နောက်ဆုံးသတင်း/ဆောင်းပါးများ

အိန္ဒိယ သံတမန် အမှု ရုပ်သိမ်းဖို့ ကန်ကိုတောင်းဆို


အိန္ဒိယ သံတမန် Devyani Khobragade
ဗွီအိုအေမြန်မာပိုင်း
19.12.2013

ပြည်ဝင်ခွင့် ဗီဇာဆိုင်ရာ လိမ်လည်တဲ့စွဲချက်နဲ့ နယူးယောက်မြို့မှာ အဖမ်းခံခဲ့ရတဲ့ အိန္ဒိယသံတမန်ရဲ့ အမှု ကို ပယ်ဖျက်ဖို့အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက အမေရိကန် ပြည်ထောင် စုကို တောင်းဆို ထားပါ တယ်။

Devyani Khobragade အပေါ် အမေရိကန်က တရားစွဲဆို စရာ အမှု ရှိတယ်လို့ အိန္ဒိယ အနေနဲ့ မယုံ ကြည်တဲ့ အကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီး Salman Khurshid ကသတင်းထောက်တွေကို ကြာ သပတေး နေ့မှာ ပြောပါတယ်။ Khobragade ကို သာမန် ရာဇ၀တ်သား တစ်ဦးလို ပြုမူ ဆက်ဆံ ခဲ့တယ် လို့လည်း ၀န်ကြီးက ပြောပါတယ်။

Khobragade အပေါ်စွဲ တင်ထားတဲ့ အမှုအား လုံးကို ချက်ခြင်း ရုပ်သိမ်းပေးဖို့ အိန္ဒိယ ကတောင်းဆို ထားကြောင်း နဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန် ကယ်ရီနဲ့ ကြာသပ တေးနေ့ နှောင်းပိုင်းမှာ သူစ ကား ပြောမယ်လို့ ၀န်ကြီး Khurshid က ပြောပါတယ်။

အသက် ၃၉ နှစ် အရွယ် Khobragade ဟာ သူ့ရဲ့ အိမ်အကူ လုပ်သား အဖြစ် လုပ်ကိုင်ဖို့ အမေရိ ကန် ပြည်ထောင်စုဆီ ခေါ်ယူ ခဲ့တဲ့ အိန္ဒိယ နိုင်ငံသားရဲ့ ပြည်ဝင်ခွင့် ဗီဇာ လျှောက်လွှာမှာ အချက် အလက်တွေ လိမ်လည် ဖော်ပြ ခဲ့တယ်လို့ စွပ်စွဲ ခံထား ရပါတယ်။

Devyani Khobragade အပေါ် တခြား လူတွေထက် အများကြီး ပိုတဲ့ ယဉ်ယဉ် ကျေးကျေး အပြု အမူနဲ့ ဆက်ဆံ ခဲ့ပါတယ်လို့ မန်ဟက်တန် အခြေစိုက် အမေရိကန် ပြည်ထောင်စု ရှေ့နေ Preet Bharara က ဗုဒ္ဓဟူး နေ့မှာ ကြေညာချက် တစ်စောင် ထုတ်ပြန်ပြီး ပြောခဲ့ ပါတယ်။ အခု ဖြစ်ရပ်ကြောင့် အမေရိကန်-အိန္ဒိယ ဆက်ဆံ ရေးမှာ အစွန်း အထင်း ဖြစ်နေ ရပါတယ်။

Comment ရေးရန်

Rohingya Exodus