November 10, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရိုဟင်ဂျာများ၏ အဆောက်အအုံများ ဖြိုချဖျက်ဆီးခြင်း ရပ်တန့်ရန် ပူးတွဲကြေညာချက်




ပူးတွဲထုတ်ပြန်ချက်

ရက်စွဲ။ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၃ ရက်။

ဗလီဝတ်ကျောင်းများ၊ ဘာသာရေး စာသင်ကျောင်းများနှင့် ရိုဟင်ဂျာနေအိမ်များအား ဖြိုချဖျက်ဆီးနေသည့် စီမံကိန်း များအား ရပ်တန့်ရန်။


ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များ အတွင်းရှိ ဗလီဝတ်ကျောင်းတော် ၁၂ လုံး နှင့် ဘာသာရေး စာသင်ကျောင်း ၃၅ ကျောင်းတို့ အပါအဝင် ရိုဟင်ဂျာတို့၏ အဆောက်အအုံ (၃၀၀၀) ကျော်အားတရားမဝင်ဟူသော အကြောင်းပြချက်ဖြင့် ဖြိုချဖျက်ဆီးမည့် ရခိုင်ပြည်နယ်အစိုးရ ၏ စီမံကိန်းအား အောက်တွင် လက်မှတ်ရေးထိုးထားသည့် ကျွန်ုပ်တို့ အဖွဲ့အစည်းများမှ ပြင်းထန်စွာ ကန်ကွက် ရှုတ်ချပါသည်။

ရိုဟင်ဂျာအဆောက်အအုံများအား ဖြိုချဖျက်ဆီးသည့် အမိန့်အား ရခိုင်ပြည်နယ်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းမှ စက်တင်ဘာလ (၁၈) ရက်နေ့တွင် မောင်တောမြို့နယ်၌ ထုတ်ပြန်ခဲ့ပြီး မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ်မှလည်း ထပ်မံအတည်ပြုပြောကြားခဲ့သည့်အတွက် ရိုဟင်ဂျာလူ့အဖွဲ့အစည်းတစ်ရပ်လုံးက စိုးရိမ်ပူပန်လျက်ရှိကြသည်။ ဤစီမံကိန်းသည် အကာအကွယ်မဲ့နေသည့် ရိုဟင်ဂျာများအလုံးစုံ ပျက်သုဉ်းရေးနှင့် မျိုးတုန်းသန့်စင်ရေးမူဝါဒ၏ အစိတ်အပိုင်းပင်ဖြစ်သည်။

ဤအမှုသည် နယ်မြေတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုတို့ကို ပျက်ပြားစေရန် ရည်ရွယ်ကာ ရခိုင်ပြည်နယ်အစိုးရနှင့် ရခိုင်ဗုဒ္ဓဘာသာ အစွန်းရောက် ခေါင်းဆောင်တို့ ပူးပေါင်းကြံစည်လုပ်ဆောင်သည့် လုပ်ရပ်ဖြစ်ပြီး၊ အခြေအနေမဲ့ ရိုဟင်ဂျာများ ပိုမိုများပြားလာစေကာ၊ ခွဲခြားဆက်ဆံသည့် ဒုက္ခသည် စခန်းများ မောင်တော ခရိုင်တွင် ဖြစ်တည်လာစေရန်နှင့် ရိုဟင်ဂျာများအား ၎င်းဒုက္ခသည်စခန်းများ အတွင်း ထားရှိရန်ဆောင်ရွက်ခြင်းသာ ဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့ကုလသမဂ္ဂ ၇၁ ကြိမ်မြောက် အထွေထွေ ညီလာခံ၌ ပထမဦးဆုံး မိန့်ခွန်းပြောကြားသည့်အချိန်နှင့် ချိန်ကိုက်ကာ အဆိုပါ နိမိတ်ဆိုးအစီအမံအား ကြေငြာခဲ့ခြင်းသည် အံ့အားသင့်ဖွယ်ရာဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းမိန့်ခွန်းပြောကြားရာ၌ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းခြင်းအား ညွှန်းဆိုကာ ရိုဟင်ဂျာများနှင့် မွတ်စ်လင်မ် လူနည်းစုများအပေါ် မတရားပြုမူမှုများ အားပပျောက်စေရန် သူမ၏ အစိုးရအဖွဲ့မှ မည်သို့မည်ပုံ ကြိုးစားလျက်ရှိကြောင်း ကာကွယ်ပြောဆို သွားခဲ့သည်။ ရခိုင်ပြည်နယ်တွင်းရှိ လူတိုင်းသည် ဘေးကင်း လုံခြုံမည်ဟုလည်းသူမက ပြောကြားခဲ့သည်။

၁၉၆၂ ခုနှစ်၊ ဦးနေဝင်း၏ စစ်အစိုးရ လက်ထက်မှစတင်ကာ ရိုဟင်ဂျာများ၏ အခြေခံအခွင့်အရေးများနှင့် လွတ်လပ်မှုများသည် ပြင်းထန်စွာကန့်သတ်ခြင်းခံနေရသည့်အတွက် ရိုဟင်ဂျာများသည် လူမျိုးရေး၊ ဘာသာ ရေးနှင့် နိုင်ငံရေးဆိုင်ရာ ဖိနှိပ်မှုများကို ခံစားနေရကာ၊ လူသားဆန်မှုနှင့်ဆန့်ကျင်နေသည့်ပြစ်မှုများသည် ဖြည်းညှင်း မျိုးတုန်းသတ်ဖြတ်မှုအဆင့်သို့ ရောက်ရှိ၍ ရိုဟင်ဂျာများသေကြေပျက်စီးခြင်း၊ ၎င်းတို့၏ နေအိမ် များနှင့် သာသနိကအဆောက်အအုံများအစုအပြုံလိုက်ဖျက်ဆီးခံ ရခြင်းတို့ကြောင့် ရိုဟင်ဂျာတို့သည်ဒုက္ခ သည်များအဖြစ်ဘင်္ဂလားဒေရှ်နိုင်ငံအပါအဝင် အခြားနိုင်ငံများသို့မဖြစ်စဖူးထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်မှာ ၁၉၇၈ ခုနှစ် နှင့် ၁၉၉၁-၁၉၉၂ တို့က သက်သေခံလျက်ရှိပါသည်။

န.စ.က တပ်ဖွဲ့အား ရခိုင်မြောက်ပိုင်း၌ ၁၉၉၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ချိန်မှစ၍ အာဏာပိုင်များထံမှခွင့်ပြုချက်မရှိဘဲ၊ မည်သည့်အဆောက်အဦကိုမှ အသစ်ဆောက်လုပ်ခြင်း၊ ချဲ့ထွင်ခြင်းတို့ပြုလုပ်ခွင့်မရှိပါ။ အဆောက်အဦအားပြင်ဆင်ခြင်း၊ နေအိမ်အားခြံစည်းရိုးခတ်ခြင်းတို့အတွက်ပင် အာဏာပိုင်များ၏ ခွင့်ပြုချက်လိုအပ်ပါသည်။ ဗလီဝတ်ကျောင်းများနှင့် ဘာသာရေးစာသင်ကျောင်းများ ဆောက်လုပ်ခွင့်မရှိသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ရုံမက၊ အစ္စလာမ်ဘာသာရေး အဆောက်အအုံများအား ဖြိုဖျက်ခြင်းများကိုမူ ရခိုင်ပြည်နယ် တစ်ခုလုံးတွင်စီမံကိန်းဖြင့် အကွက်ကျကျ ဆောင်ရွက်လျက်ရှိပါသည်။ ခရစ်သက္ကရာဇ် (၁၄၃၃) ခုနှစ်၌ မြောက်ဦးမြို့ မင်းတရပြင် အရပ်တွင် မွတ်စ်လင် တပ်မတော်မှ တည်ဆောက်ခဲ့သည့် သမိုင်းဝင်အကျော်အမော် စင်ဒီခန်းဗလီအား ၁၉၉၂ ခုနှစ်တွင် ဗိုလ်ချုပ်ခင်ညွန့်မှ ဖျက်ဆီးခဲ့ပါသည်။

၂၀၁၂ ခုနှစ် ဇွန်လမှ စတင်ခဲ့သည့် ရိုဟင်ဂျာလူနည်းစု အပေါ် အကြမ်းဖက်မှုများနှင့် လူမျိုးတုန်း သတ်ဖြတ် တိုက်ခိုက်မှုများကြောင့် ရာပေါင်းများစွာသောမွတ်စ်လင်မ်များ သေကြေခြင်း၊ ၁၆၀,၀၀၀ ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ ပြီးထောင်ပေါင်းများစွာသောလူများသည် စံမမှီသော လှေများဖြင့် အန္တရာယ်ပြွမ်းသော ပင်လယ်ခရီးကြမ်းကို သက်စွန့်စံဖျားဖြတ်ကျော်ကာအရှေ့တောင်အာရှနိုင်ငံများသို့ ထွက်ပြေးကြခြင်းကြောင့် အတော်များများသည် ရေနစ်သေဆုံးခြင်း၊ လူကုန်ကူးသူများစီရင်သည့် အစုလိုက်အပြုံလိုက်မြှုပ်နှံရာ သင်္ချိုင်းတွင်းများ၌ ဘဝအဆုံး သတ်ခဲ့ကြရသည်။

ဤသို့သောဖြစ်ရပ်များ များစွာဖြစ်ပွားခဲ့သော်လည်း ရခိုင်ပြည်နယ်အစိုးရသည် ၎င်းတို့၏ လိမ်လည်လှည့်ဖြား မှုနှင့် ရိုဟင်ဂျာများအပေါ် လူမျိုးနှင့်ဘာသာတရား အခြေခံရက်စက်မှုများနှင့်ပတ်သက်၍ အသိတရားမရရှိ သေးပါ။ တရားမဝင်အဆောက်အအုံများဟူသော စွဲချက်သည်အခြေအမြစ်မရှိရုံမက၊ နိုင်ငံရေးအသုံးချမှုသာ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သက်ဆိုင်ရာအာဏာပိုင်များ၏ သဘောတူခွင့်ပြုချက်မရှိဘဲ အဆောက်အအုံများ ဆောက်လုပ်ခဲ့မှုသည် လုံးဝမဖြစ်နိုင်သောကြောင့်ပင်။

အပြည်ပြည်ဆိုင်ရာလူ့အဖွဲ့အစည်းအနေဖြင့်ကမ္ဘာ့ကုလသမဂ္ဂ စာချုပ်နှင့်လျော်ညီစွာ ရခိုင်ပြည်ရှိ မွတ်စ်လင် ရိုဟင်ဂျာများအား အကာအကွယ်ပေးရန် ထိရောက်သောအရေးယူမှုတို့ကို အချိန်နှင့်တစ်ပြေးညီ အတူတကွ ဆောင်ရွက်ရန်အရေးကြီးနေပါသည်။သို့မဟုတ်ပါကအကာအကွယ်မဲ့နေသော ရိုဟင်ဂျာလူ့အဖွဲ့အစည်းသည် ဖျောက်ဖျက်ခြင်းခံရမည်သာဖြစ်ပါသည်။ သို့ပါသောကြောင့် NLD ဦးဆောင်သောအစိုးရအားဖိအားပေးရန် ကျွန်ုပ်တို့သည် အပြည်ပြည်ဆိုင်ရာလူ့အဖွဲ့အစည်း၊ ကမ္ဘာ့ကုလသမဂ္ဂ၊ OIC၊ EU၊ ASEAN၊ US နှင့် UK တို့အားလေးစားစွာပန်ကြားအပ်ပါသည်။

(၁) ရခိုင်ပြည်နယ်ရှိ ဗလီဝတ်ကျောင်းများ၊ ဘာသာရေးစာသင်ကျောင်းများ နှင့် ရိုဟင်ဂျာတို့၏ အဆောက် အအုံများအား တရားမဝင်ဆောက်လုပ်ထားသည်ဟူသော အကြောင်းပြချက်ဖြင့် ဖျက်ဆီးပစ်မည့် စီမံကိန်းအား ချက်ခြင်းရပ်တန့်ရန်။

(၂) လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်၊ သာသနိကအဆောက်အအုံများအားအကာအကွယ်ပေးခြင်း၊ လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်၊ လက်ထပ်ထိမ်းမြားခွင့်၊ ပညာသင်ကြားခွင့်၊ ကျန်းမာရေးအစောင့်အရှောက်၊ တည်ငြိမ်းအေးချမ်းစွာနေထိုင်ခွင့် အပါအဝင် အခြေခံလွတ်လပ်များအားချက်ခြင်းပြန်လည်ပေးအပ်ရန် နှင့် ရခိုင် ပြည်နယ်တွင်းရှိ အကူအညီပေးရေးကန့်သတ်ပိတ်ပင်တားမြစ်ချက်များအားလုံးကိုရုပ်သိမ်းပေးရန်။

(၃) ဖိနှိပ်ညှင်းပန်းမှုများအားလုံးနှင့် အကျယ်ချုပ်သဖွယ်နေထိုင်စေမှုများအားလုံးကို အဆုံးသတ်ပေးရန်၊ ဒုက္ခသည်စခန်းများအားလုံးရှိ ဒုက္ခသည်များကို ပြန်လည်ထူထောင်ပေးရန်နှင့် မူလနေရာများသို့ပြန်လည် နေထိုင်စေရန်။

ရိုဟင်ဂျာများနှင့် အခြားမြန်မာနိုင်ငံသားများအပေါ်ကျူးလွန်လျှက်ရှိသည့် ပြစ်မှုများအားစုံစမ်းစစ်ဆေးပြီး တွေ့ရှိ ချက်များကို ကမ္ဘာသိဖော်ပြနိုင်ရန်နှင့်ကျူးလွန်သူများကို တရားဥပဒေဘောင်အတွင်းသို့ဆောင်ယူလာနိုင်မည့် ကမ္ဘာ့ကုလသမဂ္ဂစုံစမ်းရေးကော်မရှင်တစ်ရပ်ပေါ်ပေါက်လာရေး အထောက်အပံ့ပြုရန် လတ်တလောအားဖြင့် ကျွန်ုပ်တို့သည် အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းအားတိုက်တွန်းအပ်ပါသည်။

လက်မှတ်ရေးထိုးသည့်အဖွဲ့အစည်းများ

၁။ အာရ်ကာန်ရိုဟင်ဂျာအမျိုးသားအစည်းအရုံး (Arakan Rohingya National Organisation)
၂။ မြန်မာရိုဟင်ဂျာအစည်းအရုံး UK (Burmese Rohingya Organisation UK)
၃။ ဘရဒ်ဖိုဒ် ရိုဟင်ဂျာ အသိုင်းအ၀ိုင်း UK (Bradford Rohingya Community in UK)
၎။ ဒိန်းမတ် မြန်မာရိုဟင်ဂျာအသိုင်းအ၀ိုင်း (Burmese Rohingya Community in Denmark)
၅။ ဂျာမနီ ရိုဟင်ဂျာအသိုင်းအ၀ိုင်း (Rohingya Community in Germany)
၆။ ဆွစ်ဇလန် ရိုဟင်ဂျာအသိုင်းအ၀ိုင်း (Rohingya Community in Switzerland)
၇။ နော်ဝေး ရိုဟင်ဂျာအသိုင်းအ၀ိုင်း (Rohingya Organisation Norway)
၈။ ဖင်န်လန် ရိုဟင်ဂျာအသိုင်းအ၀ိုင်း (Rohingya Community in Finland)
၉။ အီတလီ ရိုဟင်ဂျာအသိုင်းအ၀ိုင်း (Rohingya Community in Italy)
၁၀။ ဆွီဒင် ရိုဟင်ဂျာအသိုင်းအ၀ိုင်း (Rohingya Community in Sweden)
၁၁။ နယ်သာလန် ရိုဟင်ဂျာအသိုင်းအ၀ိုင်း (Rohingya Society Netherlands)

သတင်းအချက်အလက်များ ထပ်မံသိရှိလိုပါက၊ အောက်ပါ ပုဂ္ဂိုလ်များအား ဆက်သွယ်နိုင်ပါသည်။

ထွန်းခင် -- မိုဘိုင်း +၄၄ ၇၈၈၈၇၁၄၈၆၆
ကိုကိုလင်း -- မိုဘိုင်း +၈၈၀ ၁၇၂၆၀၆၈၄၁၄
နေဆန်းလွင် -- မိုဘိုင်း +၄၉ ၆၉ ၂၆၀၂၂၃၄၉

Comment ရေးရန်

Pages 22123456 »
Rohingya Exodus