နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျေးရွာတာဝန်ခံ၏ အိမ်ကို ကင်းစောင့်ရန် ပျက်ကွက်သဖြင့် ရွာသားများ ငွေညှစ်ခံရ



RB News
16.1.2015

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ကျွန်းပေါက် ဆင်အိုး ကျေးရွာ တာဝန်ခံက ၎င်း၏ အိမ်တွင် ရွာသားများ ကင်းစောင့်ရန် ပျက်ကွက်သော ရွာသားများထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၁၃) ရက်နေ့ ညက မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ကျွန်းပေါက် ဆင်အိုး ကျေးရွာမှ အုပ်ချုပ်ရေး တာဝန်ခံ ဖြစ်သူသည် ၎င်း၏ အိမ်တွင် ရွာသားများ ကင်းစောင့်ရန် ပျက်ကွက် သဖြင့် ရွာသား (၄) ဦး ထံမှ ငွေကျပ် တစ်သောင်း ငါးထောင်စီ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ငွေကျပ် တစ်သောင်း ငါးထောင်စီ ညှစ်ခံရသည့် ရွာသား (၄) ဦးမှာ --

(၁) ဦးအာဘူရှာမား (ဘ) ဦးအာဘူလ်ဟူစိန်း
(၂) ဦးနူရ်ဟူစိန်း (ဘ) ဦးဒိလ်မာမတ်
(၃) ဦးအော်လီအုလ္လာ (ဘ) ဦးမာမတ်ဒူလ်ဟောက်
(၄) ဦးမာမတ်ဟူဆောင်း -- တို့ဖြစ်သည်။

ကျွန်းပေါက် ဆင်အိုး ကျေးရွာမှ အုပ်ချုပ်ရေး တာဝန်ခံသည် လက်ထပ်ခွင့် တစ်ခုအတွက် ပင်လျှင် ငွေကျပ် ၅ သိန်းခန့် ညှစ်ယူပြီး၊ ရရှိထားသည့် ရာထူး အရှိန်အ၀ါကို အသုံးချ၍ ဆင်းရဲသည့် ဒေသခံ ရွာသားများထံမှ မကြာခဏ ငွေညှစ်လျက် ရှိသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ယခုကဲ့သို့ ရာထူး အရှိန်အ၀ါကို အလွဲသုံးစား ပြုလုပ်၍ ငွေညှစ်နေခြင်း များကို အထက် အာဏာပိုင်များက အရေးယူ ဟန့်တား ပေးပါရန် ဒေသခံ ရွာသားများက တောင်းဆိုကြောင်း၊ အရေးယူ ဟန့်တားခြင်း မပြုလုပ်ဘဲ ယခုကဲ့သို့ ဆက်လက်၍ ငွေညှစ်နေပါက ရွာသားများနှင့် မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ရွာတာဝန်ခံ၏ အိမ်တွင် ကင်းစောင့်ပေးရန် ရွာသားများတွင် တာဝန်မရှိသော်လည်း အမှုဆင်၍ ဖမ်းဆီး ထောင်ချမည်ကို စိုးရိမ်၍ ကင်းစောင့်ပေးနေသည်ကြားမှ ပျက်ကွက်လျှင် ငွေညှစ်ခြင်းနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများက ဆိုသည်။

Comment ရေးရန်

Rohingya Exodus