နောက်ဆုံးသတင်း/ဆောင်းပါးများ

မြို့မ ကညင်တန်းမှ ရဲများက ဒေသခံ တစ်ဦးကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်



Rohingya Eye
RB News
9.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မြို့မ ကညင်တန်း ကျေးရွာမှ လက်သမား တစ်ဦးဖြစ်သည့် ဦးနူရ်အာလောမ် (ဘ) ဦးနူရူဟောက် (အသက် ၃၃ နှစ်) သည် နိုဝင်ဘာလ (၂) ရက်နေ့ ည ၇ နာရီ အချိန်တွင် အလုပ်မှ ပြန်လာနေစဉ် မြို့မ ကညင်တန်း၊ ဆီးသီးလ္လာရွာရှိ အလိုတော်ပြည့် ဘုန်းကြီးကျောင်းရှေ့ရှိ ရဲကင်းစခန်းမှ ရဲများက တွေ့ရှိပြီး၊ ဖမ်းဆီးကာ ကင်းစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ရဲများက ၎င်းအား ဆူပူ အကြမ်းဖက် လုပ်ဆောင်ရန် အစည်းအဝေး ပြုလုပ်ပြီး ပြန်လာနေခြင်း ဖြစ်သည်ဟု အခြေအမြစ် မရှိ စွပ်စွဲကာ ငွေကျပ် နှစ်သိန်း အတင်းအဓမ္မ ညစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

နိုဝင်ဘာလ (၃) ရက်နေ့ ညနေ ၅း၃၀ နာရီ အချိန်တွင် မောင်တော မြို့နယ် မြို့မ ကညင်တန်း ကျေးရွာမှ ဥက္ကဌဟောင် ဦးရှောမ်ရှု၏ သား မိုဟာမတ်အဗ်ဒူလ္လာ (အသက် ၂၄ နှစ်) သည် အဆိုပါရွာ၏ ဈေးရှေ့ လမ်းတစ်ဖက်တွင် ရပ်နေစဉ် မြို့မ ရဲစခန်းမှ ကင်းလှည့်နေသာ ကားတစ်စီးသည် မြို့ထဲမှ ပန်းတောပြင် ကျေးရွာသို့ သွားနေစဉ် အဆိုပါ လူငယ်အား တိုက်မိခဲ့ရာ လဲကျသွားခဲ့သည်။ ထို့နောက် ကားပေါ်မှ ရဲများ ဆင်းလာပြီး လဲကျနေသော လူငယ်ကို ၀ိုင်းဝန်း ထိုးကြိတ်ခဲ့ကြရာ မြို့မ ကညင်တန်း အထက်တန်းကျောင်းတွင် အခြေစိုက်ထားသည့် စစ်တပ်စခန်းမှ စစ်သားများ ထွက်လာသဖြင့် ရဲများက ကားပေါ်တက်၍ အရှိန်ဖြင့် မောင်းနှင် ထွက်ခွာ သွားခဲ့သည်။ ကားတိုက်ခံရသူမှာ ဆေးကုသမှု ခံယူရန် လျော်ကြေး မရသည့် အပြင် ကိုယ်ထိလက်ရောက် ရိုက်နှက် ထိုးကြိတ် ခံရသည်ကို ကြည့်ခြင်း အားဖြင့် မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေများကို မောင်တော မြို့မှ ရဲများ ကိုယ်တိုင် ချိုးဖောက်နေသည်ကို တွေ့ရှိရသည်။

Comment ရေးရန်

Rohingya Exodus