March 13, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

အလယ်သံကျော်ရှိ နယ်ခြားစောင့်ရဲ နယ်မြေမှူးက ငွေမပေးလျှင် ဖမ်းဆီး ထောင်ချမည် ခြိမ်းခြောက်



Rohingya Eye
RB News
16.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အခြေစိုက် အမှတ် (၇) နယ်မြေ နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေမှူးက ဒေသခံ (၄) ဦးကို ငွေမပေးပါက ဖမ်းဆီး ထောင်ချမည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး ကတဆင့် ခြိမ်းခြောက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၁၄) ရက်နေ့ နေ့လည် (၃) နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အခြေစိုက် အမှတ် (၇) နယ်မြေ နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေမှူး၏ ကိုယ်ရံတော် ရဲတပ်သား တစ်ဦးသည် ၀ါးချ ကျေးရွာရှိ ဦးရော်ရှိတ်အာမတ် (ဘ) ဦးအလီအာမတ် (အသက် ၄၅) နှစ်၏ နေအိမ်သို့ ကျေးရွာ အုပ်ချုပ်ရေးမှူး မပါဘဲ ဘင်္ဂလား ဆင်းမ်ကဒ် ရှာဖွေသည်ဟု အကြောင်းပြကာ တစ်ဦးတည်း ၀င်ရောက်၍ ဦးရော်ရှိတ်အာမတ်၏ ဇနီးဖြစ်သူ ဒေါ်ဒိလ်ဘာဟာရ်၏ လည်ပင်းမှ ဆွဲကြိုးကို အတင်းဆွဲပြီး လုယက်နေစဉ် သားဖြစ်သူ မောင်အလီဇူဟာရ် (အသက် ၁၅ နှစ်) က ပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီ တောင်းသဖြင့် အိမ်နီးချင်းများ ရောက်ရှိလာခဲ့ရာ ၎င်းရဲတပ်သားက စီးလာသည့် ဆိုင်ကယ်ကို ထား၍ ထွက်ပြေးသွားခဲ့သည်။

အဆိုပါ လုယက်သည့် ရဲတပ်သား ထွက်ပြေးသွားပြီးနောက် နာရီဝက်ခန့် အကြာတွင် နယ်ခြားစောင့်ရဲ (၁၅) ဦးခန့် ရောက်ရှိလာပြီး ရွာကို ၀ိုင်းရံ ပိတ်ဆို့ ခဲ့သော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးအဒူကော်ရီးမ်က နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေရုံးသို့ အချိန်မှီ ဖုန်းဆက်၍ အကြောင်းကြား ခဲ့သဖြင့် ပြဿနာ  တစ်စုံတစ်ရာ မဖြစ်ခဲ့ဘဲ၊ နယ်ခြားစောင့် ရဲများ ပြန်လည် ထွက်ခွာ သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ယခုအခါ အလယ်သံကျော် ကျေးရွာတွင် အခြေစိုက်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ အမှတ် (၇) နယ်မြေ၊ နယ်မြေမှူးက ၀ါးချ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအဒူကော်ရီးမ်အား ဒေသခံ ရိုဟင်ဂျာ (၄) ဦးထံမှ ငွေကျပ် (၅) သိန်း တောင်းပေးရန်၊ အကယ်၍ မတောင်းပေးပါက ၎င်းတို့ကို ဖမ်းဆီး၍ ထောင်ချမည်ဟု ခြိမ်းခြောက်လျက် ရှိကြောင်း သိရသည်။

ငွေကျပ် ၅ သိန်း ပေးရမည့် ဒေသခံ ရိုဟင်ဂျာ (၄) ဦးမှာ --

(၁) ဦးရော်ရှိတ်အာမတ် (ဘ) ဦးအလီအာမတ် (အသက် ၄၅ နှစ်)
(၂) အီစ္စမိုင်လ် (ဘ) ဦးဒိလ်မိုဟာမတ် (အသက် ၂၅ နှစ်)
(၃) ဟာမိတ်ဟူဆောင်း (ဘ) ဦးဟာရွန် (အသက် ၁၄ နှစ်) နှင့် အခြား တစ်ဦးတို့ ဖြစ်သည်။

အဆိုပါ (၄) ဦးကို မည်သည့် အကြောင်းပြချက်ဖြင့် ငွေညှစ်လျက် ရှိသည်ကို မသိရှိ ရသော်လည်း၊ မောင်တော ခရိုင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် တပ်မတော်သား များသည် လက်နက်နှင့် အာဏာကို အလွဲသုံးစား ပြုလုပ်၍ ၎င်းတို့ အကြောင်းမဲ့ ငွေညှစ်လျှင်လည်း ဒေသခံများကို ဥပဒေက ကာကွယ်မပေး သဖြင့် တောင်းသမျှ ငွေကိုပေး၍ သူပုန်များ လက်ထဲတွင် ရောက်နေသည့် ပမာ နေထိုင်နေကြရသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus