April 14, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

နယ်ခြားစောင့်တပ်က ဒေသခံများကို ရိုက်နှက်၍ ကြက်ဖများ လုယက်




RB News
18.5.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အမှတ် (၁) နယ်မြေ အပိုင်ရှိ မာဇီး ကင်းစခန်းမှ နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင်များက ဒေသခံ ရိုဟင်ဂျာများကို ရိုက်နှက်၍ ကြက်ဖများ လုယက်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

မေလ (၁၆) ရက်နေ့ ည ၁၀ နာရီ အချိန်တွင် မောင်တောမြို့နယ် အမှတ် (၁) နယ်မြေ အပိုင် မာဇီး ကင်းစခန်းမှ နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင်များသည် ရဲအောင် ကျေးရွာ အုပ်စု တောင်ဘောရွာရှိ ဦးဆုလ်တာန်၏ နေအိမ်သို့ ၀င်ရောက်ရန် ကြိုးစားသည့် အခါ ဦးဆုလ်တာန်၏ သားဖြစ်သူ ကိုဂျီယာဘုလ်ဟောက် (အသက် ၃၀ နှစ်) က ဟန့်တားသောကြောင့် နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင်များက လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့နောက် အဆိုပါ နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင် များသည် တောင်ဘောရွာတွင် ကင်းစောင့်နေကြသည့် (၁) မိုဟာမတ် အီလီယာစ် (ဘ) ဦးမိရ်ကာဆိမ်း (၂) ဇော်ကိရ် (ဘ) ဦးနော်ဇိရ် (၃) ဟူဆောင်း (ဘ) ဦးဆီအုပ် တို့ကိုလည်း အကြောင်းမဲ့ ရိုက်နှက်၍ ၎င်းတို့ထံမှ ကြက်ဖ (၄) ကောင်ကို ဓါးပြများ သဖွယ် လုယက်ယူခဲ့ကြောင်း သိရှိရပါသည်။

ထို့အပြင် မြောက်ဘောရွာတွင် ကင်းစောင့်နေသည့် (၁) ရှော်ဘိခ် (ဘ) ဦးနူရူဟောက် (၂) ရှောမ်ရှု (ဘ) ဦးမာမန်ကာလူ တို့ကိုလည်း လူမဆန်စွာ ရိုက်နှက်၍ ကြက်ဖ (၄) ကောင် လုယက်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မေလ (၁၇) ရက်နေ့ နံနက်ပိုင်းတွင် ကျေးရွာ တာဝန်ခံ ဖြစ်သူ ဦးချစ်ဆွေသည် မတရားသဖြင့် ရိုက်နှက် လုယက်ခံရသည်ကို ဖြေရှင်း မပေးသည့် အပြင် ဆယ်အိမ်မှူးများကို အစည်းအဝေး ခေါ်ယူ၍ ၎င်းရွာထဲမှ ယူသွားသည့် ကြက်ဖများ ဖြစ်သည့် အတွက် ၎င်းပါ ဝေစုရသင့်သည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus