April 02, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

သမ္မတရုံးက ကြေငြာပေးနေတဲ့ ရိုဟင်ဂျာ

ဌေးလွင်ဦး
RB News
31.1.2014

ကမ္ဘာ့ အသိုင်း အ၀ိုင်းက အခိုင် အမာ စီစစ် လက်ခံပြီး ဖြစ်တဲ့ ရိုဟင်ဂျာ သမိုင်း ကိုမာဖီးယားအစိုးရ ဖြစ်တဲ့ မြန်မာ အာဏာပိုင် များက အ တင်း ဗြောင်းငြင်း ကာ လူထုကို အာဏာ ၀ိတ်နဲ့ မျက်လုံး ပိတ်ထားပြီး အခြား တစ်ဘက် မှာတော့ ရိုဟင်ဂျာ စည်းလုံး ညီညွတ်ရေး အဖွဲ့ (Rohingya Solidarity Organization - RSO) ကို ပြည်တွင်းမှာ လူသိများ လာအောင် အခ မဲ့ ကြော် ငြာ ပေးနေ ပါတယ်။ ရိုဟင်ဂျာ လူမျိုး များကို မျိုးတုံး သတ်ဘို့ စတင် ကြံစည် တော့လည်း အဲ့ဒီ ရိုဟင်ဂျာ အဖွဲ့က နိုင်ငံ ခွဲထွက်ဘို့ စတိတ်မင့် ထုတ် ခဲ့တယ် ဆိုကာ သမ္မတရုံး FB တွေမှာ ပလူ ပျံအောင် ဖွထုတ် ခဲ့ပါတယ်။ 

ဒီကြားထဲမှာ အလျှဉ်း သင့်ရင် သင့်သလို မကြာခဏ ကြော်ငြာ ပေးတဲ့ အကြိမ် ပေါင်းလည်း မနည်း လှ တော့ပါ။ မှတ်မှတ် ရရ- အခုတစ်ကြိမ် ဒုချီရားတန်း အစုလိုက် အပြုံလိုက် သတ်မှု ကြီးတော့ ရိုဟင်ဂျာ RSO အဖွဲ့ကြီး ဆိုတာကို ဆီမန်းမန်းလို တစ်တွတ်တွတ် ရွတ်နေပုံများ မြန်မာ ပြည်သူတွေ အကြား ရို ဟင် ဂျာ-၊ ရိုဟင်ဂျာ ဆိုပြီး စိတ်မှာ မစွဲစွဲအောင် ပနက်ရိုက် ပေးသလို များလား ထင်မှတ် ရပါ တော့တယ်။ ကျွန်တော် ရိုဟင်ဂျာ အမျိုးသားများ အတွက် ထဲထဲ ၀င်ဝင် လုပ်ပေး နေတဲ့ သူတောင် သမ္မတရဲ့ ပြောရေး ဆိုခွင့်ရ ဦးရဲထွဋ် ပြောသလောက် RSO ကြီးကျယ်ကြောင်း မသိခဲ့ပါလို့ ၀န်ခံ ပါရစေ။ 

အမှန် တစ်ကယ်မှာ RSO ဆိုတာ တစ်ကယ် ရှိခဲ့ ပါတယ်။ တစ်ကယ်လည်း ရှိနေဆဲပါ။သို့သော်ဦးရဲ ထွဋ် ပြော သလို ကြီးကျယ်တဲ့ အဖွဲ့ အစည်းကြီး မဟုတ် သလို- အင်မတန် စည်းလုံး ညီ ညွတ် ပြီး ကြောက် စရာ ကောင်း  လောက်အောင် သောင်း ကျန်း နေတဲ့ သောင်းကျန်း သူ များလည်း မ ဟုတ်ပါ။ အ ကယ် ၍ RSO သာဦးရဲထွဋ်ပြော သကဲ့သို့ စည်းလုံးညီညွတ်ပြီးကြောက်စ ရာ ကောင်းလောက်အောင် လုပ်ဆောင် နိုင် စွမ်းများ ရှိခဲ့ရင်- ရခိုင်- ဘင်္ဂလား နယ်စပ်မှာ တိုက်ပွဲ သံတွေ တစ်ဒုံးဒုံး တစ်ဒိုင်းဒိုင်း ကြားနေရမှာ သေချာ ပါတယ်။ မြန်မာ နိုင်ငံမှာ ဖြစ်နေတဲ့ တိုက်ပွဲ သတင်း အားလုံးဟာ မြန်မာ ဘင်္ဂလား နယ်စပ်က မဟုတ် ဘဲ မြန်မာထိုင်း နယ်စပ်၊ မြန်မာ တရုတ် နယ်စပ်က ချည်းသာ ဖြစ်ကြောင်း လူတိုင်း သိနေတဲ့ ကိစ္စရပ်ပါ။

နောက်တစ်ချက်က- RSO သာ လက်နက်ကိုင် တပ်မတော်ကြီး ဖြစ်ခဲ့ရင် ကမ္ဘာ့အသိုင်း အ၀ိုင်းက ရိုဟင်ဂျာ လူမျိုးများ အပေါ် ဒီလောက် အာရုံထား ကရုဏာ သက်ပေးဘို့ အကြောင်း မရှိပါ။ လက်နက်ကိုင် အုပ် စုချင်း ဖြစ်တဲ့ ကိစ္စမှာ ကြားက ပြည်သူတွေ စစ်ဒဏ် သင့်ရတာ ဓမ္မတာ ဖြစ်တယ်လို့ ကမ္ဘာက နား လည် ပြီးဖြစ်ပါတယ်။ပိုပြီးသေချာတဲ့အချက်က RSO သာအင်အားကောင်းလှရင် မြန်မာ အစိုးရ က နှိမ်နှင်း နေဘို့ မလိုပါ။ ကမ္ဘာ့ အသိုင်း အ၀ိုင်းက အကြမ်းဖက် ဆိုင်းဘုတ် ကပ်ပြီးတာ ကြာလောက် ပါပြီ။- မြန်မာ အစိုးရဟာ ရိုဟင်ဂျာ တွေကို အကြမ်းဖက် ဆိုင်းဘုတ် ကပ်ဘို့ ၂၀၀၂ ခုလောက်မှာ ကြိုးစား ခဲ့ပါသေး တယ်။ 

အမေရိကန်က အာဖဂန်ကို စစ်စ တိုက်စဉ် ကာလကပါ။ ဒါပေမယ့် အမေရိကန် အပါ အ၀င် ကမ္ဘာ့ အသိုင်း အ၀ိုင်းက အဲ့ဒီ ကတည်းက မြန်မာ အစိုးရရဲ့ မွတ်ဆလင် မုန်းရောဂါနဲ့ ရောကြိတ်မှုကို လက်မခံ ခဲ့ပါ။ ဒီအချက်တွေကို သိသိကြီးနဲ့ RSO- RSO ဆိုကာ နိုင်ငံတော် သမ္မတရုံး ကိုယ်တိုင်က မိတ်ဆက် ပေးပုံများ- အဲ့ဒီ RSO အဖွဲ့ကပဲ ကြော်ငြာ ပေးဘို့ လာ့ဘ်ထိုး ထားသလား ထင်နေ ရပါတယ်။ အဲ့ဒီ RSO ကို အကြောင်း ပြကာ အပြစ်မဲ့ ရိုဟင်ဂျာ များကို တစ်ဘက်သတ် သတ်ဖြတ် နေတာက- အကယ်၍ ရိုဟင်ဂျာ ပြည်သူ များက နိုင်ငံတော် သမ္မတရုံးက ဦးရဲထွဋ်ကြီး ပြောတဲ့ RSO ကို အခု အသတ်ခံ နေရတဲ့ ရိုဟင်ဂျာ ပြည်သူ များက တစ်ခဲနက် ထောက်ခံ နေရင်တော့- သူပုန် အားပေးမှုနဲ့ နှိမ်နှင်း နေရတယ် ဆိုတာ- ဖြစ် နိုင်ပါ သေးတယ်။ 

အခုတော့ သမ္မတရုံးက နာမည် ကြီးအောင် သိဒ္ဓိတင် ပေးနေတဲ့ RSO ဆိုတာကို ရိုဟင်ဂျာ ပြည်သူများ ၉၉ ရာနှုန်းက ထောက်ခံမှု မရှိပါ။ အားပေးမှု မရှိပါ။ ကူညီမှု မရှိပါ။ ရိုဟင်ဂျာ ပြည်သူများ ကြားဘူး တဲ့ RSO ဆိုတဲ့ အဖွဲ့မှာ မြန်မာ အစိုးရကို တော်လှန် ပုန်ကန်ဘို့ သေနတ်မပြောနဲ့ ဒုတ်တောင် မရှိပါ။ အ ခုတော့ မြန် မာ သမ္မတရုံးက ပြောနေတဲ့ RSO ဆိုတဲ့ ရိုဟင်ဂျာ စည်းလုံး ညီညွတ်ရေး အဖွဲ့က ကိုယ် ပိုင် နိုင်ငံ ထူထောင် နိုင်တဲ့ အင်အားကြီး ရှိသလိုလို၊ ပြသနာ တစ်ရပ် ဖြစ်လာရင် ကမ္ဘာကို ကိုင်လှုပ် နိုင်တဲ့ အင်အား ကို ပိုင်ဆိုင် ထားပြီး UN, US, EU, OIC တို့ ကိုယ်တိုင်က သူတို့ ဘက်က ရပ်တည် ပေးရ သလိုလို- အလွန် ကြီးမား ထည်ဝါ လွန်းလှ ပါတော့တယ်။ RSO ဆိုတဲ့ အဖွဲ့ကို နိုင်ငံတော် သမ္မတရုံး ကိုယ် တိုင်က ဒီလောက် ကြီးမား ထည်ဝါပြီး ကမ္ဘာ့ အသိုင်း အ၀ိုင်းရဲ့ မဟာမိတ် အဖွဲ့ကြီး အဖြစ် ခံစားနေ ရရင် ၂၀၁၃ တစ်တိုင်းပြည်လုံး အပစ် ရပ်စဲရေး ဆိုပြီး လူကြား ကောင်းအောင် အော်နေ တဲ့ အော်ချက် ထဲမှာ ဘာဖြစ်လို့များ အဲ့ဒီလောက် ကြီးကျယ်တဲ့ အဖွဲ့ကို ချန်လှပ် ထားခဲ့ ပါသလဲ- ကမ္ဘာက မသိ၊ ကမ္ဘာနဲ့ မဟာ မိတ် မရှိတဲ့ အဖွဲ့ အသေး အမွှားတွေ ကိုပဲ ဘာဖြစ်လို့ အင်တိုက် အားတိုက် ငြိမ်းချမ်းရေး ကမ်း လှမ်း နေ ရပါသလဲ- မေးဘို့ ဖြစ်လာ ပါတယ်။ 

သမ္မတရုံးက ကြော်ငြာထိုး ပေးနေတဲ့ အင်မတန် ကြီးကျယ်တဲ့ အဖွဲ့ကြီး RSO နဲ့ ငြိမ်းချမ်းရေး လုပ်နိုင်ရင် ဦးသိန်းစိန် အစိုးရ အနေနဲ့ ကမ္ဘာမှာ မျက်နှာပန်း လှလွန်းပြီ ဆိုတာများ မေ့နေ ပါရော့လား- ဆိုတာ စဉ်းစား စရာပါ။ အပြန် အလှန် အားဖြင့် ဆင်ခြင်ရင် သမ္မတရုံးက ကြော်ငြာ နေတဲ့ RSO ရိုဟင်ဂျာ အဖွဲ့ကြီးနဲ့ ငြိမ်းချမ်းရေး မကမ်း လှမ်းဘူးဆို ကတည်းက လက်ရှိ အစိုးရဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မဖေါ်ဆောင်  ဆိုတဲ့ အဓိပ္ပါယ်ကို လည်း ပေးနေ ပြန်ပါတယ်။ ဒီလိုဆို ပြန်လည် ငြိမ်းချမ်းရေး လုပ်မယ်၊ တတိုင်းပြည်လုံး အပစ် အခတ် ရပ်စဲအောင်လုပ်မယ်ဆိုတဲ့အချက်က ကမ္ဘာ ကိုရော မြန်မာ လူထု ကိုပါ မျက်နှာ ပြောင်တိုက် လိမ်ရာ ရောက်နေ ပြန်ပါရော-။ အနောက်သား ဘင်္ဂလီ တွေရဲ့ ၀ါဒ မှိုင်းမိ နေပြီး ဗဟု သုတ ကင်းမဲ့နေ တဲ့ မြန် မာ သမ္မတ အဖွဲ့ကို စကား လက်ဆောင် ပါးလို ပါတယ်။- အဲ့ဒီလောက် ကြောက် စရာ ကောင်းပြီး ကမ္ဘာ့ မဟာမိတ် RSO အဖွဲ့ကြီးနဲ့ ငြိမ်းငြိမ်း ချမ်းချမ်း နေချင် ပါတယ် ဆိုလည်း ကျွန်တော့ ကို ပြော ပါ။ အေးအေး ဆေးဆေး မိတ်ဆက် ပေးနိုင် ပါတယ်။ 

အပြစ်မဲ့ ပြည်သူများကို အကြောင်းပြ သတ်နေခြင်းက ရာဇ၀တ် ဘေးက ပြေးလွတ်ဘို့ လုံးဝ မရှိပါ။ အဲ့လို ကမ္ဘာ့ တရားခံ အဖြစ် မခံဘဲ-၊ တိုင်းပြည် အေးချမ်း ချင်သပ ဆို-။ ကျွန်တော် ချက်ချင်း မိတ်ဆက် ပေးဘို့ ကမ်းလှမ်းလို ပါတယ်။


မုဟမ္မဒ် တွာဟေရ် (ဌေးလွင်ဦး) 
ဦးဆောင် လှုပ်ရှားမှု တာဝန်ခံ 
Civil Rights Movement

Comment ရေးရန်

Pages 22123456 »
Rohingya Exodus