April 13, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

တပ်ရင်း ၅၃၅ မှ ဗိုလ်ကြီး ကိုကိုကျော်က ဒေသခံများ၏ ဆိုင်ကယ်များ ချောဆွဲသည့် အပြင် ပိုင်ရှင်များကို ရိုက်နှက်




RB News
18.6.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အခြေစိုက် တပ်ရင်း ၅၃၅ မှ ဗိုလ်ကြီး ကိုကိုကျော်သည် ဒေသခံ ရိုဟင်ဂျာများ၏ ဆိုင်ကယ်များကို ချောဆွဲသည့် အပြင် ပိုင်ရှင်များကို လူမဆန်စွာ ရိုက်နှက်မှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဇွန်လ (၁၂) ရက်နေ့က အမှတ် (၁) နယ်မြေ အပိုင် ရဲအောင်ကျေးရွာမှ ဦးနူရ်အာလမ် (ဘ) ဦးဘော်ရှော်၏ ဆိုင်ကယ်ကို တပ်ရင်း ၅၃၅ မှ ဗိုလ်ကြီး ကိုကိုကျော်နှင့် ဖြုတ်ကိုကို ဆိုသူက ချောဆွဲသွားခဲ့ပြီး ယခုထိ ပြန်မပေးသေးကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဖြုတ်ကိုကို ဆိုသူသည် စစ်တပ်မှ ဖြစ်ပြီး စစ်ဝတ်စုံ မ၀တ်ဘဲ ကျေးရွာ အနှံ့အပြားတွင် သွားလာ၍ ဆိုင်ကယ်များ ချောဆွဲခြင်း၊ ပစ္စည်းများ လုယက်ခြင်းများ ပြုလုပ်လေ့ရှိသည်။ ၎င်း၏ အမည် အရင်းနှင့် ရာထူးကို ဒေသခံများက မသိရှိဟု ဆိုသည်။

ဗိုလ်ကြီး ကိုကိုကျော်နှင့် ဖြုတ်ကိုကို တို့သည် ဇွန်လ (၁၀) ရက်နေ့ကလည်း အမှတ် (၂) နယ်မြေ အပိုင် ခမောင်းဆိပ် ကျေးရွာမှ ဦးအဘူမောင်ဆုန် (ဘ) ဦးဇော်ဝင်း၏ မြင်းကောင်ရေ (၇) ကောင်အားရှိ မီးစက် တစ်လုံးကို အတင်းအဓမ္မ ယူဆောင်သွားပြီး ပြန်လည် ပေးခြင်း မရှိဟု ဒေသခံများက ပြောပါသည်။ ဇွန်လ (၁၁) ရက်နေ့တွင်လည်း ခွဆုံ ကျေးရွာမှ ဦးနူရ်အာလမ် (ဘ) ဦးနူရ်မာမတ်၏ ဆိုင်ကယ်ကို ချောဆွဲသွားပြီး ဇွန်လ (၁၂) ရက်နေ့တွင် ပြန်လည် အပ်နှံခဲ့သော်လည်း ဆိုင်ကယ်မှာ လုံးဝ စီးမရတော့သည့် အထိ ပျက်စီးပြီးမှ ပြန်လည် အပ်နှံခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ဇွန်လ (၁၁) ရက်နေ့တွင်ပင် ခမောင်းဆိပ် ကျေးရွာမှ ဦးရှောမ်ရှု (ဘ) ဦးဟူဆောင်း၏ ဆိုင်ကယ်ကို ချောဆွဲသွားပြီး ယခုအချိန်ထိ ပြန်လည် အပ်နှံခြင်း မရှိသေးကြောင်း သိရှိရပါသည်။ ခမောင်းဆိပ် ကျေးရွာမှ ဦးကာလာဖူတူး (ဘ) ဦးရှာပ်မီယာ၏ ဆိုင်ကယ်ကို ချောဆွဲရန် တောင်းသည့် အချိန်တွင် ပိုင်ရှင် ဖြစ်သူ ဦးကာလာဖူတူးက ချောမဆွဲရန် တောင်းပန်ရာ၊ ဗိုလ်ကြီး ကိုကိုကျော်နှင့် ဖြုတ်ကိုကို တို့က မျက်နှာကို လူမဆန်စွာ လက်သီးဖြင့် ထိုး၍ ဆိုင်ကယ်ကို ယူသွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဦးကာလာဖူတူးက ၎င်းတွင် အလုပ်ရှိ၍ နောက်နေ့တွင် တစ်ပတ်အတွက် ချောဆွဲပါဟု တောင်းပန်၍ ပြောဆိုခဲ့သော်လည်း ဗိုလ်ကြီးကိုကိုကျော်နှင့် ဖြုတ်ကိုကိုတို့က လက်နက် အားကိုးဖြင့် လူမဆန်စွာ ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဗိုလ်ကြီးကိုကိုကျော်သည် အမှတ် (၂) နယ်မြေအပိုင် လိုင်သီကျေးရွာမှ ဦးအာဘာစ်အာမတ် (ဘ) ဦးရှုကူရ်ကို ဇွန်လ (၁၄) ရက်နေ့က အကြောင်းမဲ့ ဖမ်းဆီးသွားပြီး၊ ဦးအာဘာစ်အာမတ်၏ ခေါင်းပေါ်တွင် ပလတ်စတစ် မီးရှို့ပြီး၊ သံတူရွင်းဖြင့် လူမဆန်စွာ ရိုက်နှက်ရာ ဦးခေါင်းကွဲသွားပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။ ၎င်းကို မိသားစုများနှင့် တွေ့ဆုံခွင့် မပေးသဖြင့် မိသားစုများက ၎င်း၏ အခြေအနေနှင့် ပတ်သက်၍ အထူးစိုးရိမ်လျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus