နောက်ဆုံးသတင်း/ဆောင်းပါးများ

ဆိုင်ကယ်ဖြင့် တိုက်မိသည်ဟု စွပ်စွဲ၍ ရွာအုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့် ရဲများက ငွေညှစ်



MYARF
RB News
16.2.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဘုရားပြင်အောင်ပ ရွာမှ ဒေသခံ တစ်ဦးကို ရွာအုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့် ရဲများက ရခိုင် အမျိုးသမီး တစ်ဦးကို ဆိုင်ကယ်ဖြင့် တိုက်မိသည်ဟု စွပ်စွဲ၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ် ဘုရားပြင်အောင်ပ ကျေးရွာမှ ဆိုင်ကယ် တက္ကစီသမား တစ်ဦး ဖြစ်သည့် ဦးဟာရှိမ်း (ဘ) ဦးနူရူဟောက် (အသက် ၃၂ နှစ်) ကို လွန်ခဲ့သည့် တစ်လကျော်က ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းသာက ရခိုင် အမျိုးသမီး တစ်ဦးကို ဆိုင်ကယ်ဖြင့် တိုက်မိခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် တစ်သိန်း ခြောက်သောင်း ညှစ်ယူခဲ့သည်။ ထို့နောက် တစ်ပတ်ခန့် အကြာတွင် ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့က ငွေကျပ် ငါးသောင်း တောင်းခဲ့သော်လည်း ဦးဟာရှိမ်းက မပေးခဲ့သောကြောင့် ဖေဖော်ဝါရီလ (၁၄) ရက်နေ့ ညနေ (၄) နာရီ အချိန်တွင် ဆိုင်ကယ် တက္ကစီ ဆွဲနေစဉ် နယ်ခြားစောင့် ရဲများက ဖမ်းဆီးပြီး လူမဆန်စွာ ရိုက်နှက်၍ ငွေကျပ် ခြောက်သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

နယ်ခြားစောင့် ရဲများ၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ဦးဟာရှိမ်းသည် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ နယ်ခြားစောင့် ရဲများသည် ဆိုင်ကယ် တက္ကစီ သမားများထံမှ အပတ်စဉ် ဆက်ကြေး အဖြစ် ငွေကျပ် ၂၀၀၀ စီ ကောက်ခံလျက် ရှိပြီး၊ ၎င်းတို့ ကိုယ်တိုင် မကောက်ခံဘဲ ဘုရားပြင် အောင်ပ ကျေးရွာမှ ဦးအီဆုဖ် (ဘ) ဦးအာဘူလ်ဟာရှိမ်းနှင့် ဦးဟာလာမျာ (ဘ) ဦးနူရ်အာမီးန် တို့ကို ကောက်ခံရန် တာဝန်ပေး ထားကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus