နောက်ဆုံးသတင်း/ဆောင်းပါးများ

မုန်တိုင်းသင့် တစ်ဦးက အိမ်ပြင်ရန် သစ်ယူလာသည်ကို နယ်ခြားစောင့်ရဲက ဖမ်းဆီးထား



MYARF
RB News
1.1.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ကျောက်ဖြူသား သေကံ ကျေးရွာအုပ်စု၊ ခူနာရွာမှ ဦးဇိုင်တူဆောင်း၏ နေအိမ်သည် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် တိုက်ခတ်ခဲ့သော ကိုမန် မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သည်။ ဆင်းရဲသား တစ်ဦး ဖြစ်သည် ဦးဇိုင်ဟူဆောင်းသည် အိမ်ကို မပြုပြင်နိုင်၍ အိမ်အပျက်တွင်သာ ဆင်းရဲစွာ နေထိုင်ခဲ့သည်။ 

ယခုအခါ UNHCR မှ အထောက်အပံ့ ရရှိ၍ နေအိမ်ကို ပြုပြင်ရန် အတွက်ဟု ဆိုကာ ဒီဇင်ဘာလ (၃၀) ရက်နေ့က ဖရုံချောင်း ကျေးရွာမှ စက်တပ်လှေငယ် တစ်စီးငှား၍ ညောင်ချောင်းမှ သစ် ၁၉ ချောင်း ၀ယ်ယူကာ အိမ်သို့ သယ်ယူသွားစဉ် ညောင်ချောင်း တာဝန်ကျ သစ်တောဝန်ထမ်းက တရားမ၀င် သစ်သယ်ဆောင် နေသည်ဟု ဆိုကာ ဖမ်းဆီးပြီး ညောင်ချောင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ အပ်နှံခဲ့သည်။ နယ်ခြားစောင့်ရဲ များက သစ်များ သိမ်ဆည်းသည့်အပြင် ငွေကျပ် ငါးသိန်းတောင်းခံသည်ကို ဆင်းရဲသား ဖြစ်သူ ဦးဇိုင်တူဆောင်းက မပေးနိုင်၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် ချုပ်နှောင် ခံထားရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus