နောက်ဆုံးသတင်း/ဆောင်းပါးများ

ရဲတပ်သား ဇော်ဇော်အောင်က မော်လ၀ီ တစ်ဦးကို ရိုက်နှက်၍ ငွေညှစ်



MYARF
RB News
29.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ နယ်ခြားစောင့် ရဲတပ်သား ဇော်ဇော်အောင်သည် ကြိမ်ချောင်း ဇာတိဖြစ်ပြီး၊ ငယ်စဉ်က ဆင်းရဲသူ တစ်ဦး ဖြစ်သည်။ ၎င်း၏ နေအိမ်သည် ကြိမ်ချောင်း ရဲစခန်း အနီးတွင် တည်ရှိပြီး ငယ်စဉ်ဘ၀က ရဲစခန်း၌ ရေခပ်ပေးခြင်းဖြင့် သားအမိ နှစ်ဦး အသက်မွေးဝမ်းကျောင်း ပြုခဲ့ရာမှ စခန်းမှူးနှင့် ခင်မင် ရင်းနှီးလာပြီး ရဲတပ်သား ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ 

၎င်းသည် ကံကောင်းစွာဖြင့် ရဲဝန်ထမ်း ဘ၀ စစချင်း နယ်ခြားစောင့်ရဲ အသွင် ပြောင်းလာနိုင်၍ အထူးအာဏာ ရရှိလာခဲ့ပြီး၊ ချမ်းသာ ကြီးပွားရန် မနားတမ်း လှုပ်ရှားလျက် ရှိသည်။ အခွင့်အရေး ဟူသည် နှစ်ခါ မရနိုင်၊ လသာတုန်း ဗိုင်းငင် ဆိုသလို ဘယ်လိုပဲ လုပ်ရလုပ်ရ ငွေရလျှင် ပြီးရောဟု ဆိုကာ ဥပဒေမဲ့ လုပ်ရပ်များ နေ့စဉ်နေ့တိုင်း လုပ်ဆောင်လျက် ရှိသည်။ 

နိုဝင်ဘာလ (၂၅) ရက်နေ့တွင် နတ်ချောင်း ကျေးရွာအုပ်စု၊ လောင်းဘုတ်ရွာမှ မော်လ၀ီ အာဇ်မောလ်ဟူစိန်း (ဘ) ဆရာကြီး ဦးအာမတ်ဟူစိန်း (အသက် ၅၃ နှစ်) ကို ရဲတပ်သား ဇော်ဇော်အောင်က အောင်စစ်ပြင် ကျေးရွာအုပ်စု၊ ရိဒါရွာ၊ တောင်ပြို သွားသည့် ကားလမ်းထိပ်တွင် စစ်ဆေးမည်ဟုဆိုကာ လမ်းဘေး ဆိုင်ခန်း အတွင်းသို့ ခေါ်သွင်း၍ ကိုယ်ထိ လက်ရောက် ရိုက်နှက် စော်ကားကာ အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus