နောက်ဆုံးသတင်း/ဆောင်းပါးများ

အင်းဒင်မှ နယ်မြေမှူးက ဒေသခံတစ်ဦးကို ဖမ်းဆီး၍ ငွေညှစ်


Rohingya Eye
RB News
1.8.2016

မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အင်းဒင်ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေ (၉) နယ်မြေမှူး ရဲမှူး အဆင့်ရှိသူသည် သ၀န်းချောင်း ကျေးရွာမှ ဟာဖီးဇ် ဒိလ်မိုဟာမတ် (ဘ) ဦးဟာကိမ်းအလီ (အသက် ၃၁ နှစ်) ကို ဇူလိုင်လ (၂၆) ရက်နေ့က ဖမ်းဆီး ချုပ်နှောင် ထားခဲ့သည်။

၎င်းကို တရားမ၀င် လက်ထပ်ထားသည်ဟု စွပ်စွဲ၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ဇူလိုင်လ (၂၇) ရက်နေ့တွင် ငွေကျပ် ၂ သိန်းခွဲ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ ၎င်းသည် အလွန်ဆင်းရဲသူ တစ်ဦး ဖြစ်ပြီး၊ ငွေကျပ် ၂ သိန်းခွဲ ပေး၍ ပြန်လည် လွတ်မြောက်လာရန် အတွက် အခက်အခဲပေါင်းစုံ ကြုံတွေ့ခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေစခန်း ရှေ့မှ ဖြတ်သန်းလျှင် ရွာထွက်လက်မှတ် ပြရမည်ဟု ဇူလိုင်လ (၃၁) ရက်နေ့မှစ၍ အမိန့်ထုတ်ပြန်လိုက်သဖြင့် ရွာထွက်လက်မှတ် ပြနိုင်သူမှသာ ဖြတ်သန်းခွင့် ပေးကြောင်း၊ အင်းဒင်ကျေးရွာအုပ်စု အတွင်း နေထိုင်သူများပင် ရွာထွက် လက်မှတ် ပြနိုင်မှ ဖြတ်သန်းခွင့် ရကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။




Comment ရေးရန်

Rohingya Exodus