နောက်ဆုံးသတင်း/ဆောင်းပါးများ

ရသေ့တောင် အနောက်ပြင် ရွာကို ရခိုင်များ အကြမ်းဖက်မည် ကြား၍ ဒေသခံများ စိုးရိမ်လျက်ရှိ



MYARF
RB News
28.7.2015

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်တွင် ရခိုင် အစွန်းရောက် များနှင့် နယ်ခြားစောင့် ရဲများက ဒေသခံ ရိုဟင်ဂျာများကို အကြမ်းဖက်ရန် စီစဉ်နေသည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသောကြောင့် ဒေသခံများက စိုးရိမ် ပူပန်လျက် ရှိကြောင်း သတင်းရရှိပါသည်။

ဇူလိုင်လ (၂၇) ရက်နေ့ ညနေပိုင်းမှ စ၍ ရသေ့တောင် မြို့နယ် ကျေးရွာ အသီးသီးမှ ရခိုင် အစွန်းရောက် များသည် ရသေ့တောင် မြိုကနယ် ကူတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် စုဝေး၍ ရသေ့တောင် မြို့နယ်တွင် ရိုဟင်ဂျာ ရွာတစ်ရွာ ဖြစ်သော အနောက်ပြင် ကျေးရွာကို အကြမ်းဖက် ဖြိုကွဲရန် စီစဉ်နေသည်ဟု ရသေ့တောင် မြို့နယ် အခြေစိုက် တပ်မတော် တပ်ရင်း (၅၆၄) မှ ယင်းနေ့ ည ၈း၁၅ နာရီ အချိန်တွင် အနောက်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖ များကို ဖုန်းဆက်၍ အသိပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

အဆိုပါ သတင်းကို ရရှိပြီးနောက် အနောက်ပြင် ကျေးရွာရှိ ရိုဟင်ဂျာများသည် ယင်းနေ့ ညတွင် ညမအိပ်ပဲ တစ်ညလုံး ကင်းစောင့် ခဲ့ကြသည်။ သို့သော် ရခိုင်အစွန်းရောက်များ လာရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။ ရခိုင် အမျိုးသမီးများနှင့် အမျိုးသား ဈေးသည်များသည် အနောက်ပြင် ကျေးရွာသို့ နေ့စဉ် လာရောက်၍ ဈေးရောင်းလေ့ ရှိသည်။ ယနေ့ ဇူလိုင်လ (၂၈) ရက်နေ့တွင် အဆိုပါ ရခိုင် ဈေးသည်များ လာရောက်၍ ဈေးရောင်းချခြင်း မရှိသဖြင့် ဇူလိုင်လ (၂၇) ရက်နေ့ ညပိုင်းတွင် ကြားခဲ့သည့် သတင်းအပေါ် အနောက်ပြင်ရွာသား များက စိုးရိမ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus