နောက်ဆုံးသတင်း/ဆောင်းပါးများ

သိမ်တောင်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူးက ရွာသား တစ်ဦးကို မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ်

MYARF
RB News
31.7.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း သိမ်တောင်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးသည် ဇူလိုင်လ (၂၉) ရက်နေ့တွင် နေ့လည် ၂ နာရီ အချိန်တွင် အလီဂျူဟာရ် (ဘ) ဦးလာလူး (အသက် ၂၃ နှစ်) ထံမှ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

WFP မှ ၀န်ထမ်း ၁၀ ဦးသည် သိမ်တောင်ပြင် ကျေးရွာမှ ဦးမာမတ်ဆော်လာမ် (ဘ) ဦးဒူဒူများ၏ နေအိမ်တွင် ခေတ္တတည်းခို နေထိုင်ခဲ့ကြပြီး ဇူလိုင်လ (၂၈) ရက်နေ့ ည ၁၂ နာရီအချိန်တွင် ၎င်းတို့က ဆမ်ဆောင်း မိုဘိုင်းဖုန်း နှစ်လုံးနှင့် ငွေကျပ် ၅ သောင်း ခိုးခံခဲ့ရကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦး ထံသို့ တိုင်ကြားခဲ့သည်။

ဖုန်းနှစ်လုံးနှင့် ငွေကျပ် ၅ သောင်း ခိုးယူသွားသူများမှာ ယခင် ရ.ယ.က အဖွဲ့ဝင်ဟောင်း ဦးလာလ်မျာ (ဘ) ဦးအဒူလော်တီ ၏ သား အာနာစ်နှင့် ဦးအဒူကာဒေရ် ၏ သား တာရဲခ် တို့နှစ်ဦး ဖြစ်ကြောင်း စုံစမ်း သိရှိခဲ့သော်လည်း၊ အမှန်တကယ် ခိုးယူခဲ့သူများကို အရေးယူခြင်း မပြုလုပ်ဘဲ ကျဘန်း အလုပ်လုပ်၍ အသက်မွေးဝမ်းကျောင်း ပြုနေသူ အလီဂျူဟာရ် (ဘ) ဦးလာလူး ကို မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် တစ်သိန်း ညှစ်ယူ၍ အတင်းအဓမ္မ ခံဝန်ချက် လက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။




Comment ရေးရန်

Rohingya Exodus