April 02, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဘူးသီးတောင် ရဲစခန်းမှ ဒုရဲအုပ် မျိုးနိုင်မှ အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်

သီဟ
RB News
9.1.2014

ဘူးသီးတောင် ။ ။ ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ရဲစခန်းမှ ဒုရဲအုပ် မျိုးနိုင်သည် ဒေသခံ ရိုဟင်ဂျာ များထံကို အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဒုရဲအုပ်မျိုးနိုင်သည်ဇန်န၀ါရီလ (၃)ရက်နေ့တွင်ဘူးသီးတောင် မြို့နယ် အမှတ် (၁) အနောက် ရပ် ကွက်နေ ဦးမာမတ် အာလမ်၏ နေအိမ်သို့ နေ့လည် (၂) နာရီ အချိန်တွင် ရပ်ကွက် အုပ်ချုပ် ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး တို့မပါဘဲ ရဲတပ်ဖွဲ့ဝင် (၁၀) ဦးခန့်ဖြင့် နေအိမ် အပြင် တံခါးကို ရိုက်ချိုး၍ ၀င်ရောက် ခဲ့သည်။ ထို့နောက် ဦးမာမတ် အာလမ်၏ နေအိမ်ထဲသို့ ၀င်ရောက်၍ ဦးမာမတ် အာလမ်၏ သား ၃ ယောက်ကို လက်ထိပ်ခတ်၍ ရိုက်နှက် ခဲ့သည်။ 

ဦးမာမတ် အာလမ်က ၎င်း၏ အပြစ်မဲ့ သား ၃ ယောက်ကို ရိုက်နှက် ရခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ ဒုရဲအုပ် မျိုးနိုင်က မရိုက်စေ ချင်လျှင် ငွေကျပ် နှစ်သိန်း ပေးရန် ပြောရာ၊ ဦးမာမတ် အာလမ် မှ ငွေ ကျပ် နှစ် သိန်း ပေးခဲ့ ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ယခင်က ယခု ကဲ့သို့ အလုပ်မျိုးကို ဘူးသီးတောင် ရဲစခန်းမှ ဒုရဲအုပ် မြတ်ထွေးမှ ပြုလုပ်ခဲ့ရာ ယခု အခါ ဒုရဲအုပ် မျိုးနိုင်မှ ပုံစံတူ ပြုလုပ် နေခြင်းဖြစ်သည်။ ပြစ်မှု ကျူးလွန်သူ များကို ဖမ်းဆီး ရာတွင် ရပ်ကွက် အုပ် ချုပ် ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး တို့ဖြင့်သာ ၀င်ရောက် ဖမ်းဆီး ခွင့်ရှိသော်လည်း၊ အပြစ်မဲ့ များကို ခြိမ်းခြောက်၍ ငွေညှစ်ရုံသာ ဖြစ်သောကြောင့် ရဲတပ်ဖွဲ့ဝင် များသာ ၀င်ရောက် ဖမ်းဆီး၍ ငွေညှစ်ခြင်း ဖြစ် သည်ဟု ဒေသခံ များက ပြောပါသည်။ 

ယခု ကဲ့သို့ ရဲအရာရှိ များက ဥပဒေမဲ့ ပြုလုပ် နေခြင်းကို မြို့နယ်၊ ခရိုင်နှင့် ပြည်နယ် ရဲတပ်ဖွဲ့မှူး များက သိရှိ သော်လည်း အရေးယူ တားမြစ်ခြင်း မရှိဟု ဒေသခံ များက ဆိုသည်။


Comment ရေးရန်

Pages 22123456 »
Rohingya Exodus