နောက်ဆုံးသတင်း/ဆောင်းပါးများ

ယာဉ်တိုက်မှုကြောင့် ဒေသခံ တစ်ဦးက ပွဲချင်းပြီး သေဆုံးသော်လည်း ဥပဒေ အရ အရေးယူခြင်း မရှိ




MYARF
RB News
16.2.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဖရုံချောင်းကျေးရွာ အုပ်စု ဒုတန်း (၁) မှ ဒေသခံ လူငယ် တစ်ဦးကို ကားတစ်စီးက တိုက်မိပြီး ပွဲချင်းပြီး သေဆုံးသွား ခဲ့သော်လည်း ယာဉ်မောင်းဖြစ်သူကို ဥပဒေအရ အရေးယူခြင်း မရှိကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဖေဖော်ဝါရီလ (၁၆) ရက်နေ့ နံနက် ၇ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ် ဖရုံချောင်း ကျေးရွာ အုပ်စု၊ ဒုတန်း (၁) မှ အာမီးရ်ဟူစိန်း (ဘ) ဦးရှာလောမ် (အသက် ၁၈ နှစ်) သည် ထင်းခုတ်ရန် တောင်ပေါ်သို့ သွားနေစဉ် ဖရုံချောင်း ရခိုင်ရွာတွင် စခန်းချ၍ ကျောက်သယ်သည့် GE ဆောက်လုပ်ရေးတပ်မှ ယာဉ်နံပါတ် MDY 71.9156 က တိုက်မိခဲ့ပြီး၊ ယာဉ်တိုက်ခံရသူ အာမီးရ်ဟူစိန်းမှာ ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံး သွားခဲ့သည်။ ယာဉ်မောင်း ဖြစ်သူမှာ ရခိုင်လူမျိုး တစ်ဦး ဖြစ်ပြီး၊ ဒေသခံ ရွာသားများက ၀ိုင်းဝန်း၍ ဖမ်းဆီးထား ခဲ့သော်လည်း ဖရုံချောင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်သန်းဌေးက ဥပဒေဖြင့် အရေးယူ ဆောင်ရွက်ရန် မပြုလုပ်ဘဲ လွှတ်ပေးလိုက်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

သေဆုံးသူ၏ အလောင်းကို ဘူးသီးတောင် မြို့နယ် ပြည်သူ့ ဆေးရုံသို့ သယ်ဆောင် သွားခဲ့ကြောင်း သိရသည်။ သေဆုံး သွားသူ၏ မိသားစုမှာ အလွန်ဆင်းရဲပြီး၊ သားအဖ နှစ်ဦး ထင်းခုတ် ရောင်းချ၍ မိသားစု စားဝတ်နေရေး ဖြေရှင်း နေခြင်း ဖြစ်သည်ဟု ဆိုသည်။

Comment ရေးရန်

Rohingya Exodus