နောက်ဆုံးသတင်း/ဆောင်းပါးများ

လှဖိုးခေါင် မူလတန်းကျောင်းမှ ကျောင်းသားများ UNICEF ထောက်ပံ့ကြေး ဖြတ်စားခံရ

RB News
5.1.2014

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ အမှတ် (၆) နယ်မြေ အပိုင်ရှိ လှဖိုးခေါင် ကျေးရွာ အုပ်စုရှိ မူလတန်း ကျောင်းတွင် ပညာသင်ကြားနေသော  ကျောင်းသား/သူများကို UNICEF မှ ထောက်ပံ့ သည့် ထောက်ပံ့ကြေး များကို ကျောင်းအုပ်ကြီး ဒေါ်ခင်စောနုမှ ဖြတ်စား ခဲ့ကြောင်း သတင်း ရရှိ ပါသည်။

မောင်တော မြို့နယ်၊ လှဖိုးခေါင် ကျေးရွာ အုပ်စု၊ မူလတန်း ကျောင်းတွင် ကျောင်းအုပ်ကြီး ဒေါ်ခင်စောနုနှင့် အစိုးရခန့် ကျောင်းဆရာ (၁) ဦးနှင့် ဆရာမ (၄) ဦး ရှိသည်။ ဒေသခံ ရိုဟင်ဂျာ ဆရာ (၅) ဦး အပါအ၀င် စုစုပေါင်း (၁၁) ဦး ရှိကြောင်း သိရှိ ရပါသည်။ ကျောင်းတွင် ကျောင်းသား/သူ ၄၃၀ ဦးရှိပြီး၊ စာသင်ခန်း မလုံလောက်သဖြင့်မနက်ပိုင်း၊နေ့လည်ပိုင်း နှစ်ချိန်ခွဲ၍ ပညာ သင်ကြား လျက်ရှိ သည်။ ကျောင်းအုပ်ကြီးနှင့် အစိုးရခန့် ဆရာ/မ များမှာ တစ်လ တစ်ကြိမ်သာ ကျောင်းသို့ လာကြောင်း သိရှိ ရသည်။ 

၂၀၁၃ ခုနှစ် ပညာသင်နှစ် အတွက် UNICEF (ကမ္ဘာ့ ကုလ သမဂ္ဂ ကလေးများ ရန်ပုံငွေ) မှ ကျောင်းသုံး ဗလာ စာအုပ်များ၊ ပုံနှိပ် စာအုပ်များ၊ စာရေး ကိရိယာများ၊ လွယ်အိတ်များနှင့် ထောက်ပံ့ကြေး ၁၀၀၀ စီကို မောင်တော မြို့နယ်ရှိ မူလတန်း ကျောင်းသား/သူ များအားလုံး အတွက် ထောက်ပံ့ ခဲ့သည်။ 

လှဖိုးခေါင်မူလတန်း ကျောင်းတွင် ကျောင်းသား/သူ ၄၃၀ ဦး ရှိသော်လည်း ကျောင်းအုပ် ကြီး ဒေါ်ခင်စောနု မှ ကျောင်းသား/သူ ၃၀ ဦးခန့် ကိုသာ ကျောင်းသုံး စာအုပ်၊ ပစ္စည်း အချို့နှင့် ငွေကျပ် ၁၀၀၀ စီ ပေး အပ် ခဲ့ပြီး၊ ကျန်သည့် ကျောင်းသား/သူ ၄၀၀ ခန့်၏ ရပိုင်ခွင့် များအားလုံး ကိုယ်ကျိုး အတွက် အလွဲ သုံး စား ပြု လုပ် ခဲ့ကြောင်း ဒေသခံ များမှ RB News သို့ ပြောပါသည်။ 


Comment ရေးရန်

Rohingya Exodus