နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင် အမျိုးသား ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ရှုံးနိမ့်၊ အန်အယ်လ်ဒီ အနိုင်ရ



ဒီဗွီဘီ
9.11.2015

ရခိုင် အမျိုးသား ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ဟာ ရခိုင်ပြည်နယ် မာန်အောင် မြို့နယ် မဲဆန္ဒနယ်မြေအမှတ် ၂ က အမျိုးသား လွှတ်တော် ကိုယ်စားလှယ် နေရာမှာ ၀င်ရောက် အရွေးခံတာ ရှုံးနိမ့် သွားတယ်လို့ ကာယကံရှင်က ဒီဗွီဘီကို ပြောပါတယ်။

“အစပိုင်းတော့ ကျနော်နိုင်တယ်လို့ သတင်းထွက်ပြီးနောက်ပိုင်း ကျနော်ရှုံးသွား တယ်လို့ပြောတယ်။ အန်အယ်လ်ဒီက ပုဂ္ဂိုလ်တဦး နိုင်သွားတယ်လို့ သိရပါတယ်။ ဘယ်လောက်မဲ အရေအတွက်နဲ့ နိုင်သွားတယ် ဆိုတာတော့ ကျနော်က စစ်တွေမှာ မဲသွား ထည့်နေတော့ အသေးစိတ်ကို မသိရဘူး။ ကျနော့်အနေနဲ့တော့ လူထုက ရွေးချယ်လိုက်တဲ့  လူထုအဆုံးအဖြတ် အတိုင်းပဲပေါ့။ အခုလို အရွေးမခံရတော့ အဲဒီဒေသအတွက် ဆောင်ရွက်ပေးမယ်လို့ ဦးတည်ရည်မှန်းထားတဲ့ လုပ်ငန်းတွေ အကောင်အထည် မဖော်နိုင်တော့ဘူးပေါ့။”

ဒါပေမယ့် အနိုင်ရသွားတဲ့ ပုဂ္ဂိုလ်အတွက် ၀မ်းမြောက်ပါကြောင်း၊ သူ့ရည်မှန်းချက်နဲ့ သူ့ပါတီမူအတိုင်း ဆောင်ရွက်သွားမယ် ဆိုရင်တော့ လူထုတွေလည်း အကျိုးကျေးဇူး ခံစားနိုင်မယ်လို့ ဒေါက်တာအေးမောင်က ပြောသွားပါတယ်။


Comment ရေးရန်

Rohingya Exodus