မောင်တောမြို့ မြောက်ပိုင်းတွင် အကြောင်း အမျိုးမျိုး ခေါင်းစဉ်တပ်၍ ငွေညှစ်
Sindi Khan
RB News
8.1.2014
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း နွားရုံတောင် ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးစိန်မြအောင်သည် ၂၀၁၃ ဒီဇင်ဘာလ (၃) ရက်နေ့မှ (၁၅) ရက်နေ့ အတွင်း ဒေသခံ ရိုဟင်ဂျာ ၄ ဦးကို လူကုန်ကူးမှု တွင်ပါဝင် ပတ်သက် နေသည်၊ တရားမ၀င် ဖုန်းသုံးစွဲ နေသည်ဟုမဟုတ်မမှန်စွပ်စွဲ ၍ ငွေကျပ် ၃ သိန်း ၉ သောင်း ညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။
ငွေညှစ် ခံရသူ ၄ ဦးမှာ -
(၁) ဦးအဒူကရီးမ် (ဘ) ဦးဆီဒိတ် (ပေးရသည့်ငွေ ၅ သောင်း)
(၂) ဦးနူရ်အာမီးန် (ဘ) ဦးဖာဒ်ဒိရ် (ပေးရသည့်ငွေ ၂ သောင်း)
(၃) ဦးအဒူရှော်ဘီ (ဘ) ဦးနူရ်အာမီးန် (ပေးရသည့်ငွေ ၂ သောင်း)
(၄) ဦးဖာဟဲဒ် (ဘ) ဦးနူရ်ဇာဖာရ် (ပေးရသည့်ငွေ ၃ သိန်း) -- တို့ဖြစ်သည်။
၂၀၁၄ ဇန်န၀ါရီလ (၄) ရက်နေ့က မောင်တော မြို့နယ် မြောက်ပိုင်း၊ ဥရှင်ကျ ကျေးရွာ (ဘူရာ ချိတ္တာ ဖာ ရာ) မှ ဦးရဖိခ် (ဘ) ဦးမာမတ် အာလမ်ကို လုံထိန်း ကင်းစခန်းမှ လုံထိန်း များက တဖက် နိုင်ငံမှ တရား မ ၀င် ဖုန်းကိုင်ဆောင် သုံးစွဲနေသည်ဟု စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင် သွားပြီး၊ ငွေကျပ် တစ်သိန်း ညှစ်ယူ ၍ ပြန်လည် လွှတ်ပေး ခဲ့သည်။
ထို့အပြင် လုံထိန်း ကင်းစခန်းမှ လုံထိန်းများက ၎င်းတို့အတွက် ရန်ပုံငွေ မဖြစ် မနေ ပေးရမည်ဟု ဆိုကာ ရွာအတွင်းရှိ အိမ်များမှ လစဉ် ၅၀၀ ကျပ်ကို အတင်း အဓမ္မ ကောက်ခံ လျက်ရှိသည်။ ၎င်းရွာတွင် အိမ်ခြေ ၈၀၀ ကျော်ရှိပြီး၊ အများစုမှာ ဆင်းရဲသည့် လက်လုပ် လက်စား များသာ ဖြစ်ကြသည်။