပြန်သွား ကြတယ်။ ကျမတို့ အတွက် ဘာမှ မပြောင်း သွားဘူး” လို့ပြန်ဖြေ ကြတယ်။ ကျမတို့က ဘာကတိ ကဝတ်မှ မပြုနိုင် ပေမယ့် Women’s Refugee Commission ကတော့ သူတို့ရဲ့ ဘဝ နေထိုင် နိုင်မှုကို ပညာ ရှင်တွေ စေလွှတ်ပြီး စမ်းစစ်ဖို့ စဉ်းစား နေပါတယ်။

Women's Refugee Commission ရဲ့ ဦးဆောင် ညွန်ကြား ရေးမှူး Sarah Costa က “သူတို့ ရဲ့ ကြောက် ရွံ့ မှုတွေ၊ အထီးကျန် မှုတွေ အစ ရှိတဲ့ စိတ်ဝေဒနာ တွေကို ကုစား ပေးနိုင်မယ့် နည်း လမ်း တွေ ရှာ နိုင်အောင်၊ ဘဝ ရပ်တည်မှု အတွက် အခြေခံ လိုအပ်ချက် တွေပြည့်ဝ ရအောင်၊ လတ်တလော စခန်း တွင်း စီးပွားရေး လည်ပတ် နိုင်အောင် သူတို့ရဲ့ ဘဝ ခရီးဆက် နိုင်ရေး အတွက် နည်းလမ်း ရှာရာမှာ ကျမ တို့ တတွေလည်း ဝိုင်းကူ ကြဖို့ လိုတယ်။” လို့ပြော ပါတယ်။

မှတ်ချက်။ Jurate Kazickas ရေးသားပြီး Women's eNews မှာဖော်ပြ ထားတဲ့ “Myanmar Female Muslim Refugee Run Out of Hope” ဆောင်းပါးကို O’Laie Manzu မှာ ဆီလျော်အောင် ဘာသာပြန် ထားပါတယ်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus