နောက်ဆုံးသတင်း/ဆောင်းပါးများ

မော့ဂ်လာနေသည်ဟု ပြောဆိုသည်ကို ဆဲဆိုသည်ဟု စွပ်စွဲ၍ ငွေညှစ်



MYARF
RB News
25.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း တမန်းသား ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ယာယီ စခန်းမှူး ဦးအေးထွန်းက နိုဝင်ဘာလ (၁၈) ရက်နေ့တွင် တမန်းသား ကျေးရွာအုပ်စု - ဖောင်ဆိပ်ရွာမှ ဒေါ်ဆေးနိုဝါရ်ဘေဂမ် (ဘ) ဦးအဒူကော်ရီးမ်မှ “မော့ဂ် လာနေသည်” ဟု ပြောဆိုသည်ကို ဆဲဆိုသည်ဟု မတရားသဖြင့် စွပ်စွဲ၍ သားအမိ နှစ်ဦးလုံးကို ဖမ်းဆီး၍ စခန်းသို့ ခေါ်ဆောင်သွားကာ ခြိမ်းခြောက်ပြီး ငွေကျပ် ၅ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ယင်းနေ့တွင် စခန်းမှူး ဦးအေးထွန်းနှင့် အဖွဲ့ လမ်းလျှောက် သွားနေစဉ် ဒေါ်ဆေးနိုဝါရ်ဘေဂမ်က အိမ်ထဲမှ မြင်ပြီး ၎င်း၏ အိမ်သားများကို မော့ဂ် (ရခိုင်) လာနေသည်ဟု ပြောဆိုခဲ့သည်ကို စခန်းမှူးနှင့် အဖွဲ့က ကြားသိသွားပြီး ဆဲဆိုခဲ့သည်ဟု မတရားသဖြင့် စွပ်စွဲ၍ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus