MYARF
RB News
20.4.2017
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဘဒဂါး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် သမီးဖြစ်သူ၏ မင်္ဂလာပွဲကို အကြောင်းပြု၍ ရွာသားများထံမှ အတင်းအဓမ္မ ငွေကောက်ခံလျက် ရှိကြောင်း သတင်းရရှိပါသည်။
ဘူးသီးတောင်မြို့နယ် ဘဒဂါး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအိဒိရိစ်သည် သမီးဖြစ်သူ၏ မင်္ဂလာပွဲကို ဧပြီလ (၄) ရက်နေ့က ကျင်းပရန် စီစဉ်ထားခဲ့သော်လည်း ဧပြီလ (၃) ရက်နေ့တွင် နယ်မြေရှင်းလင်းရေးအဖွဲ့ ရောက်ရှိလာသောကြောင့် မင်္ဂလာပွဲကို မကျင်းနိုင်ခဲ့ကြောင်း၊ ငွေကြေးတတ်နိုင်သူများကိုသာ မင်္ဂလာပွဲသို့ ဖိတ်ခေါ်ခဲ့ပြီး ရာအိမ်မှူးများထံမှ လက်ဆောင်အတွက်ဟု ဆိုကာ ငွေကျပ် တစ်သောင်းနှုန်းစီ ကြိုတင်ကောက်ခံခဲ့ကြောင်း ဒေသခံရွာသားများက RB News သို့ပြောပါသည်။
ဘဒဂါးကျေးရွာအုပ်စုတွင် ရွာငယ် ၉ ရွာရှိပြီး မိသားစု ၈၅၀ နီးပါးရှိသည်။ မိသားစု ၅၀၀ ကျော်မှ ငွေကျပ် သိန်း (၅၀) ကျော် ကောက်ခံထားရှိပြီး၊ ဘဒဂါးကျေးရွာအုပ်စုနှင့် ကပ်လျက်ရှိသည့် ကျင်းတောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမိုဟာမတ်ဆော်လိမ်ကလည်း အဆိုပါ မင်္ဂလာပွဲအတွက်ဟု ဆိုကာ ဧပြီလ (၁၅) ရက်နေ့တွင် ရပ်မိရပ်ဖများ ခေါ်၍ ငွေကြေးတတ်နိုင်သူ ၁၀၀ ဦးထံမှ ငွေကျပ် တစ်သိန်းစီ၊ စုစုပေါင်း ငွေကျပ် သိန်း (၁၀၀) ကောက်ခံပေးရန် အမိန့်ထုတ်ထားကြောင်း၊ ဧပြီလ (၁၇) ရက်နေ့တွင် ဦးဆီးရာဇ် (ဘ) ဦးနူရူအာမီးန်ထံမှ ငွေကျပ် တစ်သိန်းခွဲ ညှစ်ယူထားကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရပါသည်။
MYARF
RB News
19.4.2017
ခမောင်းဆိပ် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ခမောင်းဆိပ်မြို့ ၊ မင်းခမောက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းသို့ အောင်ဇူ နယ်မြေရုံးမှ ယာယီတာဝန်ဖြင့် ရောက်ရှိလာသော ယာယီစခန်းမှူး ဒုရဲအုပ်သည် ဒေသခံရွာသားများထံမှ နေ့စဉ် ငွေသိန်းချီ ညှစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
မင်းခမောက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းသို့ စခန်းမှူးအဖြစ် ယာယီ တာဝန်ထမ်းဆောင်ရန် ရောက်ရှိနေသည့် ဒုရဲအုပ်သည် မင်းခမောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်နှင့် မကျီးချောင်းကျေးရွာ ရာအိမ်မှူးဖြစ်သူ ဦးနူရ်အစ္စလာမ်တို့နှင့် ပူးပေါင်း၍ ဒေသခံရွာသူရွာသားများကို အပြစ်မရှိ အပြစ်ရှာ၍ ဖမ်းဆီးခေါ်ဆောင်သွား၍ စခန်းတွင် ခြောက်ပေါက် ထည့်သွင်းပြီး၊ အမျိုးသမီးများပါမကျန် ရိုက်နှက်နှိပ်စက် ခြိမ်းခြောက်ပြီး အတင်းအဓမ္မ ငွေညှစ်လျက်ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ဧပြီလ (၁၄) ရက်နေ့ တစ်ရက်တည်းတွင် ဦးဟာဖီးဇ်မာမတ်ရော်ဖိခ် (ဘ) ဦးအော်လီအာမတ် ထံမှ ငွေကျပ် (၆) သိန်း၊ ဦးနာဇိရ်ဟူစိန်း (ဘ) ဦးမူဇေရ်မျာ ထံမှ ငွေကျပ် (၃) သိန်း၊ ဒေါ်တော်ယိုဘာဘေဂမ် (ဘ) ဦးအာမီးရ်ဟူစိန်းနှင့် အပေါင်းအပါ (၄) ဦးထံမှ ငွေကျပ် (၈) သိန်း၊ ဒေါ်ဟာမီဒါခါတူ (ဘ) ဦးဟူစိန်းအလီ ထံမှ ငွေကျပ် တစ်သိန်းခွဲ ညှစ်ယူခဲ့ကြောင်း၊ ထို့အပြင် ဒေါ်ဒေါလူ (ဘ) ဦးအဒူဇော်လိလ်ပိုင် န.တ.လ လယ်မြေများ အနီးရှိ လယ်မြေ ၀.၂၀ ဧက ကို မကျီးချောင်းကျေးရွာအုပ်စု မြေတိုင်းစာရေးနှင့် ပူးပေါင်း၍ အုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်က မတရားသဖြင့် သိမ်းယူပြီး လွန်ခဲ့သော ၂၅ နှစ်က ကျူးကျော်ခဲ့သည်ဟု ဆိုကာ ဒဏ်ငွေအဖြစ် ခေါင်းစဉ်တပ်၍ ငွေကျပ် (၁၂) သိန်း ညှစ်ယူခဲ့ကြောင်း၊ လယ်မြေ ပိုင်ရှင် အမျိုးသမီးသည် ညှဉ်းပန်းနှိပ်စက်မှု ဒဏ်ကို မခံနိုင်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြောင်း၊ ယာယီစခန်းမှူး တာဝန်ထမ်းဆောင်နေသည့် ဒုရဲအုပ်သည် ယင်းကင်းစခန်းတွင် တစ်လခန့် ဆက်လက်၍ တာဝန်ထမ်းဆောင်မည် ဆိုပါက တစ်ရွာလုံး ထွက်ပြေးသွားရမည့် အခြေအနေ ဖြစ်လာနိုင်သည်ဟု ဒေသခံများက ပြောပါသည်။

Rohingya Eye
RB News
17.4.2017
မြင်းလွတ် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ မြင်းလွတ်မြို့နယ်ခွဲ ရပ်ကွက် (၈) အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်း၏ အဆောက်အဦများ အမိုးမိုးရန် အတွက် သက်ကယ်များကို ရွာသားများထံမှ အတင်းအဓမ္မ ကောက်ခံလျက် ရှိကြောင်း သတင်းရရှိပါသည်။
မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွတ်မြို့နယ်ခွဲ ရပ်ကွက် (၈) (ဟော်ရော်သိလ္လာရွာ) အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်း၏ အဆောက်အဦများ အမိုးမိုးရန်အတွက် သက်ကယ်များကို ရွာသားများထံမှ ကောက်ခံပေးရန် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးဟာမိတ်ဒူလ္လာကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဧပြီလ (၁၄) ရက်နေ့တွင် ညွန်ကြားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
သက်ကယ်များကို သက်ကယ်စိုက်ခင်း တစ်ခုစီမှ တစ်စည်းစီ ပေးသွင်းရန် အကယ်၍ သက်ကယ်မပေးပါက ကင်းစခန်းသို့ လာရောက်၍ ဒဏ်ငွေ ပေးဆောင်ရမည်ဟု ခြိမ်းခြောက် အကျပ်ကိုင်လျက် ရှိကြောင်း သိရှိရသည်။
သက်ကယ်စိုက်ခင်းရှိသူ ၁၀၀ ဦးမှ တစ်စည်းနှုန်းဖြင့် သက်ကယ် အစည်း ၁၀၀ ပေးရမည် ဖြစ်သည်။ သက်ကယ် တစ်စည်း၏ တန်ဖိုးမှာ ငွေကျပ် သုံးထောင် ဖြစ်သည်။
သက်ကယ်စိုက်ခင်းရှိသူ တစ်ဦးက “ကျွန်တော်တို့က ငါးဖမ်းခွင့်လည်း မရ၊ တစ်နေရာကနေ တစ်နေရာကို သွားလာခွင့်လည်း မရတဲ့ အခြေအနေမှာ သက်ကယ်တွေ ရောင်းပြီးတော့ မိသားစု စားဝတ်နေရေး ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ အချိန်မှာ အခုလို မတရားသဖြင့် ကောက်ခံနေတာက အလွန်ကို စိတ်ပျက်စရာ ကောင်းပါတယ်” ဟု ပြောပါသည်။

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ တံတားအနီးရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှူးမှ ရဲမှူးကျော်သီဟသည် “ရာထူးတက်ရန်မရှိ ဆေးရုံတက်ရန်သာရှိ” ဟု ပြောဆို၍ ရွာသားများထံမှ မတရားသဖြင့် ငွေညှစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
ဂေါ်ဒူသာရ တံတားအနီးရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်းမှူး ရဲမှူးကျော်သီဟသည် စစ်တပ်မှ ပြောင်းရွှေ့လာသူဖြစ်ပြီး၊ ယခင်က ငွေရေးကြေးရေး အဆင်မပြေသူဖြစ်ကာ ၀န်ထမ်းဘ၀ နောက်ဆုံးချိန်တွင် ချမ်းသာလာနိုင်ရန်အတွက် အထက်လူကြီးများက အခွင့်အရေးပေးလိုက်ချိန်တွင် အစွမ်းကုန်ကြိုးစား လှုပ်ရှားလျက်ရှိပြီး တွေ့သမျှ ရိုဟင်ဂျာ ကလေး၊ လူငယ်လူရွယ် အမျိုးသမီးများပါ မကျန် ဖမ်းဆီး ခေါ်ဆောင်၍ ကင်းစခန်းတွင် ငွေညှစ်လျက်ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ဧပြီလ (၁၃) ရက်နေ့ နေ့လည် (၂) နာရီအချိန်တွင် အလယ်ရွာမှ ဦးဆယာဒ်ဟူစိန်း (ဘ) ဦးအဒူကာဒဲရ် အပါအ၀င် ရွာသား (၆) ဦးသည် မင်္ဂလာပွဲသို့ သွားရောက်ရန် နေအိမ်မှ ထွက်ပြီး ကားလမ်းပေါ်သို့ ရောက်လာချိန်တွင် ဖမ်းဆီး၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။
ဧပြီလ (၁၀) ရက်နေ့ ညနေ (၄) နာရီခန့်တွင် ဘူးသီးတောင်မြို့နယ် အောက်ပိုင်း အနောက်ဘက်ခြမ်း တောင်ခြေရင်းရှိ ဆရာဝန် မရှိသည့် ကျေးရွာမှ ရွာသား (၁၂) ဦးသည် ဆေးကုသရန် မောင်တောမြို့သို့ ရောက်နေချိန်တွင် ဂေါ်ဒူသာရရွာ၌ ခေတ္တနားနေစဉ် ဖမ်းဆီး၍ ငွေကျပ် (၁၄) သိန်း ညှစ်ယူခဲ့သည်။
ဧပြီလ (၈) ရက်နေ့တွင် ဦးအဘူးမူဟိမ်း (ဘ) ဦးဆိဒိတ်နှင့် ဦးဇော်မိလ် (ဘ) ဦးဇာဖော်ရ် တို့နှစ်ဦးသည် တောင်မှ ထင်းခုတ်၍ ပြန်လာစဉ် ဖမ်းဆီးပြီး ငွေကျပ် (၂) သောင်း၊ ဒုချီးရားတန်းရွာမှ ဦးရော်ဖိခ် (ဘ) ဦးအဒူရော်ဇတ်သည် ချောင်းကမ်းနားတွင် မြက်ရိတ်နေစဉ် ဖမ်းဆီး၍ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
ဧပြီလ (၇) ရက်နေ့တွင် မော်လ၀ီရော်ဖိခ် (ဘ) ဦးရှားကဲရ်နှင့် အိမ်နီးချင်း ကလေး (၅) ဦးတို့သည် နံနက် ၁၀း၃၀ နာရီခန့်အချိန်တွင် ပုဇွန်ကန်မှ ငါးဖမ်းပြီး ပြန်လာစဉ် ရွာတွင်းဖမ်းဆီးပြီး မော်လ၀ီရော်ဖိခ် ထံမှ ငွေကျပ် တစ်သိန်းခွဲနှင့် ကလေးများထံမှ ငွေကျပ် တစ်သောင်းစီ ညှစ်ယူခဲ့ကြောင်း၊ ဧပြီလ (၅) ရက်နေ့တွင် ဦးမာမတ်ရှော်ဟီးဒ် (ဘ) ဦးမာမတ်ဝါရေစ်နှင့် ဦးရော်ရှိဒူလ္လာ (ဘ) ဦးမော်တော်လောဗ် တို့နှစ်ဦးကို စခန်းအနီးမှ ဖြတ်သွားစဉ် ဖမ်းဆီး၍ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရပါသည်။
ယခုကဲ့သို့ ဒေသခံများကို ဖမ်းဆီး၍ မတရားသဖြင့် ငွေညှစ်နေခြင်းကို အထက်အာဏာပိုင်များက ဟန့်တား ပေးရန် တောင်းဆိုသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။
MYARF
RB News
17.4.2017
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ခမရ (၅၅၂) တပ်ရင်းမှ တာဝန်ခံတပ်ရင်းမှူး အပါအ၀င် တပ်ဖွဲ့ဝင် (၄) ဦးတို့က ၀တ်ပြုရန် ပြင်ဆင်နေသည့် အသက် (၆၀) ကျော် သက်ကြီးရွယ်အို ရိုဟင်ဂျာနှစ်ဦးကို ဖမ်းဆီး ရိုက်နှက်ခဲ့သည့် အပြင် ဒဏ်ရိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဧပြီလ (၁၆) ရက်နေ့ ည ၆ နာရီခွဲခန့် အချိန်တွင် ဘူးသီးတောင်မြို့နယ် ခြင်းသားကျေးရွာအုပ်စုရှိ ဗလီ၌ ၀တ်ပြုရန်သွားသည့် အသက် (၆၀) ကျော် သက်ကြီးရွယ်အို ရိုဟင်ဂျာနှစ်ဦးကို ခမရ (၅၆၄) မှ ရေကစားပြီး ပြန်လာသည့် ခမရ (၅၅၂) တပ်ရင်းမှ တာဝန်ခံတပ်ရင်းမှူး အပါအ၀င် တပ်ဖွဲ့ဝင် (၄) ဦးတို့က ဗလီခြံဝန်းထဲတွင် မြင်တွေ့ပြီးနောက် ၀င်ရောက် ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ဖမ်းဆီးခံရသူနှစ်ဦးမှာ --
ဖမ်းဆီးခံရသူနှစ်ဦးမှာ --
(၁) ဦးဆော်ယာဒ်အာလောမ် (ဘ) ဦးအဘူဘော်ကော်ရ်
(၂) ဦးအဒူမူနာဖ် (ဘ) ဦးရှောမ်ရှု တို့ဖြစ်ကြသည်။
တပ်ဖွဲ့ဝင်များက အဆိုပါ သက်ကြီးရွယ်အိုနှစ်ဦးကို ဖမ်းဆီးပြီးနောက် ခြေဖြင့် ကန်ကျောက်ခြင်း၊ ပါးရိုက်ခြင်းများ ပြုလုပ်၍ ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း မျက်မြင်သက်သေများက RB News သို့ပြောပါသည်။
တပ်ဖွဲ့ဝင်များက အဆိုပါ သက်ကြီးရွယ်အိုနှစ်ဦးကို ဖမ်းဆီးပြီးနောက် ခြေဖြင့် ကန်ကျောက်ခြင်း၊ ပါးရိုက်ခြင်းများ ပြုလုပ်၍ ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း မျက်မြင်သက်သေများက RB News သို့ပြောပါသည်။
တပ်ဖွဲ့ဝင်များက ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ပြီးနောက် တပ်ရင်းမှူးက “နောက်ထပ်မရိုက်နဲ့တော့” ဟု ၎င်း၏ လက်အောက်ငယ်သားများကို တားမြစ်ခဲ့ပြီး၊ ဖမ်းဆီးခံရသူနှစ်ဦးကို ပြေးသွားခိုင်းခဲ့သည်။ ဖမ်းဆီးခံထားရသူ သက်ကြီးရွယ်အိုနှစ်ဦးက တပ်ရင်းမှူး၏ အမိန့်ကို မလိုက်နာလျှင် နောက်ထပ် ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခံရမည်ကို စိုးရိမ်၍ တပ်ရင်းမှူး အမိန့်ပေးသည့်အတိုင်း ပြေးထွက်သွားခဲ့ရာ တပ်ရင်းမှူး အပါအ၀င် တပ်ဖွဲ့ဝင်များက မော်တော်ဆိုင်ကယ်ဖြင့် နောက်မှ သေနတ်ချိန်ရွယ်၍ လိုက်လာပြီး တစ်မိုင်ခန့်အထိ ပြေးခိုင်းခဲ့သည်။
အဆိုပါ သက်ကြီးရွယ်အို နှစ်ဦးကို တစ်မိုင်ခန့်အထိ ပြေးခိုင်းခဲ့ပြီးနောက် နောက်ထပ်တစ်ခါ ဖမ်းဆီးခဲ့ပြီး တပ်ရင်းသို့ ခေါ်ဆောင်သွားချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်ရွာလူကြီးတစ်ဦးတို့ ရောက်ရှိလာပြီး သက်ကြီးရွယ်အို နှစ်ဦးကို ပြန်လည် လွှတ်ပေးရန် တပ်ရင်းမှူးနှင့် အဖွဲ့ကို အနူးအညွတ်တောင်းပန်ခဲ့သော်လည်း ၎င်းတို့ကိုပါ မိုက်ရိုင်း ညစ်ညမ်းစွာ ဆဲဆိုခဲ့သည်။
နောက်ဆုံးတွင် တပ်ရင်းမှူးက “မနက်ဖြန်မနက် တပ်ရင်းကို လာခေါ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူးကို မှာကြား၍ တပ်ရင်းမှူးနှင့်အဖွဲ့ ပြန်သွားခဲ့သည်။
ဧပြီလ (၁၇) ရက်နေ့တွင် သက်ကြီးရွယ်အိုနှစ်ဦးကို သွားရောက်ခေါ်ဆောင်ရာတွင် တပ်ရင်းမှူးနှင့် အဖွဲ့က ငွေအစား ကြက်ဖ (၁၅) ကောင် ဒဏ်ရိုက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
MYARF
RB News
17.4.2017
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံကျေးရွာအုပ်စု ဆင်သေပြင်ရွာသို့ စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ၀င်ရောက်စီးနင်းခဲ့ကြောင်း သတင်းရရှိပါသည်။
ဧပြီလ (၁၆) ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်းကျေးရွာအုပ်စု တောင်ရွာမှ ရွာသားတစ်ဦး ပျောက်ဆုံးသွားခဲ့သည်ဟု အကြောင်းပြု၍ ဧပြီလ (၁၇) ရက်နေ့တွင် လောင်းဒုံကျေးရွာအုပ်စု ဆင်သေပြင်ရွာသို့ နံနက် (၇) နာရီ အချိန်တွင် အင်အား (၄၀) ခန့်ရှိသည့် စစ်တပ်မှ အဖွဲ့တစ်ဖွဲ့၊ နံနက် (၈) နာရီ အချိန်တွင် အင်အား (၃၀) ခန့်ပါသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အဖွဲ့တစ်ဖွဲ့၊ နံနက် (၉) နာရီအချိန်တွင် အင်အား (၆၀) ခန့်ပါသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် စစ်တပ် ပူးပေါင်းအဖွဲ့တစ်ဖွဲ့၊ နှစ်နာရီအတွင်း အင်အား (၁၃၀) ခန့်ရှိသည့် စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး ဆင်သေပြင်ရွာ တစ်ရွာလုံးကို ပိုက်စိတ်တိုက် ရှာဖွေခဲ့သည်။ ၎င်းတို့သည် တစ်စုံတစ်ရာ ရှာမတွေ့သော်လည်း အလယ်ရွာရှိ ဦးအဘူဘော်ကော်ရ်ဆိဒိတ်၏ နေအိမ်ကို တပ်ဖွဲ့ဝင် (၅) ဦးက နေအိမ်တံခါး ရိုက်ချိုး ၀င်ရောက်၍ နေအိမ်အတွင်းရှိ အ၀တ်အစား သေတ္တာများ၊ မှန်ဘီရိုများနှင့် အသုံးအဆောင်ပစ္စည်းများ ထည့်ထားသည့် သစ်သားဘီရိုများကို ရိုက်ချိုး ဖျက်ဆီးသည့် အပြင် နေအိမ်အတွင်းရှိ အမျိုးသမီးများကို စာသင်ကျောင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
တပ်ဖွဲ့ဝင်များက ရွာအတွင်းရှိ အမျိုးသမီးများနှင့် ကလေးငယ်များကို နေအိမ်များမှ ဆွဲထုတ်၍ နေပူထဲတွင် ရပ်ခိုင်းထားခဲ့ကြောင်း၊ ကြိမ်ချောင်းရွာမှ ပျောက်ဆုံးသွားခဲ့သည်ဟု ဆိုသည့် ရွာသားကို အမျိုးသမီးများနှင့် ကလေးငယ်များကို ရှာပေးရန် ပြောဆိုခဲ့ကြောင်း၊ ရှာမပေးလျှင် နေအိမ်များကို မီးရှို့ဖျက်ဆီး၍ ရွာပါ ဖျက်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ဌာနဆိုင်ရာပေါင်းစုံရှိသည့် ကြိမ်ချောင်းရွာမှ ဧပြီလ (၁၆) ရက်နေ့တွင် ပျောက်ဆုံးသွားသည်ဟု ဆိုသူကို တစ်စုံတစ်ဦးက ကြိမ်ချောင်းရွာမှ ဖမ်းဆီးသွားသည်ဟု ဆိုလျှင် ကြိမ်ချောင်းရွာမှ ဖမ်းဆီး၍ ခေါ်ဆောင်သွားစဉ် သက်ဆိုင်ရာက မဖမ်းဆီးဘဲ ဧပြီလ (၁၇) ရက်နေ့တွင် ဆင်သေပြင်ရွာသို့ လာရောက်ရှာဖွေခြင်း၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက ရှာဖွေမထုတ်နိုင်သည့်ကိစ္စကို အမျိုးသမီးများနှင့် ကလေးငယ်များကို ရှာဖွေဖော်ထုတ်ပေးရန် အမိန့်ပေး၍ အကျပ်ကိုင် ခြိမ်းခြောက်ခြင်း၊ ဆင်သေပြင်အလယ်ရွာမှ ဦးအဘူဘော်ကော်ရ်ဆိဒိတ်က ကြိမ်ချောင်းရွာမှ ပျောက်ဆုံးသွားခဲ့သည်ဟု ဆိုသူကို ဖမ်းဆီးလာသည်ဟု သံသယရှိလျှင် ဖမ်းဆီးလာစဉ် မဖမ်းခဲ့ဘဲ လွှတ်ထားခဲ့ခြင်း၊ ယခုကဲ့သို့ ဆင်သေပြင်ရွာကို ၀င်ရောက်စီးနင်း၍ ပစ္စည်းများ ဖျက်ဆီးခြင်း၊ အမျိုးသမီးများနှင့် ကလေးငယ်များကို လယ်ကွင်းပြင်တွင် နေပူလှန်းထားခြင်း တို့မှာ တည်ငြိမ်နေသည့် အခြေအနေကို ယိုယွင်းပျက်စီးစေရန် တမင် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်း ဖြစ်ပြီး၊ ကြိမ်ချောင်းရွာမှ ရွာသား ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဆင်သေပြင်ရွာနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။
(ဓါတ်ပုံ - ဦးအဘူဘော်ကော်ရ်ဆိဒိတ်၏ နေအိမ်တွင်းသို့ ၀င်ရောက် ဖျက်ဆီးခဲ့သည့်ပုံများ)
ရေသန့်ဗူးအခွံတစ်ခု၏ နောက်တွင်
ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB News
16.4.2017
(၁)
အပြင်မှာ နေကကျဲကျဲတောက်ပူနေသည်။ အချိန်ကလည်း မွန်းတည့်ချိန်မို့ လမ်းပေါ်မှာ လူအသွားအလာကလည်း အတော်နည်းပါး၏။ အချို့လမ်းသလားနေသူများကလည်း ထီးဆောင်းသူကဆောင်း၊ ဦးထုပ်ဆောင်းသူက ဆောင်းနှင့် နွေ၏ ပြင်းသော အပူဒဏ်ကို အကာအကွယ် ယူထားသည်။ သည်ထဲတွင် ထူးခြားနေသည့် ကောင်လေးနှစ်ယောက်။ ထိုကောင်လေးနှစ်ယောက်သည် နေပူကျဲကျဲမှာ ထီးလည်းမဆောင်းနိုင်၊ ဦးထုပ်လည်း မဆောင်းနိုင်။ ယုတ်စွအဆုံး ခန္ဓာပေါ် အင်္ကျီတောင်မပါဘဲ ကျစ်ကျစ်တောက် ပူနေသောနေအောက်တွင် ဟိုပြေးဒီပြေးနှင့် ဝမ်းရေးအတွက် ရုန်းကန်နေရသည်။ တိတိကျကျ ပြောရလျှင် သူများ စွန့်ပစ်သည့် ရေသန့်ဗူးအခွံ၊ အချိုရည်အခွံများစသည့် စွန့်ပစ်ပစ္စည်းများကို လိုက်ကောက်နေသူများသာဖြစ်သည်။ တစ်စုံတစ်ဦး၏ လက်ထဲမှ စွန့်ပစ်လာမည့်ပစ္စည်းတစ်ခုခုကို အမျှော်လင့်ကြီးမျှော်လင့်ရင်း ပီနံအိတ်အစုတ်ပလုပ် ကိုယ်စီနှင့် စောင့်ဆိုင်းနေတတ်သည့် အပေအတေ ကောင်လေးနှစ်ယောက်သာ ဖြစ်ပေ၏။
____
(၂)
သူ၏တန်ဖိုးကြီး အမှတ်အသားဖြင့် အဝတ်အစား၊ တပ်ထားသော အနက်ရောင် မျက်မှန်၊ လက်သူကြွယ်အပြင် လက်ခလယ်မှာပါ စွပ်ထားသော အကြီးစား ရွှေလက်စွပ်များ၊ သူစီးလာသည့် အဖြူရောင် PAJERO ကား ... အားလုံးကိုခြုံကြည့်လျှင် ဒီလူ ကျိကျိတက် ချမ်းသာနေသည့် လူတစ်ယောက်ဆိုတာ ပေါ်လွင်နေပါပြီ။ သေသေချာချာ ကြည့်လိုက်မှ (--------) ရွာက WY သူဌေးကြီး ဆိုမှန်း သိသာသည်။
ရေခဲစိမ်ပြီး အချိုရည်များ၊ အခြားစားသောက်စရာများ ရောင်းနေသော ဆိုင်ရှေ့ မနီးမဝေး၌ ကားကို လာရပ်လိုက်၏။ ကားဒရိုင်ဘာက ကားပေါ်ကဆင်းပြီး ထိုဆိုင်ထဲ ဝင်လာခဲ့သည်။ ဆိုင်ကောင်တာဆီသွားပြီး အအေးဖျော်နေသူကို တတွတ်တွတ် ဘာမှာနေသလဲတော့မသိ။ ဆိုင်ထဲမှာလည်း customer များက အပြည့်။ ပါဆယ်လာဝယ်နေသူများကလည်း ပါဆယ်ထုတ် ကောင်တာမှာ ပြည့်ကျပ်လို့နေသည်။ ကားဒရိုင်ဘာက ရေခဲစိမ်အအေးဘူး အငယ်တစ်ခုကို ယူလာပြီး ကားထဲ၌ ထိုင်နေသော သူဌေးကို လာပေးလိုက်သည်။ ပြီးလျှင် ဆိုင်ကောင်တာဆီ ပြန်သွားပြီး ရပ်စောင့်နေလိုက်တော့သည်။
____
(၃)
ပြည့်ကျပ်နေသော Costumer တွေကြောင့် Costumer တစ်ယောက်သည် အော်တာပေးသည်ကို ရဖို့ရန် အနည်းဆုံး ၁၅ မိနစ်ခန့် စောင့်ဆိုင်းနေရသည်။ အခုဆို ဒရိုင်ဘာစောင့်နေရသည်မှာ ၁၀ မိနစ်ကျော်ပြီ။ အော်တာပေးသည့်အရာလည်း ယခုထိမရေသေး။ သူဌေးက ကားထဲ၌ ဇိမ်နှင့်ထိုင်စောင့်နေရင်း အခုနက ဒရိုင်ဘာလာပေးသွားသော ရေခဲစိမ်ပြီးသာ ရေသန့်ဗူးကို ပြီးအောင်သောက်လိုက်သည်။ ပြင်းထန်လှသော အပူဒဏ်ကို ရေခဲစိမ်ရေဖြင့် ဖြေစေနေသလားတော့ မသိ။
ကားနှင့် မနီးမဝေးမှာတော့ စွန့်ပစ်ပစ္စည်းများ လိုက်ကောက်သည့် ဟိုကောင်လေးနှစ်ယောက်။ ကျလာမည့် ရွှေတုံးတစ်တုံးကို သူ့ထက်ငါဦးအောင် ရနိုင်ဖို့ ဇွဲရှိရှိ စောင့်ဆိုင်းနေသည့်ပုံစံသည် အင်မတန် စိတ်ဝင်စားဖွယ် ဖြစ်သည်။
ကားဒရိုင်ဘာက ပါဆယ်ထုပ်အကြီးကြီးကို ဆွဲပြီး ကားဆီလာနေပြီ။ ထိုအချိန်မှာ ကားပေါ်က သူဌေးလည်း ရေသောက်ပြီး၍ ရေသန့်ဗူးအခွံကို လမ်းဘေးသို့ ပစ်ချလိုက်၏။
ရေသန့်ဗူးအခွံ ကျလာသည့်နှင့် တစ်ပြိုင်နက် ဟိုအပေအတေ ကောင်လေးနှစ်ယောက်လည်း ဒုံးစိုင်း ရောက်လာခဲ့ပါရော့။ ရေသန့်ဗူးအခွံလေးတစ်ခုအပေါ် ကောင်လေးနှစ်ယောက်၏ လက်တစ်ဖက်စီက တစ်ပြိုင်နက်တည်း အုပ်မိုးနေလို့။ အခွံလေးကို ကိုယ်ဆွဲ သူဆွဲနှင့် အပြိုင်အဆိုင် ဆွဲနေရင်း ကောင်လေးနှစ်ယောက် မိနစ်ပိုင်းအတွင်း ရန်ပွဲဆောင်လာခဲ့သည်။ ရေသန့်ဗူးအခွံတစ်ခုက မွေးပေးသည့် ရန်ပွဲသည် နျူးကလိယားစစ်ပွဲ တစ်ပွဲလို မပြင်းထန်ပေမယ့် သူ့ဇာတ်သူ့အရပ်နဲ့တော့ ရန်ပွဲ အတော်ပီသခဲ့သည်။ ကောင်လေးနှစ်ယောက်ထဲမှ ကာယဗလာ နည်းနည်းသာ၍ အားကောင်းသည့် ကောင်လေးက သူ့ထက် အားနည်းသော ကောင်လေး၏ မျက်နှာတည့်တည့်ကို လက်သီး တစ်ချက်ထိုးလိုက်သည်။ အထိုးခံရသော ကောင်လေး၏ နှာခေါင်းမှ သွေးများ ဖြန့်ခနဲ့ စီးကျလာခဲ့၏။ သည်အဖြစ်အပျက်အားလုံးကို ပြုံးပြုံးလေး ကြည့်နေသူမှာ ဟိုဇိမ်ခံကားပေါ်က သူဌေး ဖြစ်ပါသည်။
ကားဒရိုင်ဘာ ရောက်လာပြီးနောက် ကားကို ဝုန်းခနဲ မောင်းသွားလိုက်သည့်အဆုံး ဟိုအပေအတေ ကောင်လေးနှစ်ယောက် အနီးမှာ ဖုန်တစ်သိုက်သာ ပျံ့နှံ့မွှေကာ ကျန်ရစ်နေလျက်....။
____
(၄)
သူဌေးလေး၏ PAJERO ကားသည် အချိန်အနည်းငယ်အတွင်း မျက်စိအမြင်မှ ကွယ်သွားခဲ့သော်လည်း သည်ကောင်လေး နှစ်ယောက်မှာတော့ ဝေဇယန်၏ မျက်လုံးနှစ်လုံး ရှေ့မှောက်တွင် ကျန်ရစ်နေမြဲ။ ရန်ပွဲသည်လည်း ယခုထိ မငြိမ်းသေး။ ကြိုကြားကြိုကြား ဖြစ်နေဆဲ။
ထိုင်နေရာမှ ဝေဇယန် ထရပ်လိုက်သည်။ ထို့နောက် ရန်ပွဲမြေပြင်သို့ လျှောက်သွားလိုက်၏။ ကောင်လေး နှစ်ယောက်ရှေ့မှောက် ရောက်လျှင် "ဘာတွေ ဖြစ်နေတာလဲ ညီလေးတို့" ဆိုပြီး ချိုချိုသာသာ မေးလိုက်သည်။ ကောင်လေး နှစ်ယောက်ကလည်း သူ့ကို နိုင်ငံတော်၏ တရားသူကြီးချုပ်တစ်ဦးလို ယုံကြည်သည့်ပုံစံဖြင့် သူတင်ကိုယ်တင် တစ်ပြိုင်နက်တည်း လျှောက်လဲချက်ပေးနေ၏။ ဝေဇယန်က ခေတ္တမျှ ဆိတ်ငြိမ်နေ၍ ကောင်လေးနှစ်ယောက်၏ ရှေ့နောက်မညီသော စကားများကို နားထောင်ပေးခဲ့သည်။ ပြီးနောက်--
" ငါ မင်းတို့ ပြဿနာကို ဖြေရှင်းပေးမယ်... နာခံမှာလား" ဆိုပြီး နည်းနည်းဩဇာသံဖြင့် မေးလိုက်သည်။
ထိုအခါ ရေသန့်ဗူးအခွံကို ကာယဗလအားကိုးဖြင့် အနိုင်ပိုင်ယူလိုက်သူက...
"အစ်ကို .. ဒီအခွံကို ကျနော်က ဦးတာပါ ... ကျနော်ဦးလို့ ကျနော်ပိုင်ရတာပေါ့" ဆိုပြီး သူ့ဖက်က အမှန်တရားကို ထပ်တလဲလဲ ခိုင်ခိုင်မာမာ ချပြနေသည်။
စွန့်ပစ်ပစ္စည်း လိုက်ကောက်နေသူတို့ နယ်ပယ်တွင် "ဦးသူပိုင်ရ" ဆိုသော စည်းမျှဉ်းရှိနေသလားတော့ ဝေဇယန်လည်း မသိ။ သို့သော် သည်ပြဿနာကို သူ တရားမျှစွာ ဖြေရှင်းပေးချင်သည်။
" အေး ... ညီလေး ပြောတာ လုံးဝမှန်တယ်... ဦးသူက ပိုင်ရမှာပေါ့..."
ဝေယဇန်၏ စကား အဆုံးတွင် ရေသန့်ဗူးအခွံပိုင်ရှင်လေးက အနိုင်မျက်နှာအသွင်နှင့်။ အနိုင်အပြုံးနှင့်။ သို့သော် ရေသန့်ဗူးအခွံလည်း ရှုံး လက်သီးလည်းကျွေးခံရသော ကောင်လေး၏ မျက်နှာကတော့ အရှုံးသမားတစ်ယောက်လို ရှုံးမဲ့သွားသည်ကို ဝေဇယန် မမြင်မြင်အောင် မြင်လိုက်သည်။ ပီနံအိတ်ကို မြေက လိုက်ကောက်ယူကာ ထွက်သွားရန် ဟန်ပြင်နေသော အရှုံးသမား ကောင်လေးကို ...
" ညီလေး ... ရေသန့်ဘူးအခွံ တစ်ခုက ၂၅ ကျပ်နော် ... ရော့ ဒီမှာ အခွံ ၂၀ ခုစာ "
ထွက်သွားရန် ဟန်ပြင်နေသည့် ကောင်လေးရှေ့ရပ်၍ ၅၀၀ တန်တစ်ရွက်ကို ကမ်းပေးနေသော ဝေဇယန်၏ မျက်နှာပေါ်တွင် အပြုံးက သိန်းသန်း ပွင့်လန်းလျက်။ ဝေဇယန် ပြုံးပြုံးလေး ကမ်းပေးနေသော ငွေစက္ကူကို ကောင်လေးက မယူဝံ့ ယူဝံ့နှင့် လှမ်းယူလိုက်၍...
"ကျေးဇူးတင်ပါတယ်အစ်ကို ... ဟိုအခွံက ကျနော့်ထက် သူအရင်ဦးတာ မှန်ပါတယ်... ဒါပေမယ့် ကျနော့် အမေက ကျန်းမာရေးမကောင်းတော့ ဆေးကုစရိတ် လိုနေလို့ ကျနော် အတင်းလုမိတာပါ ... အခွံတွေ အများကြီးရမှ ငွေများများ ရမယ်... ငွေများများရမှ အမေ့ကို ဆေးခန်းပြနိုင်မှာလေ ..."
ကောင်လေး၏ ငိုစွက်သံဖြင့် ရင်ဖွင့်သည်ကို ကြားရပြီး ဝေဇယန်၏ မျက်လုံးတွင် မျက်ရည်များ ဝဲတက်လာခဲ့သည်။ ဝဲတက်လာသော မျက်ရည် အပြင်ထွက်မလာအောင် မျက်တောင်ခတ်ရင်းနှင့် ထိန်းလိုက်ရ၏။
ရေသန့်ဗူးအခွံပိုင်ရှင် ကောင်လေးဖက်ကို လှည့်ကြည့်လိုက်သောအခါ သူ၏ မျက်နှာလည်း အနိုင်သမား ပုံရိပ်မှ အရှုံးသမားပုံရိပ် ဖြစ်သွားသည်ကို တွေ့လိုက်သည်။ ရေသန့်ဗူးအခွံတစ်ခုကို တဇွတ်ထိုးပြီး အနိုင်ပိုင်ခဲ့သည့်အပေါ် သူ့ဟာသူ နောင်တရနေဟန်ရှိသည်။
ဝေဇယန်က အိတ်ထဲကို လက်ပြန်နှိုက်လိုက်ပြီး နှစ်ရာတန် တစ်ရွက်ကို ထုတ်ကာ ထိုရေသန့်ဗူးအခွံပိုင်ရှင်အား ကမ်းပေးလိုက်သည်။ ပြီးနောက် နှစ်ယောက်စလုံးကို ဆုံးမစကား နည်းနည်းပြောလိုက်၏။
"ညီလေးတို့ နောက်ထပ် ရန်မဖြစ်ကြနဲ့နော် ... ရန်ဖြစ်ရင် လူတွေ လှောင်မှာပေါ့ ... ဆဲတာကလည်း လူကောင်းတွေရဲ့ အလုပ်မဟုတ်ဘူး ... အခွံတွေ လိုက်ကောက်တာ အလုပ်လုပ်တာပဲလေ... အလုပ်တိုင်းမှာ ဂုဏ်ရှိတယ် ... ဂုဏ်နဲ့အညီ နေတတ်ရင်ပေါ့ ... အခုအချိန်ကစပြီး တစ်ယောက်ကို တစ်ယောက် ကူညီပါ ... ကိုယ်က သူတစ်ပါးကို ကူညီရင် ကိုယ့်ကိုလည်း ဘုရားသခင်က ကူညီတတ်တယ် ... ရန်မဖြစ်ကြနဲ့နော် ညီလေးတို့ ..."
ဝေဇယန်၏ ဆုံးမစကားအဆုံး ကောင်လေးနှစ်ယောက် ခေါင်းလှုပ်ပြ၍ သဘောတူကြောင်း ပြ၏။
ဟို WY သူဌေးကတော့ အခုအချိန်ဆို သူ့ဇိမ်ခံအိမ်းကြီးမှာ မိသားစုနဲ့အတူ အအေးတွေ သောက်ရင်း ပျော်နေလောက်ပြီထင်။ သူမွေးပေးခဲ့တဲ့ ပြဿနာကို နေပူပူထဲမှာ ငါရှင်းပေးနေရတာကို အဲ့ဒီ သူဌေးသာ သိခဲ့ရင်....။
ဝေဇယန်က သူ့ဘာသာ စိတ်ထဲ၌ ပြောမိလိုက်လေ၏။
_____
(၅)
ညအချိန် ... တစ်နေ့တာ ဒိုင်ယာရီ ရေးချိန်၌ ဝေဇယန်၏ နားထဲတွင် ဟိုကောင်လေး၏ စကားလုံးများသာ ပဲ့တင်ဟပ်လို့နေလေသည်။
"ဟိုအခွံက ကျနော့်ထက် သူအရင်ဦးတာပါ.. ဒါပေမယ့် ကျနော့် အမေက ကျန်းမာရေးမကောင်းတော့ ဆေးကုစရိတ် လိုနေလို့ ကျနော် လုမိတာပါ ... အခွံတွေ အများကြီးရမှ ငွေများများ ရမယ်... ငွေများများရမှ အမေ့ကို ဆေးခန်းပြနိုင်မှာလေ ..."
ဝေဇယန်က သူ့ဒိုင်ယာရီတွင် သူ့တစ်နေ့တာဖြစ်ရပ်များနှင့် သူ့စိတ်ကူးများကို ခါတိုင်းလို ရော၍ ချရေးနေ၏။
- ငါ ဒီနေ့ ... စွန့်ပစ်ပစ္စည်း ကောက်ရင်း ရန်ဖြစ်နေတဲ့ ကောင်လေးနှစ်ယောက်ကို ကူညီခဲ့တယ်။ အဲ့ထဲမှာ ကောင်လေး တစ်ယောက်ရဲ့စကားကြောင့် ရင်ထဲ အရမ်း ထိခိုက်ခံစားသွားမိတယ်။ အမေ့ဆေးကုစရိတ်အလို့ငှါ ရုန်းကန်နေတဲ့ ကောင်လေးအကြောင်း တွေးရင်း အသက်ရှုရကြပ်နေသလို ခံစားရတယ်။
- ငါတို့ ရိုဟင်ဂျာ ကလေးငယ်တွေရဲ့ ဘဝက ဘာလို့ ဒီလောက်ထိ ကြမ်းတမ်းနေရတာလဲ။ ဒီလို ကလေးတွေကို ငါကူညီချင်တယ်။ အထူးသဖြင့် ပညာဆိုတဲ့ အလင်းပြ အရာကို ငါ သူတို့ကို လက်ကမ်းပေးချင်တယ်။
- ကိုယ်ပိုင် စာသင်ကျောင်းတစ်ကျောင်း ဖွင့်ပြီး ဒီလို အပေအတေ ဆင်းရဲတဲ့ ကလေးတွေကို ပညာသင်ပေးမယ့် ငါ့အိပ်မက်တွေ မြန်မြန်အကောင်အထည်ဖော်မှ ရမယ်။
- ငါ အများကြီး လုပ်စရာတွေ ကျန်နေသေးတယ်။ ငါအများကြီး ကြိုးစားရဦးမယ်။
ဒိုင်ယာရီရေးပြီး၍ ဝေဇယန်သည် မနက်ဖြန်ကို အားအင်အပြည့်ဖြင့် ရင်ဆိုင်နိုင်ရန် စောစော အိပ်ရာဝင်ခဲ့သော်လည်း WY သူဌေး ပစ်ချလိုက်သော ရေသန့်ဗူးအခွံနှင့် ထိုကောင်လေးနှစ်ယောက်၏ ပုံရိပ်များကာ ဝေဇယန်၏ အာရုံထဲတွင် ပြေးလွှားနေလျက်......။

14.4.2017
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဘဒဂါး ကျေးရွာအုပ်စုတွင် ကျေးရွာ အာဏာပိုင်များက ရွာသားများထံမှ မတရားသဖြင့် ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဘဒဂါး ကျေးရွာအုပ်စုတွင် ကျေးရွာ အာဏာပိုင်များက ရွာသားများထံမှ မတရားသဖြင့် ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။
ဘူးသီးတောင်မြို့နယ်၏ မြောက်ဘက် အစွန်ဆုံးရွာဖြစ်သည့် ဘဒဂါး ကျေးရွာတွင် ကျေးရွာတာဝန်ခံ ဖြစ်သူ ဦးအိဒိရိစ်နှင့် ရာအိမ်မှူး ဦးအလီအာခ်ဘောရ်တို့နှစ်ဦး ပူးပေါင်း၍ လုပ်ကြံဖန်တီးမှုများ အမျိုးမျိုး ပြုလုပ်၍ မရှိဆင်းရဲသား ရွာသားများကို ခြိမ်းခြောက်ပြီး ငွေညှစ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ဧပြီလ (၄) ရက်နေ့တွင် မြောက်ရွာမှ မော်လ၀ီကော်ရီမုလ္လာ ထံမှ ငွေကျပ် တစ်သိန်း၊ မော်လ၀ီနူရ်မာမတ် ထံမှ ငွေကျပ် တစ်သိန်း၊ မော်လ၀ီနူရူလ်ဟောက်ထံမှ ငွေကျပ်တစ်သိန်း၊ မော်လ၀ီဟူဆောင်းဂျူဟာရ်ထံမှ ငွေကျပ် ရှစ်သောင်း၊ မော်လ၀ီအဒူလ်အာမီးန်ထံမှ ငွေကျပ်ရှစ်သောင်း၊ မော်လ၀ီဆော်လိမ်ထံမှ ငွေကျပ်တစ်သိန်း၊ မော်လ၀ီအလီဇူဟာရ်ထံမှ ငွေကျပ်တစ်သိန်းနှင့် မော်လ၀ီဟူစိန်းထံမှ ငွေကျပ်နှစ်သိန်း ညှစ်ယူခဲ့ကြောင်း၊ ၎င်းတို့ကို ငွေမပေးပါက တင်းမေရွာသားများကို ထမင်းကျွေးခဲ့သူများဟု ဌာနဆိုင်ရာသို့ စာရင်းပေးသွင်းမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
ငွေမပေးနိုင်သည့် ဦးနူရူလ်အာမီးန် (ဘ) ဦးဖော်ဇော်လ်အာမတ်နှင့် ဦးဟာမိတ်ဟူဆောင်း (ဘ) ဦးဆယာဒ်အာမတ်တို့နှစ်ဦးကို ဧပြီလ (၉) ရက်နေ့တွင် လူအများရှေ့သို့ ခေါ်ယူလာပြီး ကျေးရွာတာဝန်ခံ ဦးအိဒိရိစ် ကိုယ်တိုင် ရိုက်နှက်ခဲ့ကြောင်း၊ ထို့အပြင် “တိုင်ချင်တဲ့နေရာ သွားတိုင်ကြ၊ ဂရုမစိုက်ဘူး၊ တင်းမေကိစ္စက ငါတို့အတွက် အခွင့်ကောင်း ဖြစ်နေပြီ” ဟု ကြုံးဝါး ပြောဆိုခဲ့ကြောင်း မျက်မြင်သက်သေများက ပြောပါသည်။
MYARF
RB News
14.4.2017
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သီဟိုဠ်ကျွန်း ကျေးရွာအုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဒေသခံရွာသားများထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် သီဟိုဠ်ကျွန်း ကျေးရွာအုပ်စု ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမိုဟာမတ်အီနုစ်နှင့် သီဟိုဠ်ခြံရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ ဒုရဲအုပ်နှင့် ရဲတပ်သား (၄) ဦးတို့ ပူးပေါင်းပြီး အချိန်မတော် ရွာထဲသို့ ၀င်ရောက်၍ ရွာသားများကို ဖမ်းဆီးပြီး မတရားသဖြင့် စွပ်စွဲခြိမ်းခြောက်၍ ငွေသိန်းချီ ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ဧပြီလ (၃) ရက်နေ့တွင် ဟာဘီအနောက်ရွာမှ ဦးအေခ်ဘာလ်ကို ဖမ်းဆီး၍ အိမ်ပြုပြင်သည်ဟု စွပ်စွဲခြိမ်းခြောက်၍ ငွေကျပ် တစ်သိန်းခွဲ ညှစ်ယူခဲ့သည်။ ဧပြီလ (၈) ရက်နေ့တွင် ယင်းရွာမှ ဦးဝေါ်ဟိတ်အူဒင် (ဘ) ဦးဒိလ်မာမတ်ကိုလည်း ဖမ်းဆီး၍ အိမ်ပြုပြင်သည်ဟု စွပ်စွဲ၍ အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
ထို့အပြင် ရွာတွင် လမ်းပြုပြင်နေသူများထံမှလည်း ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း၊ မရှိဆင်းရဲသားများကို အုပ်ချုပ်ရေးမှူး ကိုယ်တိုင် အာဏာစက်ဖြင့် အတင်းအဓမ္မ ငွေညှစ်နေမှုအပေါ် ရွာသားများ မကျေမနပ် ဖြစ်နေချိန်တွင် ရဲတပ်ဖွဲ့ဝင်များကိုပါ ခေါ်ယူပြီး အချိန်မတော်ရွာထဲ၌ နှောက်ယှက်လျှင် ပြဿနာ ကြီးကြီးမားမား ဖြစ်လာမည်ကို စိုးရိမ်ရကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
![]() |
| အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း |
ကျော်ကျော်သိန်း
ဗွီအိုအေမြန်မာပိုင်း
11.4.2017
ရခိုင်ပြည်နယ်မှာ မူစလင်လူနည်းစုတွေကို လူမျိုးတုံးသုတ်သင်နေတယ်ဆိုတာမျိုး လုံးဝမရှိပါဘူးလို့ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ဒီကနေ့မှာပဲ ထပ်ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဘီဘီစီ သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြော သွားတာကို ဦးသောင်းထွန်းက ဒီကနေ့ သံတမန် အသိုင်းအ၀ိုင်းကို ထပ်ပြောသွားတာပါ။ ရခိုင်ပြည် အခြေအနေ အရပ်ရပ်နဲ့ပတ်သက်ပြီး ရန်ကုန်မြို့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ သံတမန်တွေကို ဦးသောင်းထွန်းက ရှင်းလင်းပြောဆိုတဲ့ပွဲကို ကိုယ်တိုင် သွားခဲ့တဲ့ ကိုကျော်ကျော်သိန်းက အပြည့်အစုံပြောပြပါမယ်။
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းဟာ ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ နဲ့ နိုင်ငံခြားသံရုံးတွေက သံတမန် အယောက် ၅၀ လောက်တက်ရောက်တဲ့ ဒီကနေ့ပွဲမှာ ရခိုင်ပြည်နယ်တွင်း လူမျိုးတုံးသုတ်သင် မှုဆိုင်ရာ စွပ်စွဲချက်နဲ့ပတ်သက်ပြီးတော့ ထပ်ပြီး အတိအလင်း ငြင်းချက် ထုတ်ပြောသွားတာပါ။
“ရခိုင်ပြည်နယ်မှာ မူစလင်လူနည်းစုတွေကို လူမျိုးတုံးသုတ်သင်နေတယ် ဆိုတာမျိုး လုံးဝမရှိပါဘူး။ ဒီကိစ္စဟာ ကွဲပြား ခြားနားနေတဲ့ လူတွေကြားမှာ ဖြစ်နေတဲ့ကိစ္စပါ။ ဒီအခြေအနေကို ကျော်လွှားဖို့နဲ့ ကွာဟချက်ကို ပိတ်ပစ်ဖို့အတွက် အစိုးရက ကြိုးစား လုပ်ဆောင်နေပါတယ်။”
မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ လုပ်ဆောင်ချက်ဟာ ကမ္ဘာပေါ်က ဘယ်နေရာမှာမဆိုရှိတဲ့ စစ်တပ်တွေက လုပ်ဆောင်တာနဲ့ အလားတူ ဖြစ်ပြီး သူတို့အနေနဲ့ မုဒိမ်းကျင့်တာ၊ သတ်ဖြတ်တာ၊ နှိပ်စက်ညှဉ်းပန်းတာတွေကိုလုပ်ဖို့ အခွင့်မရှိတဲ့အကြောင်းနဲ့ သူတို့မှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေရှိပြီး အဲဒါတွေကို လိုက်နာ လုပ်ဆောင်ရမှာဖြစ်တယ်လို့လဲ ဦးသောင်းထွန်းက ပြောသွားပါတယ်။
ရခိုင်ပြည်နယ်က နောက်ဆုံးအခြေအနေတွေ၊ အစိုးရက ကြိုးပမ်း လုပ်ဆောင်နေတာတွေ၊ နိုင်ငံတကာအသိုင်းအ၀ိုင်းက အကူ အညီပေးနေတာတွေ၊ ရရှိထားတဲ့ တိုးတက်မှုတွေကို ၄၅ မိနစ်နီးပါးကြာတဲ့ ရှင်းလင်းပြောဆိုချက်မှာ ဦးသောင်းထွန်းက အကျယ် တ၀ံ့ပြောဆိုသွားပြီး တိုးတက်မှုတွေရှိတဲ့ကြားက ပြင်းထန်တဲ့စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ရတာ၊ ကုလသမဂ္ဂက မြန်မာနိုင်ငံနဲ့ပတ် သက်ပြီး ဆုံးဖြတ်ချက်ချမှတ်တာတွေကို ထောက်ပြပြောဆိုပါတယ်။
တိုးတက်မှုတွေကို ပြောတဲ့နေရာမှာ ကိုဖီ အာနန်ဦးဆောင်တဲ့ ရခိုင်အရေး အကြံပေးကော်မရှင်က အကြံပြုထားတဲ့အတိုင်း အိုးအိမ်စွန့်ထွက်ပြေးနေရ သူတွေ နေထိုင်နေတဲ့စခန်းတွေကို ပိတ်ပေးဖို့ စီစဉ်နေတဲ့အကြောင်းလဲ ဦးသောင်းထွန်းက ပြောသွားပါ တယ်။
“အိုးအိမ်စွန့်ထွက်ပြေးသူ IDP တွေနေတဲ့ စခန်းသုံးခုကိုပိတ်ပစ်ဖို့ လုပ်ငန်းစဉ် စထားပါ ပြီ။ ကျောက်ဖြူ၊ စစ်တွေနဲ့ ရမ်းဗြဲတို့မှာပါ။ ကျောက်ဖြူမှာက ရခိုင်လူမျိုးတွေအတွက် စခန်းပါ။ စစ်တွေမှာက ရိုဟင်ဂျာတွေအတွက် စခန်းဖြစ်ပြီး ရမ်းဗြဲက ကမန်လူမျိုးတွေအတွက်စခန်း ဖြစ်ပါတယ်။”
ဒါ့အပြင် အစိုးရက လုပ်ဆောင်ထားတဲ့ နောက်ထပ် အရေးကြီးတဲ့ အဆင့်တခုကတော့ဆိုပြီး နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေး ဆိုင်ရာ လုပ်ငန်းစဉ်ကို စလုပ်နေတဲ့အကြောင်းနဲ့ဒီလုပ်ငန်းစဉ်ဟာ နိုင်ငံသားဖြစ်ခွင့်ရှိသူအားလုံးကို နိုင်ငံသားအဖြစ် အလျင် အမြန် အသိအမှတ်ပြုပေးမယ့် လုပ်ငန်းစဉ်ဖြစ်တဲ့အကြောင်းလဲ အထူးအလေးထားပြောသွားပါတယ်။
အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့်ရဲစခန်းတွေကို အကြမ်းဖက် တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးနဲ့ စစ်ဆင်ရေးလုပ်ဆောင်တာတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေက ကျယ်ကျယ်ပြန့်ပြန့်ကို ထွက်ထားတာပါ။ ဒါနဲ့ပတ်သက်လို့လဲ ဦးသောင်းထွန်းက -
“ဥပဒေမဲ့လုပ်ဆောင်တယ်ဆိုတာ ရှင်းလင်းတဲ့ အထောက်အထားရှိတယ်ဆိုရင် ကျနော်တို့အနေနဲ့ ဥပဒေနဲ့အညီ အရေး ယူပါမယ်။ အထောက်အထားရှိရင် အရေးယူမယ်ဆိုတာ ကျနော်တို့ အကြိမ်များစွာ ပြောထားပါတယ်။ ဒါကို အစိုးရအဖွဲ့ အမြင့်ဆုံး အဆင့်ကနေ ပြောထားသလို ကာကွယ်ရေးဌာနကလဲ ထပ်ပြောထားပြီး ရဲတပ်ဖွဲ့ကလဲ ဒါကို ကြေညာထားပြီးသားပါ။”
ဦးသောင်းထွန်းရဲ့ ဒီကနေ့ ရှင်းလင်းပြောဆိုချက်တခုလုံးမှာ ဦးတည်ချက်ကတော့ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ရခိုင်ပြည် အရေးနဲ့ပတ်သက်ပြီး အစိုးရက လုပ်ဆောင်နေတာတွေကို အပြုသဘောဆောင် ချဉ်းကပ်ပြီးတော့ ၀ိုင်းဝန်း ပူးပေါင်းလုပ်ဆောင် ရေး အလေးထား တိုက်တွန်းဖို့ ရည်ရွယ်ပုံရပြီး အားလုံး လက်တွဲလုပ်ဆောင်မယ်ဆိုရင် တိုးတက်မှုတွေရလာမယ်ဆိုတဲ့ သဘော မျိုး ပြောသွားပါတယ်။
မေခ
10.4.2017
ရှေ့နေကြီး ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ဆက်စပ်ပြီးတော့ မြန်မာတာဝန်ရှိသူတွေက အလိုရှိနေတဲ့ ဦးအောင်ဝင်းခိုင်ကို အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ INTERPOL က အလိုရှိသူများအဖြစ် ထုတ်ပြန်ထားတဲ့ စာရင်းထဲမှာ ဧပြီလ ၁၀ ရက်၊ တနင်္လာနေ့က ပဲ ထည့်သွင်းဖော်ပြလိုက်ပါပြီ။ ဦးအောင်ဝင်းခိုင်ကို ဖမ်းဆီးရမိရေး INTERPOL နဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ မြန်မာ တာဝန်ရှိသူတွေဘက်က ပြောဆိုတာတွေ ထွက်လာပြီးတဲ့နောက် INTERPOL စာရင်းထဲမှာ ပါလာတာပါ။ ဒါ့အပြင် တနိုင်ငံလုံးမှာ ဖမ်းဝရမ်းထုတ်ပေးဖို့ကိစ္စ တရားရုံးကဆုံးဖြတ်ချက် ထွက်လာဖို့လဲရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် မမေခက ပြောပြပါမယ်။
ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ဆက်စပ်တယ်လို့ တာဝန်ရှိသူတွေက သံသယရှိနေပြီး လက်ရှိချိန်ထိ ထွက်ပြေးလွတ်မြောက် နေတဲ့ ဦးအောင်ဝင်းခိုင်ကို အင်တာပိုလ်က အလိုရှိသူများစာရင်းထဲမှာ တရားဝင် ထုတ်ပြန် ကြေညာလိုက်တာပါ။ ဒီကိစ္စ အပါ အ၀င် တနိုင်ငံလုံးမှာ ဖမ်းဝရမ်းထုတ်ဖို့ လုပ်နေတဲ့အခြေအနေကို နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဗွီအိုအေကို အခုလိုပြောပြပါတယ်။
“ဦးအောင်ဝင်းခိုင်က တရားခံပြေးဖြစ်တယ်။ ပြည်တွင်းမှာလည်း ဖမ်းဝရမ်းထုတ်ဖို့ လုပ်ပါမယ် ပထမပိုင်းမှာ မြို့နယ်တရားရုံးကတင်တဲ့အချိန်မှာ သူ့ရဲ့ခရိုင်အတွင်းမှာပဲ သက်ရောက်မှုရှိတဲ့အတွက် လုပ် တာဖြစ်ပါတယ် ။ အမှန်က တနိုင်ငံလုံးရဲ့ လိုချင်တဲ့ တရားခံပြေး၊ ၀ရမ်းပြေးပေါ့နော် ထုတ်မှရမှာပါ။ ဟိုဟာကတော့ ထွက်ပြေးသွားရင်၊ ထွက်ပြေးသွားတဲ့ နိုင်ငံတွေမှာ ဖမ်းဆီးလို့ရအောင်ဆိုပြီးတော့ INTERPOL နဲ့ ချိတ်ဆက်ပြီးတော့ အလိုရှိတဲ့စာရင်းသွင်းခိုင်းတာဖြစ်ပါတယ်။”
အင်တာပိုလ်ဆိုတာက မြန်မာအာဏာပိုင်တွေက အလိုရှိနေသူတဦး မြန်မာနိုင်ငံပြင်ပမှာသာ ရှိနေမယ်ဆိုရင် ဖမ်းဆီးရမိနိုင်ရေး ကူညီလုပ်ဆောင်ပေးနိုင်တဲ့ အဖွဲ့အစည်းတခုပါ။ မြန်မာနိုင်ငံတွင်းမှာပဲ ဦးအောင်ဝင်းခိုင် ဆက်ရှိနေသေးရင်တော့ သူ့ကို လက်ရ ဖမ်းဆီးမိဖို့ရာ အင်တာပိုလ်နဲ့မဆိုင်ဘဲ မြန်မာအာဏာပိုင်တွေနဲ့ပဲ သက်ဆိုင်ပါတယ်။ ဦးအောင်ဝင်းခိုင်ကို အင်တာပိုလ်က အလိုရှိ သူအဖြစ် အခုလို ကြေညာလိုက်တာကြောင့် မြန်မာနိုင်ငံတွင်းမှာ သူမရှိတော့ဘူးလားဆိုတဲ့မေးခွန်း ထွက်လာပါတယ်။ ဒါနဲ့ ပတ်သက်လို့တော့ ဦးဇော်ဌေးက အတည်ပြုပြောကြားနိုင်ခြင်းမရှိပါဘူး။
“ပြည်တွင်းသော်လည်းကောင်း၊ ပြည်ပသော်လည်းကောင်းဖြစ်နိုင်ပါတယ်။ ပြည်တွင်းကတော့ ကျနော်တို့ ဒီဘက်မှာ ကို့ဆီမှာရှိတဲ့ လုံခြုံရေးအဖွဲ့နဲ့ ရှာလို့ ရတယ်ပေါ့နော် ပြည်ပကတော့ ကျနော်တို့လိုက်ပြီးတော့ ရှာဖို့ လက်လှမ်းမမှီနိုင်ဘူးပေါ့နော်။ အဲဒါကြောင့် ပြည်ပကိုပါ အကြောင်းကြားတာဖြစ်ပါတယ်။ ၂ နိုင်ငံချင်းအကြောင်းကြားတာရှိပါတယ်။ သို့သော် INTERPOLနဲ့ ပြောလိုက်တာက ပိုပြီးတော့ တကမ္ဘာလုံးပေါ့နော် သက်ရောက်မှုရှိတဲ့အတွက် ကျနော်တို့ ပြည်ထဲရေးဝန်ကြီးဌာနကနေပြီးတော့ ပူးပေါင်းလုပ်တာဖြစ်ပါတယ်။”
ဒီအခြေအနေကို ပိုပြီးရှင်းရှင်းလင်းလင်းသိရဖို့ ပြည်တဲရေးဝန်ကြီးဌာန၊ နိုင်ငံတကာမူခင်းဌာန၊ ပြည်ထဲရေးမှုခင်းဌာနနဲ့ အထုး စုံစမ်းစစ်ဆေးရေး စသုံးလုံးအဖွဲ့တို့ကို ဗွီအိုအေက အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဘယ်သူကမှ တာဝန်ယူဖြေဆိုပေးတာ မရှိပါဘူး။
ဦးအောင်ဝင်းခိုင်ကို ဖမ်းဆီးနိုင်ရေး သူနေထိုင်ရာ သာကေတမြို့နယ်အပြင် တနိုင်ငံလုံးမှာ ဖမ်းဝရမ်းထုတ်ပေးဖို့ ဦးကိုနီ လုပ်ကြံ ခံရမှုမှာ တရားလိုရှေ့နေဖြစ်တဲ့ ဦးနေလက ခရိုင်အထူးတရားရုံးမှာ လျှောက်ထားတာကို တရားရုံးက ပယ်ချထားတာပါ။ ဒါကြောင့် တိုင်းတရားရုံးမှာ ဆက်တင်ထားပြီး ဒီလကုန်ပိုင်းမှာ ဆုံးဖြတ်ချက်ထွက်ဖို့ရှိတယ်လို့ ရှေ့နေကြီး ဦးနေလက ပြောပါ တယ်။
“တရားခံပြေးမှုနဲ့ ပတ်သက်လို့ တရားခံပြေးလို့ သတ်မှတ်တဲ့သဘောပေါ့ဗျာ အဲဒီအချက်တွေပေါ်မှာ အခြေခံပြီး နံပတ်၁ အချက်ကတော့ ဖမ်းဝရမ်းအသစ်တစောင် ထုတ်ပေးသင့်တယ်ဆိုတဲ့အချက် ၊ စုံစမ်းစစ်ဆေးမှုက လိုအပ်ချက်တွေရှိနေတယ်ဆိုတဲ့အချက် အဲဒီ၂ ထက်ကို ကျနော်တို့က ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ကို ရာဇ၀တ်ဆိုင်ရာပြင်ဆင်မှု အနေနဲ့ တင်ခဲ့တယ်။ လက်ခံလိုက်တယ်၊ လာမယ့် ဧပြီလ ၂၈ ရက်နေ့မှာ ကြားနာမယ်လို့ ချိန်းဆိုထားတယ်လို့ သိရတယ်။ တရားခံပြေးကိစ္စကို ဖမ်းဝရမ်းအသစ်တစောင်ထုတ်မလားမထုတ်ဘူးလားဆိုတာကတော့ အဲဒီ၂ ခုစလုံးက တဆက်တည်းကိုတိုင်းတရားရုံးက ဆုံးဖြတ်ပြီးတဲ့အချိန်မှာ အောက်ရုံးကို ပြန်သွားမယ် ၊ သွားပြီးရင် ဒီအမှုက ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ကနေ အမိန့်ချရင် ချပြီးတဲ့အချိန်မှ အောက်ရုံးမှာ ဒီအမှုကို စစ်ဆေးဖို့လုပ်မှာဖြစ်ပါတယ်။”
လက်ရှိဖမ်းဆီးထားတဲ့ ဦးကြည်လင်း (ခ) ဖိုးထူး၊ ဦးအောင်ဝင်းဇော်၊ ဦးဇေယျာဖြိုးနဲ့ ဦးအောင်ဇော်ထွန်းတို့ကိုတော့ ရုံးထုတ် စစ်ဆေးတာတွေ လုပ်နေပါပြီ။ ရှေ့နေကြီးဦးကိုနီ ရန်ကုန်လေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခံရတာ ၂ လခွဲကျော်ကြာတဲ့အထိ သံသယရှိသူတဦးဖြစ်တဲ့ ဦးအောင်ဝင်းခိုင်ကို ဖမ်းမမိသေးသလို အရေးကြီးတဲ့ နောက်ထပ် သဲလွန်စ တခုခုကိုလဲ အခုချိန်ထိ မရ သေးပါဘူး။

9.4.2017
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်တွင် ၂၀၁၇ - ၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်အတွက် သားသတ်လိုင်စင်ခ အဆမတန် ကြီးမြင့်သွားကြောင့် ဒေသတွင်း အသားဈေးနှုန်းများ မြင့်တက်လာသည့် အပြင် လိုင်စင်သမားကို ပေးနေရခြင်း၊ ကျွဲ၊ နွားခိုးယူမှုများ ရှိနေခြင်းကြောင့် မတည်မငြိမ်မှုများ ဖြစ်ပွားလျက် ရှိကြောင်း သတင်းရရှိပါသည်။
မောင်တောမြို့နယ်တွင် ၂၀၁၇ - ၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်အတွက် သားသတ်လိုင်စင်ခသည် ကျပ်သိန်းပေါင်း ၅၅၀၀ ဖြစ်ပြီး၊ အကျိုးဆောင်ခ သိန်း ၅၀၀၊ ဌာနဆိုင်ရာ ရန်ပုံငွေများ၊ အလှူငွေများ၊ လက်ဆောင်ပေးရငွေများကြောင့် သိန်းပေါင်း ၆၅၀၀ ထိမြင့်တက်သွားကြောင်း သိရှိရသည်။ လိုင်စင်ရရှိထားသူသည် ၎င်း၏ အရင်းအနှီးနှင့် အကျိုးအမြတ် ရရှိနိုင်ရေးအတွက် အမဲသားတစ်ပိဿာကို မြို့ပေါ်တွင် ငွေကျပ် ၁၄၀၀၀၊ နယ်ပိုင်းတွင် ငွေကျပ် ၁၂၀၀၀ ထိ တင်ရောင်းခြင်း၊ မင်္ဂလာပွဲနှင့် ဘာသာရေးပွဲတော်များတွင် နွားတစ်ကောင် ဖော်လျှင် ငွေကျပ် ၅၀၀၀၀ စီကောက်ခံခြင်း၊ အိမ်မွေး တိရိစ္ဆာန်များ လယ်ယာသုံး လုပ်ငန်း၌ အသုံးပြုရန် အတွက် အရောင်းအ၀ယ် လုပ်လျှင် ရောင်းသူနှင့် ၀ယ်သူ နှစ်ဦးစလုံးထံမှ ငွေကျပ် ၂၀၀၀၀ စီ ကောက်ခံခြင်း၊ လယ်သမားများ၏ လယ်ယာစိုက်ပျိုးရေးသုံး ကျွဲ၊ နွားများ ပိန်ချုံးလာ၍ လဲနေလျှင် အသားရောင်း၍ မည်မျှ ရသည်ဖြစ်စေ လိုင်စင်ခဟု ဆိုကာ တစ်ကောင်လျှင် ငွေကျပ် ၅၀၀၀၀ စီ ကောက်ခံခြင်း စသည်ဖြင့် တရားလက်လွှတ် ငွေများကောက်ခံနေခြင်းကြောင့် ဒေသတွင်း တည်ငြိမ်မှု ပျက်ပြားလာနေကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ဘူးသီးတောင်မြို့နယ် တစ်ခုလုံး၏ သားသတ်လိုင်စင်ခမှာ ငွေကျပ်သိန်းပေါင်း ၁၄၀၀ ဖြစ်ပြီး၊ ဘူးသီးတောင်မြို့နယ် တောင်ဘက် ညောင်ချောင်းနယ်မြေပိုင် ကျေးရွာအုပ်စု (၇) ခုကို ငွေကျပ် သိန်း ၁၃၀ ဖြင့် ဘုရားပြင်အောင်ပ ကျေးရွာမှ ဦးရွှေမောင်က ရယူထားသည်။ ၎င်းသည် အကျိုးအမြတ် နှစ်ဆဖြင့် ကျေးရွာအုပ်စု အလိုက် တစ်ဆင့်ခံ ကိုယ်စားလှယ်များကို ရောင်းချခဲ့သည်။ အဆိုပါ တစ်ဆင့်ခံ ကိုယ်စားလှယ်များသည် ၎င်းတို့၏ အရင်းများ ငွေပေါ်လာအောင် မောင်တောမြို့နယ် ပုံစံအတိုင်း နည်းမျိုးစုံဖြင့် ငွေကောက်ခံလျက် ရှိသည့်အပြင် အရင်းများ ပြန်မရမည်ကို စိုးရိမ်၍ ကျေးရွာအတွင်းများ နွားများ ခိုးယူပြီး၊ သမီးလှကျေးရွာနှင့် အာဂါတောင် ကျေးရွာများရှိ သားသတ်လိုင်စင်သမားများထံ ပြန်လည်ရောင်းချလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။
လွန်ခဲ့သည့် မတ်လ (၂၅) ရက်နေ့မှ ယခု ဧပြီလ (၇) ရက်နေ့ အတွင်း ဖရုံချောင်းကျေးရွာမှ ဦးအစ္စမိုင်လ် (ဘ) ဦးလာလ်မျာ၏ နွားနှစ်ကောင်၊ ဦးရှောမ်ရှု (ဘ) ဦးဆယာဒ်အာမီးန်၏ နွားထီးတစ်ကောင်၊ မော်လ၀ီအဒူဂေါ်နီ (ဘ) ဦးဆယာဒ်ကော်ရီးမ်၏ နွားငါးကောင် ပျောက်ဆုံးသွားခဲ့ပြီး၊ အလားတူ ဖြစ်ရပ်များ အခြားကျေးရွာများတွင်လည်း ဖြစ်ပေါ်လျက် ရှိကြောင်း၊ အချို့နွားများကို ဘုရားပြင်အောင်ပ ကျေးရွာမှ သားသတ်လိုင်စင် တစ်ဆင့်ကိုယ်စားလှယ် ဦးအဒူလ်ဟာရှိမ်းက ခိုးယူရောင်းချခဲ့သည်ကို ဖော်ထုတ်သိရှိရကြောင်း၊ အချို့နွားအုပ်များကို အချိန်မှီ သတင်းရရှိမှုကြောင့် သူခိုးများ ယူဆောင်သွားနေစဉ် လမ်းတစ်ပိုင်းမှ ပြန်လည် ရယူနိုင်ခဲ့ကြောင်း၊ လိုင်စင်တစ်ခုရယူ၍ ဥပဒေဘောင်ကျော်ပြီး တရားလက်လွှတ် လုပ်ဆောင်ကာ ပြည်သူများ အဘက်ဘက်က နစ်နာအောင် ဒေသတစ်ခုလုံး မတည်မငြိမ်ဖြစ်လာအောင် ပြုလုပ်နေမှုများကို သက်ဆိုင်ရာမှအမြန်ဆုံး အရေးယူဆောင်ရွက် ပေးစေလိုကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
MYARF
RB News
9.4.2017
မောင်တော ။ ။ စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တ တို့က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် မီးရှို့ဖျက်ဆီးလိုက်သည့် ရိုဟင်ဂျာကျေးရွာများကို အစိုးရပိုင်မြေများ အဖြစ် သိမ်းဆည်းပြီးနောက် ယခုအခါ နေရာအနည်းငယ်ကိုသာ မီးရှို့ခံရသည့် မြေနေရာ ပိုင်ရှင်များကို ခွဲတမ်းပေးနေကြောင်း သတင်းရရှိပါသည်။
၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် ရိုဟင်ဂျာ ကျေးရွာများ ဖြစ်ကြသည့် ၀ါးပိတ်၊ ပွင့်ဖြူချောင်း၊ ကျားခေါင်းတောင်၊ မြောတောင်၊ ရေခဲချောင်းခွဆုံ၊ ဓါးကြီးစား၊ သရက်အုပ်၊ သူဦးလာ၊ ကြက်ရိုးပြင်၊ ငါးစားကြူး၊ ဦးရှည်ကျ ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။ မိမိတို့၏ နေအိမ်များ မီးရှို့ခံနေရချိန်တွင် ဒေသခံရိုဟင်ဂျာများသည် နီးစပ်ရာ ကျေးရွာများသို့ ရွှေ့ပြောင်းခိုလှုံခဲ့ပြီး၊ အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး၍ ခိုလှုံခဲ့ကြသည်။
မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ကိုယ်တိုင် မီးရှို့ဖျက်ဆီးထားသော နေအိမ်များကို အစိုးရက ပြန်လည်ဆောက်လုပ်ပေးရမည် ဖြစ်သော်လည်း ဆောက်မပေးသောကြောင့် နေအိမ်မီးရှို့ခံခဲ့ရပြီး နီးစပ်ရာ ကျေးရွာများသို့ သွားရောက် ခိုလှုံနေသူများသည် အခြေအနေ တည်ငြိမ်လာသည့်အခါ မိမိတို့၏ ကျေးရွာများသို့ ပြန်လာပြီး မူရင်း မြေနေရာများတွင် ယာယီတဲများ ကိုယ်ထူကိုယ်ထ ဆောက်လုပ်၍ နေထိုင်နေရသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ ထိုကဲ့သို့ ယာယီတဲများ ဆောက်လုပ်နေထိုင်နေသည်ကို ဖျက်ပေးရန် မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်ချုပ်ရေးမှူးများကို ဧပြီလ (၄) ရက်နေ့က အမိန့်ပေးထားကြောင်း သိရှိရသည်။
မြို့နယ်အုပ်ချုပ်ရေးမှူးက မီးရှို့ခံရသည့် မြေနေရာများသည် အစိုးရပိုင်မြေများ ဖြစ်သွားကြောင်း၊ ပြည်သူများကို သနားညှာတာသောအားဖြင့် ကျေးရွာ မြေတစ်ဝက်ကို တစ်ရွာလုံးသို့ အလှူဒါန သဘောဖြင့် ခွဲတမ်းပေးနေခြင်း ဖြစ်ကြောင်း ပြောဆိုကြောင်း ဒေသခံများက ပြောပါသည်။
မောင်တောမြို့နယ်တွင် အိမ်ထောင်စုစာရင်းမှ ခွဲထွက်ခွင့် မပေးသည်မှာ နှစ်ပေါင်း ၃၀ နီးပါးရှိနေပြီ ဖြစ်သဖြင့် အိမ်ထောင်စုစာရင်း တစ်ခုတွင် အဘိုးအဘွားမှစ၍ မြေးမြစ်ထိ ရှိနေသည်။ သို့သော်လည်း အိမ်ထောင်စုစာရင်းတစ်ခုရှိ သားသမီးများသည် ကိုယ်စီအိမ်များ ဆောက်၍ ခွဲနေခဲ့သည်။ ယခုအခါ အိမ်ထောင်စု တစ်စုလျှင် ပေ ၄၀ x ပေ ၆၀ မြေကွက်တစ်ကွက်စီ ခွဲတမ်းပေးမည်ဟု သိရှိရသည်။ ထိုသို့ဆိုလျှင် အိမ်ထောင်စု တစ်စုရှိ မိသားစုဝင် ၄၀ နီးပါး အိမ်တစ်အိမ်တွင် စုပေါင်းနေရမည့် သဘော ဖြစ်နေသည်။
မတ်လ (၃) ရက်နေ့မှစ၍ အာဏာပိုင်များက မီးရှို့ခံထားရသည့် ၀ါးပိတ်ကျေးရွာကို မြေညှိသည့်ကားများဖြင့် မြေညှိ၍ တစ်ရွာလုံးကို ယခင်ကျေးရွာ ပုံစံပါ ဖျောက်ပစ်ခဲ့သည်။ ယခုအခါ အာဏာပိုင်များက ရွာ၏ သုံးပုံနှစ်ပုံကို ချန်ထားပြီး မြောက်ဘက် အစွန်းနေရာတွင် လိုင်းရှစ်လိုင်းဖြင့် ပေ ၄၀ x ပေ ၆၀ ရှိ အကွက်များချပေး၍ တစ်ရွာလုံးကို ခွဲဝေပေးနေကြောင်း ဒေသခံများက ပြောပါသည်။
အလားတူ သူဦးလာကျေးရွာတွင်လည်း မီးရှို့ခံအိမ် (၆၀) ကျော်ကို မီးရှို့ခံမြေနေရာ (၇) ခု နေရာတွင် မြေကွက်များ ချပေးနေကြောင်း သိရှိရသည်။
ကျန်မီးရှို့ခံကျေးရွာများတွင်လည်း အလားတူ ပေ ၄၀ x ပေ ၆၀ ရှိ မြေကွက်များကို အိမ်ထောင်စုတစ်စုလျှင် တစ်ကွက်ကျ ခွဲတမ်းပေးရန် စီစဉ်လျက် ရှိကြောင်း စုံစမ်းသိရှိရပါသည်။
![]() |
| ၀ါးပိတ်ကျေးရွာတွင် အာဏာပိုင်များက မြေညှိနေစဉ် |
RB News
8.4.2017
ဧပြီလ (၆) ရက်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဘီဘီစီ သတင်းဌာနမှ တွေ့ဆုံမေးမြန်းခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာလူမျိုးများကို လူမျိုးတုန်းသတ်ဖြတ်နေခြင်း မရှိဟု ပြောဆိုခဲ့သည်နှင့် ပတ်သက်၍ ဗွီအိုအေမြန်မာပိုင်းက ကမ္ဘောဒီးယား ဂျီနိုဆိုက်သုတေသနဌာနမှ သုသေတီ ဒေါက်တာဇာနည်ကို မေးမြန်းထားသည်ကို အောက်ပါ အသံဖိုင်တွင် နားထောင်နိုင်ပါသည်။
![]() |
| (ဓါတ်ပုံ - RFA) |
MYARF
RB News
8.4.2017
ရန်ကုန် ။ ။ ပြည်ပအခြေစိုက် ရိုဟင်ဂျာ အခွင့်အရေး လှုပ်ရှားသူများကို မြန်မာအစိုးရနှင့်ပူးပေါင်းရန် ဖိတ်ခေါ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက 7 Day News သတင်းဌာသို့ ပြောကြားခဲ့သည်။
Arakan Rohingya Salvation Army အဖွဲ့ခေါင်းဆောင် ဦးအာတာအူလ္လာနှင့် ရိုက်တာ သတင်းဌာန၏ လွန်ခဲ့သောအပတ်က သီးသန့် မေးမြန်းခဲ့သည့် သတင်းဆောင်းပါး အပေါ် အခြေခံ၍ ရေးသားခဲ့သော 7 Day News ၏ သတင်းတွင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြည်ပအခြေစိုက် ရိုဟင်ဂျာအခွင့်အရေး လှုပ်ရှားသူများကို မြန်မာအစိုးရနှင့် ပူးပေါင်းရန် ဖိတ်ခေါ်ကြောင်း ပြောကြားသည်ကို ရေးသားထားသည်။
အကျပ်ကိုင်သည့် နည်းလမ်းဖြင့် အကြမ်းဖက် အဖွဲ့က အခွင့်အရေးတောင်းဆိုခြင်းကို အစိုးရက လက်ခံမည် မဟုတ်ကြောင်း ရိုဟင်ဂျာ အမည်ဖြင့် ပြည်ပတွင် လုပ်ဆောင်နေသော အဖွဲ့အစည်းများကို အစိုးရနှင့်ပူးပေါင်း ရန် ဖိတ်ခေါ်ကြောင်း သမ္မတရုံး ပြောရးဆိုခွင့်ရှိသူက ပြောသည်ဟု 7 Day News သတင်းတွင် ရေးသားထားပါသည်။
‘‘ကျွန်တော်တို့အစိုးရအနေနဲ့ သူတို့ရဲ့ အခွင့်အရေးကို ကျွန်တော်တို့က ပိတ်ပင်နေတာ၊ ငြင်းဆန်နေတာ၊ ပယ်ချနေတာ မဟုတ်ဘူး။ သူတို့အခွင့်အရေးကို ကျွန်တော်တို့က ပေးချင်လွန်းလို့ လုပ်နေတာ’’ ဟု နိုင်ငံတော်အ တိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီအတွင်းရေးမှူး ဦးဇော်ဌေးက ပြောသည်ဆို၍ 7 Day News တွင် ရေးသားထားသည်။
‘‘အကုန်လုံး ကျွန်တော်တို့က ဖိတ်ခေါ်တယ်။ ပူးပေါင်းဆောင်ရွက်ပါ။ အစိုးရနဲ့ ဥပဒေကြောင်းနဲ့ အညီလုပ်ပါ။ လုပ်ရင် ကျွန်တော် တို့ကလည်း အပြည့်အ၀ ပူးပေါင်းမယ်။ သူတို့ကလည်း အပြည့်အ၀ ပူးပေါင်းပေး’’ ဟု ၎င်း ကဆိုသည်ဟူ၍လည်း အဆိုပါ သတင်းတွင် ရေးသားထားပါသည်။
Arakan Rohingya Salvation Army အဖွဲ့ခေါင်းဆောင် ဦးအာတာအူလ္လာနှင့် ရိုက်တာ သတင်းဌာန၏ လွန်ခဲ့သောအပတ်က သီးသန့် မေးမြန်းခဲ့သည့် အင်တာဗျူးတွင် ဦးအာတာအူလ္လာက ၎င်းတို့အဖွဲ့အနေဖြင့် မည်သည့် ပြည်ပစစ်သွေးကြွအကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်နွယ်မှု မရှိကြောင်း၊ ရိုဟင်ဂျာများကို မြန်မာအစိုးရက လူမျိုးတုံးအောင် စီမံကိန်းဖြင့် ညှဉ်းပန်းနှိပ်စက်နေသည်ကို နိုင်ငံတကာမှ အကာအကွယ်ပေးရန် ပျက်ကွက်နေသောကြောင့် ၎င်းတို့အနေဖြင့် ရိုဟင်ဂျာများကို အကာအကွယ်ပေးနိုင်ရန် မလွှဲမရှောင်သာ လက်နက်ကိုင်ရခြင်းဖြစ်ကြောင်း၊ ကျွဲ နွားများရောင်းချပြီး ရပ်တည်နေကြောင်း၊ မည်သည့် အရပ်သားပြည်သူများ၊ မည်သည့် ဘာသာရေးအဆောက်အဦ တို့ကိုမှ ပစ်မှတ်ထား၍ တိုက်ခိုက်မည်မဟုတ်ကြောင်း ရိုက်တာသို့ ပြောကြားခဲ့သည်။
ထို့အပြင် မြန်မာအစိုးရက ရိုဟင်ဂျာလူထုအပေါ် ဆင်နွှဲနေသည့် လူမျိုးတုံးသတ်ဖြတ်မှုကို နိုင်ငံတကာမှ ဖြစ်နိုင်သမျှ မြန်မြန် အကာအကွယ်ပေးရန်လည်း ဦးအာတာအူလ္လာက တိုက်တွန်းထားပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးတပ်များ ရခိုင်ပြည်နယ်သို့ စေလွှတ်ပြီး ရိုဟင်ဂျာများကို အကာအကွယ်ပေးလျှင် ၎င်းတို့အနေဖြင့် လက်နက်ကိုင်၍ တိုက်ပွဲဝင်နေသည့် လမ်းစဉ်ကို စွန့်လွှတ်လိုက်မည်ဟူ၍လည်း ဦးအာတာအူလ္လာက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။
ရခိုင်ပြည်နယ်၌နေထိုင်နေ ကြသော သန်းနှင့်ချီသည့် ရိုဟင်ဂျာများသည် ၎င်းတို့၏ နိုင်ငံသားဖြစ်ခွင့်ကို ဆုံးရှုံးနေရပြီး လွတ်လပ်စွာ သွားလာခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်များကိုလည်း မရရှိသည့်အပြင် ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး သင်ကြားခွင့်၊ အလုပ်အကိုင် အခွင့်အလမ်းများမရှိခြင်း စသော အခြေခံအခွင့်အရေး မှန်သမျှတို့ကို အစိုးရက ပိတ်ပင်ထားနေသည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များက ထောက်ပြလျက်ရှိသည်။ အစိုးရက ရိုဟင်ဂျာများကို ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေအတိုင်း နိုင်ငံသားစီစစ်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ရန် အကျပ်တိုက်တွန်းနေပြီး ရိုဟင်ဂျာများ အနေဖြင့် ၎င်းတို့သည် ရခိုင်ပြည်နယ်၏ မူလဘူတ မျိုးနွယ်စုဖြစ်၍ နိုင်ငံသားပြုခွင့်ရရန်အတွက် လျှောက်ထားစီစစ်ခံစရာ မလိုအပ်ကြောင်း ခံယူထားပါသည်။ ထို့အပြင် အစိုးရ၏ လူမျိုးနာမည် တလွဲသုံးစွဲနေသည်ကိုလည်း ရိုဟင်ဂျာ တစ်ရပ်လုံးက အပြင်းအထန် ဆန့်ကျင်နေပြီး ရိုဟင်ဂျာအမည်နာမ အပေါ်သာ ခိုင်ခိုင်မာမာ ရပ်တည်လျက်ရှိသည်။
ရန်ကုန်အခြေစိုက် ရိုဟင်ဂျာ အခွင့်အရေးလှုပ်ရှားနေသူတစ်ဦးက "ကိုယ့်ကိုကိုယ် ဘယ်သူလဲဆိုတာ နိုင်ငံတကာ ဥပဒေအရ ပြောပြနိုင်ခွင့်ရှိပါတယ်။ မင်းဒီလူမျိုး မဟုတ်ဘူး၊ ဒီလူမျိုးကွာ ဆိုပြီး ဘယ်သူကမှ အတင်း နာမည်ပေးလို့မရဘူး" ဟု ပြောသည်။
ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ၏ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်နေ့ အစီရင်ခံစာအရ အောက်တိုဘာ ၉ ရက်၌ ဖြစ်ပေါ်ခဲ့သည့် နယ်ခြားစောင့်စခန်းများ တိုက်ခိုက်ခံရမှုနှင့် နောက်ဆက်တွဲ လုံခြုံရေး ဆောင်ရွက်မှုများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ခန့်မှန်းလူဦးရေ ၄၀၀၀၀ ခန့် မှာ ဆက်လက်၍ နေရပ်စွန့်ခွာတိမ်း ရှောင်လျက်ရှိသည်။ အောက်တို ဘာ ၉ ရက်က စတင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် လူဦးရေ ၇၄,၀၀၀ အနက် လူဦးရေ မည်မျှ ရခိုင်ပြည်နယ်မြောက် ပိုင်းသို့ ပြန်လည်ဝင်ရောက်ခဲ့သည်နှင့် စပ်လျဉ်းသည့်အချက်အလက်များ မရရှိဟု ဆိုသည်။ လူဦးရေ ၁၆,၀၀၀ ခန့်မှာ ၎င်းတို့ မူလနေ ထိုင်ရာရွာများသို့ ပြန်သွားနိုင်ခဲ့သည်ဟု ခန့်မှန်းပြီး အိမ်အမြောက်အမြား မီးရှို့ခံရခြင်း၊ ဖျက်ဆီးခံရခြင်း၊ ဖြိုဖျက်ခံရခြင်း တို့ကြောင့် ထိုနေရပ်ပြန်သွားသူများ အနေဖြင့် နေထိုင်နိုင်ရန် လိုအပ်ချက်များစွာ ရှိနေသည်ဟု ဆိုသည်။ နိုင်ငံတကာ ၀န်ထမ်းများအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးနိုင် ရေးသွားလာခွင့်ကို ဆက်လက် တင်းကျပ်စွာ ကန့်သတ်ထားဆဲ ဖြစ်ပြီး၊ ပြီးပြည့်စုံမှုရှိသော လိုအပ်ချက် လေ့လာဆန်းစစ်မှုများကို ပြည့်ပြည့်စုံစုံ ဆောင်ရွက်နိုင်ရန် ခွင့်ပြုချက်ရရှိရေးမှာလည်း အရေးကြီးသည့် ဦးစားပေးလုပ်ငန်း တစ်ရပ်ဖြစ်ကြောင်း ထောက်ပြထားသည်။
အစိုးရအနေဖြင့် ပြည်ပအခြေစိုက် ရိုဟင်ဂျာ အခွင့်အရေး လှုပ်ရှားနေသူများကို အစိုးရနှင့် ပူးပေါင်းရန် ဖိတ်ကြားထားသကဲ့သို့ ပြည်တွင်း အခြေစိုက် ရိုဟင်ဂျာ အခွင့်အရေး လှုပ်ရှားသူများကိုလည်း တရားဝင် ဖိတ်ကြားသင့်ကြောင်း မောင်တော ဒေသခံ ရိုဟင်ဂျာ တစ်ဦးဖြစ်သည့် ကိုမိုးဝေက ၎င်း၏ အမြင်ကို ပြောပါသည်။
"နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကတော့ အဲ့လိုပြောလိုက်တယ်ပေါ့နော်။ ဒါပေမယ့် သူ့ ပြောကြားချက်အတိုင်း အစိုးရက ရိုဟင်ဂျာ အဖွဲ့အစည်းတွေကို အမှန်တကယ် ဖိတ်ခေါ် မလား၊ ဒါမှမဟုတ် လူကြားကောင်းအောင်ပဲ ပြောကြားခဲ့တာလား၊ ဒါကိုတော့ ကျနော်တို့ စောင့်ကြည့်ရမယ်" ဟု ကိုမိုးဝေက ဖြည့်စွက်ပြောပါသည်။
ရိုဟင်ဂျာများသည် ၎င်းတို့ ဆုံးရှုံးခံနေရသော အခွင့်အရေးများကို တရားဥပဒေဘောင်အတွင်းကသာ တောင်းဆိုနေခြင်း ဖြစ်ပြီး၊ အစိုးရက အချိန်ဆွဲကာ အခြေအနေ အရပ်ရပ်ကို နဂိုမူလထက် ဆိုးရွားလာအောင် လုပ်ဆောင်နေခြင်းကြောင့် လက်နက်ကိုင် တော်လှန်သည့်အဖွဲ့ ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု စစ်တွေမြို့မှ ဒေသခံတစ်ဦးဖြစ်သူ ကိုအောင်က သုံးသပ်သည်ဟု ဆိုသည်။
MYARF
RB News
6.4.2017
ခမောင်းဆိပ် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ခမောင်းဆိပ်မြို့၊ သက်ကိုင်ညာရွာကို ဧပြီလ (၂) ရက်နေ့မှစ၍ နယ်ခြားစောင့်ရဲများက ၀န်းရံ ပိတ်ဆို့ထားကြောင်း သတင်းရရှိပါသည်။
ခမောင်းဆိပ်မြို့အပိုင် သက်ကိုင်ညာကျေးရွာအုပ်စု တစ်ခုလုံးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်ရင်းမှူး တစ်ဦးနှင့် ရဲတပ်သား (၅၀) ခန့်ပါဝင်သော အဖွဲ့တစ်ဖွဲ့က ဧပြီလ (၂) ရက်နေ့မှစ၍ ၀န်းရံပိတ်ဆို့ထားပြီး ရွာသူရွာသားများကို သွားလာခွင့် ပိတ်ပင်ထားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
အချို့တပ်ဖွဲ့ဝင်များသည် ရွာ၏ ဘေးပတ်လည်တွင် စောင့်လျက်ရှိပြီး၊ အချို့သည် ရွာတွင်းရှိ နေအိမ်များကို တစ်အိမ်တက်တစ်အိမ်ဆင်း ပိုက်စိတ်တိုက် ရှာဖွေလျက် ရှိသည်။ အိမ်ထောင်စုစာရင်းများကို ကိုင်တွယ်၍ မိသားစုဝင်များကို တစ်ဦးချင်း စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။
ဧပြီလ (၅) ရက်နေ့တွင် အဒူရှကူရ် (ဘ) ဦးအဒူလ်ဟာဘီ (အသက် ၂၃ နှစ်) ကို နေအိမ်မှ ဖမ်းဆီး၍ နယ်မြေ (၂) အောင်ဇူစခန်း (နယ်မြေရုံး) သို့ ခေါ်ဆောင်သွားပြီး တစ်ညလုံး ရိုက်နှက်နှိပ်စက်ခဲ့ရာ အသည်းအသန် ဖြစ်လာသောကြောင့် မနက်မိုးလင်းချိန်တွင် တမန်းသား ဆေးခန်းသို့ ပို့ဆောင်၍ ဆေးကုသပြီးမှ သတိပြန်လည် ရခဲ့ကြောင်း၊ နယ်ခြားစောင့်ရဲများက ရိုက်နှက်၍ သေသွားသည်ဟု ပြောဆို၍ မရအောင် ယနေ့ ဧပြီလ (၆) ရက်နေ့ ည ၆ နာရီအချိန်တွင် နေအိမ်သို့ ပြန်လွှတ်လိုက်ကြောင်း၊ နေအိမ်တွင် သေဆုံးသွားမည့် အခြေအနေ ဖြစ်နေသည်ဟု ဒေသခံများက ပြောပါသည်။
သက်ကိုင်ညာကျေးရွာကို ယနေ့ထိ ၀န်းရံ ပိတ်ဆို့ထားပြီး၊ ကျေးရွာတွင်းရှိ သြဇာရှိ မော်လ၀ီကြီးများ၊ ခေတ်ပညာတတ်များ (၃၀) ခန့်ကို ဖမ်းဆီးရန် အပူတပြင်း လိုက်လံရှာဖွေနေကြောင်း၊ တွေ့သူကိုဖမ်း၊ မိသူကို ဘ၀တုံးသွားအောင် ရိုက်နှက်လျက် ရှိသည်ကို မြင်တွေ့ရ၍ စိုးရိမ်မှုကြောင့် နေအိမ်များတွင် မအိပ်နိုင်ကြောင်း၊ တစ်ရွာလုံးကို ပိတ်ဆို့ထားသောကြောင့် အလုပ်အကိုင် မလုပ်နိုင်ဘဲ စားသောက်ရေး အခက်အခဲ ကြုံတွေ့လျက် ရှိနေကြောင်း၊ ကလေးသူငယ်များမှာ ကြောက်လန့်စိတ်လွန်ကဲပြီး စိတ်ကျရောဂါများ တိုးပွားနေသည်ဟု ဒေသခံများက ဆိုသည်။
Rohingya Eye
RB News
5.4.2017
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ၀ါးချကျေးရွာမှ ၀ါးထရံဖြင့် ခြံစည်းရိုး ကာရံနေသည့် ဒေသခံအမျိုးသမီးတစ်ဦး ငွေညှစ်ခံရကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် တောင်ပိုင်း ၀ါးချကျေးရွာမှ အတွင်းရေးမှူးဟောင်း ဦးရော်ဟီမူလ္လာ၏ ဇနီးဖြစ်သူ ဒေါ်အေလာမ်ဘာရ် (အသက် ၃၅ နှစ်) သည် ယခင်က ဖြိုဖျက်ခဲ့ရသည့် ခြံစည်းရိုးများကို ၀ါးထရံဖြင့် ကာရံနေသည်ကို ရာအိမ်မှူး ဖြစ်သူ ဦးအာဇူဒူလ္လာ (အသက် ၃၅ နှစ်) က အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်မောင်စိန်ထံ အကြောင်းကြားသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးက ဒေါ်အေလာမ်ဘာရ်ကို မတ်လ (၃၁) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသို့ ဆင့်ခေါ်၍ ငွေကျပ် နှစ်သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။
နယ်မြေရှင်းလင်းရေး ပြုလုပ်နေချိန်တွင် ခြံစည်းရိုးများ အားလုံး ဖြိုဖျက်ပစ်ရန် အမိန့်ထုတ်ပြန်ခဲ့သဖြင့် ခြံစည်းရိုးများအားလုံး ဖြိုဖျက်ပေးခဲ့ရသည်။ ခြံစည်းရိုး မရှိတော့သဖြင့် အမျိုးသမီးများမှာ မိမိတို့၏ အိမ်အပြင်သို့ ထွက်၍ ခြံထဲတွင် သွားလာရန်ပင် ခက်ခဲခဲ့သည်။
မြို့နယ် အုပ်ချုပ်ရေးမှူးက ခြံစည်းရိုးများကို ၀ါးထရံဖြင့် ပြန်လည်ကာရံရန် နှုတ်မိန့်ဖြင့် ခွင့်ပြုခဲ့သောကြောင့် ဒေါ်အေလာမ်ဘာရ်က အမိန့်အတိုင်း ပြန်လည်ကာရံ နေစဉ် ငွေညှစ်ခံရခြင်း ဖြစ်သည်။

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇားကျေးရွာတွင် ယာဉ်တိုက်မှု တစ်ခုဖြစ်ပွားခဲ့ပြီး ဒေသခံတစ်ဦး သေဆုံးသွားခဲ့သော်လည်း ၀င်တိုက်သည့် ယာဉ်ပိုင်ရှင်မှာ သူဌေးတစ်ဦး ဖြစ်သောကြောင့် နယ်ခြားစောင့်ရဲများက အမှုမဖွင့်ကြောင်း သတင်းရရှိပါသည်။
ဧပြီလ (၃) ရက်နေ့ နေ့လည် ၃း၃၀ နာရီ အချိန်ခန့်တွင် ရွှေဇားကျေးရွာအုပ်စု အတွင်း ကားလမ်းပေါ်တွင် Lifan ကုန်တင်ကားတစ်စီးက မော်တော်ဆိုင်ကယ်တစ်စီးကို နောက်မှ ၀င်တိုက်ပြီးနောက် ဆိုင်ကယ်သမားသည် တိုက်ခံရသည့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက RB News သို့ပြောပါသည်။
ဝင်တိုက်ခဲ့သည့် Lifan ကားပိုင်ရှင်သည် ရွှေဇား ဂုံးနားရွာမှ သူဌေးကြီး ဦးရော်ရှိတ် ဖြစ်နေသောကြောင့် ရွှေဇားတံတားအနီးရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက သေဆုံးသွားသူ၏ အလောင်းကို ဂရုမစိုက်ဘဲ ဦးရော်ရှိတ်ဘက်မှ ကာကွယ်ပေးခဲ့ကြောင်း၊ သေဆုံးသွားသူ၏ မိသားစုဝင်များက ယာဉ်မောင်းဖြစ်သူကို ၀ိုင်းဝန်း ဖမ်းဆီးထားသောကြောင့် နယ်ခြားစောင့်ရဲများက ဦးရော်ရှိတ်နှင့် သားနှစ်ဦး တို့နှင့်အတူ သေဆုံးသွားသူ၏ မိသားစုရှိရာသို့ သွားရောက်၍ ဆဲဆိုရိုက်နှက် ခြိမ်းခြောက်ခဲ့ကြောင်း၊ သေဆုံးသွားသူမှာ ရွှေဇား ဂုံးနားရွာမှ မိုဟာမတ်နူးရ် (ဘ) ဦးရှားကေရ် (အသက် ၁၆ နှစ်) ဖြစ်ပြီး ၎င်း၏ အစ်ကိုတစ်ဝမ်းကွဲ ဖြစ်သူ အေနာယောတူလ္လာ (ဘ) ဦးရိုဟုလ်အာမီးန်ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားပြီး ယာဉ်တိုက်မှုနှင့် ပတ်သက်၍ နောက်ထပ် အသံမထွက်ရန် ရိုက်နှက် ဆုံးမ၍ ခံဝန်ချက် ထိုးခိုင်းကာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ယာဉ်တိုက်မှုကြောင့် လူတစ်ဦး သေဆုံးသွားသော်လည်း နယ်ခြားစောင့်ရဲများက အမှုဖွင့် အရေးယူခြင်း မပြုလုပ်သောကြောင့် ယာဉ်တိုက်မှု ကျူးလွန်သူ ယာဉ်မောင်းနှင့် ကားပိုင်ရှင်တို့က မောက်မာစွာ ပြောဆိုလျက် ရှိသည့် အပြင် ဌာနဆိုင်ရာကို တိုင်ကြားလျှင် မျိုးပြုတ်အောင် သတ်ပစ်မည်ဟု မိသားစုဝင်များကို လူအများရှေ့တွင် ခြိမ်းခြောက်ကြောင်း ဒေသခံများက ပြောပါသည်။
သေဆုံးသွားသူ၏ ရုပ်အလောင်းကို မိသားစုဝင် မြှပ်နှံ သဂြိုလ်လိုက်ကြောင်း သိရှိရပါသည်။

| ကားတိုက်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားသူ |
MYARF
RB News
5.4.2017
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရ နယ်မြေတ၀ိုက်တွင် နယ်မြေရှင်းလင်းရေး အတွက် တာဝန်ကျနေသည့် ခမရ (၅၅၁) မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ဇေယျက မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းကို ပေါ်ပေါ်တင်တင် လုပ်ကိုင်လျက်ရှိကြောင်း သတင်းရရှိပါသည်။
မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရကျေးရွာအနီးရှိ ကံပြင်ရခိုင်ကျေးရွာနားတွင်တည်ရှိသည့် စံပယ်ပင်ရင်း ချောင်းဝမှ ထွက်သွားလျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နီးလာ-ဟာဆာရီပါရာ ရခိုင်ရွာသို့ ရောက်ရှိသဖြင့် ရခိုင်လူမျိုး အချင်းချင်း မူးယစ်ဆေးဝါး ကုန်သွယ်မှု ချောချောမောမော ခရီးပေါက်လျက် ရှိနေသည်ဟု ဒေသခံများက ဆိုသည်။ အဆိုပါ လမ်းကြောင်းကို ယင်းဒေသတ၀ိုက်တွင် ၅ လကြာမျှ နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် တာဝန်ကျနေသော ခမရ (၅၅၁) တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ဇေယျ ကိုယ်တိုင် ခက်ခက်ခဲခဲ ကြိုးစား၍ ချောမောအောင် လုပ်ထားခြင်း ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။
WY ခေါ် စိတ်ကြွဆေးပြား လုပ်ငန်းကို တပ်ရင်းမှူး ဗိုလ်မှူးကျော်ဇေယျ ကိုယ်တိုင် ၎င်း၏ လက်အောက်ငယ်သား တပ်ဖွဲ့ဝင်များကို လုံခြုံရေး တာဝန်ယူစေပြီး ဘူးသီးတောင်မှ တိုက်ရိုက် အဟန့်အတားမဲ့ သယ်ယူလာပြီး အစုရှယ်ယာဝင် ကံပြင်ကျေးရွာသား မူးယစ်ဘုရင် ဦးအောင်သိန်းနိုင်က အဆင်သင့်လုပ်ထားသည့် နတ်မြစ်ကမ်းနားရှိ လှေပေါ်သို့ တင်ပို့ကာ တစ်ဖက်ကမ်း ဟာဆာရီပါရာရှိ ရခိုင်ရွာသား ကိုထွန်းနိုင်ထံ ဘေးရန် ကင်းဝေးစွာဖြင့် ပေးပို့ခြင်းဖြင့် မူးယစ်ကူးသန်းရောင်းဝယ်ရေး လုပ်ငန်း အောင်မြင်စွာ လုပ်ကိုင်နေကြောင်း သေချာလေ့လာထားသည့် ဒေသခံများက ပြောပါသည်။
ခမရ (၅၅၁) တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ဇေယျ (ခေါ်) ဟာန်ဘော်ရာဗိုလ်ကြီးသည် ငါးခူရ နယ်မြေတ၀ိုက်တွင် နယ်မြေရှင်းလင်းရေး တာဝန်ဖြင့် ရောက်ရှိလာသည်မှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလလယ် ကတည်းက ဖြစ်ပြီး၊ အစပိုင်းတွင် မျက်စိရှေ့တွင် တွေ့သည့် ဒေသခံရိုဟင်ဂျာများကို ဖမ်း၊ ရိုက်နှက်နှိပ်စက်၊ ငွေထုတ်ကြီးရလျှင် ပြန်လွှတ်၊ အိမ်များ မီးရှို့ပြီး၊ ရရှိသည်ငွေများနှင့် ပတ်သက်၍ လက်အောက်ငယ်သား တပ်ဖွဲ့ဝင်များ မသိအောင်၊ တပ်ဖွဲ့ဝင်များကို ရွာတွင်းသို့ ပို့၍ တစ်အိမ်လျှင် နှစ်ဦးစီ ၀င်ခိုင်းပြီး အမျိုးသမီးများကို မုဒိမ်းကျင့်ခိုင်း၊ အိမ်များရှိ ရွှေငွေများ အားလုံးကို ဓါးပြတိုက်လုယူ၊ ညနေပိုင်းတွင် နွားများ ပစ်သတ်စားသည့် အပြင်၊ ဓါးပြတိုက်ထားသည့် နွားများကို ကံပြင် ရခိုင်ရွာသားများကို လက်ဆောင်ပေး၍ မျက်နှာချိုသွေး ပြုလုပ်ခဲ့ကြောင်း၊ ရိုဟင်ဂျာများကို မတရားသဖြင့် ဖမ်းဆီးငွေညှစ်၍ ရရှိသည်များကို အရင်းအနှီး ပြုလုပ်ရန် စုဆောင်း၍ အခြားတစ်ဖက်တွင် ကုန်သွယ်မှု လမ်းကြောင်း ချောမောအောင် ရိုဟင်ဂျာများထံမှ လုယက်ထားသည့် ပစ္စည်းများကို လက်ဆောင်ပေး၍ မိတ်ဖွဲ့ပြီးနောက် နောက်ဆုံးတွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို ဦးအောင်သိန်းနိုင်နှင့် ပူးပေါင်း၍ ပေါ်ပေါ်တင်တင် လုပ်နေသည်ဟု ဒေသခံများက ပြောပါသည်။

3.4.2017
မြင်းလွတ် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မြင်းလွတ်မြို့နယ်ခွဲ၊ ဥဒေါင်းကျေးရွာအုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ပူးပေါင်း၍ ရွာသူရွာသားများ ထံမှ ငွေညှစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
ဥဒေါင်းကျေးရွာအုပ်စုမှ ရခိုင်လူမျိုး ကျေးရွာအုပ်ချုပ်ရေးမှူးသည် ရိုဟင်ဂျာလူမျိုးများကို ရာအိမ်မှူးများ အဖြစ်ခန့်ထားပြီး ရွာကို အုပ်ချုပ်လျက် ရှိသည်။ ကျေးရွာ ရာအိမ်မှူးများထဲမှ ဇုမ္မာရွာ၏ ရာအိမ်မှူးဖြစ်သူ ဦးကော်ရီမူလ္လာ (ဘ) ဦးဘော်ဒီရာမာန်သည် ဥက္ကဌဟောင်း အပါအ၀င် (၃) ဦးကို လက်ကိုင်တုတ်များ အဖြစ် အသုံးပြု၍ ရွာသူရွာသားများကို အပြစ်မရှိ အပြစ်ရှာ၍ နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိကြောင်း ရွာသားများက RB News သို့ပြောသည်။
မတ်လ (၁၉) ရက်နေ့တွင် ဥဒေါင်းမြောက်ရွာမှ အရပ်လက်သည် ဒေါ်နူရ်ဇာဟာန် (ဘ) ဦးဘာဆာမျာကို အမျိုးသမီးတစ်ဦးကို ကိုယ်ဝန်ဖျက်ချရန် ကူညီခဲ့သည်ဟု မဟုတ်မမှန် လုပ်ကြံစွပ်စွဲ ခြိမ်းခြောက်၍ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ငွေကျပ် (၆) သိန်း ညှစ်ယူထားကြောင်း၊ အလားတူ မဟုတ်မမှန် စွပ်စွဲ၍ ရွာသူရွာသားများ ထံမှ နေ့စဉ်နေ့တိုင်း ငွေညှစ်လျက် ရှိကြောင်း ဒေသခံ ရွာသားများက ပြောပါသည်။
RB News
3.4.2017
ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ထင်းခုတ်၍ ပြန်လာသည့် ချိန်ခါလီ ရိုဟင်ဂျာရွာမှ ရွာသား (၁၅) ဦးကို နယ်ခြားစောင့်ရဲများနှင့် ရာအိမ်မှူးများက ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဧပြီလ (၂) ရက်နေ့တွင် ရသေ့တောင်မြို့နယ် ချိန်ခါလီ ရိုဟင်ဂျာကျေးရွာမှ ဆင်းရဲသား ရွာသားအချို့သည် ရွာ၏ အရှေ့ဘက်ရှိ တောင်မှ သစ်၊ ၀ါး၊ ထင်းများခုတ်ပြီးနောက် ပြန်လာစဉ် ချိန်ခါလီရခိုင်ရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ ဒုရဲအုပ်နှင့် ချိန်ခါလီ ရိုဟင်ဂျာရွာမှ ရာအိမ်မှူးများ ဖြစ်ကြသည့် ဦးရိုရှိတ် (ဘ) ဦးဖေရင်နှင့် ဦးဖူတူနာ (ခ) အဒူမာလဲခ် (ဘ) ဦးဆော်လာမတ် တို့က ဆင်းရဲသား ရွာသားများ ခုတ်လာသည့် ၀ါး၊ သစ်၊ ထင်းများနှင့်အတူ ဖမ်းဆီး၍ စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ဖမ်းဆီးခံရသည့် ရွာသားများ၏ မိဘများက ၎င်းတို့၏ သားသမီးများ ဖမ်းဆီးခံထားရသည်ကို ကြားသိပြီးနောက် ရာအိမ်မှူးများထံသို့ အသနားခံခဲ့ရာ ရာအိမ်မှူးများက လူတစ်ဦးလျှင် ငွေကျပ် ၅၀၀၀/- စီပေးပါက တာဝန်ယူဖြေရှင်းပေးမည်ဟု ပြောကြားခဲ့သည်။
ဖမ်းဆီးခံရသူများ ထမ်းလာသည့် သစ်၊ ၀ါး၊ ထင်းများ ပြန်ရောင်းလျှင် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀/- စီသာ ရမည် ဖြစ်သော်လည်း၊ နံနက် (၇) နာရီ အချိန်မှ စ၍ အစားအသောက်မစားဘဲ ထင်းခုတ်ပြီးနောက် ပြန်လာစဉ် ဖမ်းဆီးခံရပြီး နေ့လည် (၃) နာရီထိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းတွင် ချုပ်နှောင်ခံထားရသည်ကို မိဘများက စိုးရိမ်၍ နောက်ဆုံးတွင် ၁၅ ဦးအတွက် ငွေကျပ် ၇၅၀၀၀/- ကို ရာအိမ်မှူးများထံ ပေးအပ်၍ ဖမ်းဆီးခံရထားရသူများကို ပြန်လည် ရွေးယူခဲ့ရကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
၎င်းတို့အား နယ်ခြားစောင့်ရဲများက တိုက်ရိုက် ဖမ်းဆီးခြင်းမဟုတ်ဘဲ ရာအိမ်မှူးများက ငွေညှစ်ရန် အတွက် နယ်ခြားစောင့်ရဲများအား ဖမ်းဆီးခိုင်းခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ အဆိုပါ ရာအိမ်မှူး နှစ်ဦးသည် ယခင်ကတည်းက ရွာသူရွာသားများကို မကြာခဏ ဒုက္ခပေးကြသူများ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
Rohingya Eye
RB News
1.4.2017
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဒိုးတန်းကျေးရွာကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ၀န်းရံပိတ်ဆို့ပြီး အပြစ်မဲ့ဒေသခံရွာသားများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိပါသည်။
မတ်လ (၃၁) ရက်နေ့ နံနက်အာရုဏ်တက်အချိန်တွင် မောင်တောမြို့နယ်မြောက်ပိုင်း ဒိုးတန်းကျေးရွာကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ၀န်းရံပိတ်ဆို့ခဲ့ပြီး၊ နံနက် (၇) နာရီ အချိန်တွင် နယ်မြေ (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်မြေမှူး ဦးဆောင်၍ တစ်အိမ်တက် တစ်အိမ်ဆင်း နေအိမ်များကို စစ်ဆေးခဲ့ပြီး၊ အမျိုးသား နှစ်ရာကျော်ကို မူလတန်းကျောင်းသို့ ခေါ်ဆောင်သွားပြီး စုဝေးခဲ့သည်။ ဒိုးတန်းမြောက်ရွာမှ အီဒိရိစ် (ဘ) ဦးမိုဟာမတ်ဟာရှိမ်း (အသက် ၁၈ နှစ်) နှင့် အော်လီအူလ္လာ (ဘ) ဦးဆွေတာမီးန် (အသက် ၂၅ နှစ်) တို့ကို နေအိမ် အသီးသီးမှ လက်ထိပ်ခတ်၍ ခေါ်ဆောင်သွားခဲ့သည်။ လူနှစ်ရာကျော်စုဝေးထားသည့် နေရာတွင် ရွာသား (၁၀) ဦးကျော်ကို လက်ထိပ်ခတ်၍ စစ်ဆေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
လွန်ခဲ့သည့် အပတ်က ရှော်ဖိခ် (အသက် ၂၀ နှစ်) ကို သတ်ဖြတ်မှုနှင့် စပ်လျဉ်း၍ မိသားစုဝင်များ၏ မမှန်မကန် ထွက်ဆိုချက်ကြောင့် စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့က အင်အား အလွန်အကျွံသုံး၍ ရွာထဲသို့ ၀င်ရောက်စီးနင်းခြင်း ဖြစ်သည်ဟု ဒေသခံများက ယူဆလျက် ရှိနေကြသည်။
ယင်းနေ့ နေ့လည်ပိုင်းတွင် သက်ကြီးရွယ်အိုများကို နေအိမ်များသို့ ပြန်ခွင့်ပေးခဲ့သော်လည်း လူငယ်များကို ဆက်လက် ထိန်းသိမ်းထားခဲ့သည်။
အော်လီအုလ္လာ (ဘ) ဦးဆွေတာမီးန် (အသက် ၂၅ နှစ်) ကို ညနေ ၅ နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့သော်လည်း အီဒိရိစ် အပါအ၀င် ရွာသား (၁၁) ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။
အီဒိရိစ်ကို လူမဆန်စွာ ရိုက်နှက်ခဲ့သောကြောင့် ကားပေါ်သို့ ရဲနှစ်ဦးက ထမ်း၍ တင်ခဲ့ရကြောင်း၊ ၎င်း၏ ကျန်းမာရေး အခြေအနေ အလွန်ဆိုးဝါးနေကြောင်း မျက်မြင်သက်သေများက ပြောပါသည်။
ဖမ်းဆီးခံရသူ (၁၁) ဦးမှာ --
(၁) အီဒိရိစ် (ဘ) ဦးမိုဟာမတ်ဟာရှိမ်း (အသက် ၁၈ နှစ်)
(၂) ယာစီးန် (ဘ) ဦးမာမတ်ဒူလ္လာ (အသက် ၁၈ နှစ်)
(၃) ဟူဆောင်း (ဘ) ဦးဆွေယာ့ဒူလ္လာ (အသက် ၂၂ နှစ်)
(၄) ဘော်နီအာမီးန် (ဘ) ဦးဖောရာန် (အသက် ၂၃ နှစ်)
(၅) အဒူလ်အာမီးန် (ဘ) ဦးအဒူမာလဲခ် (အသက် ၂၅ နှစ်)
(၆) ဦးဇာဖော်ရ် (ဘ) ဦးရှော်ရီသ်အူလ္လာ (အသက် ၃၂ နှစ်)
(၇) ဦးမာမတ်ဒူလ္လာ (ဘ) ဦးမိုဟာမတ် (အသက် ၄၅ နှစ်)
(၈) ဦးဒေါလ္လာ (ဘ) ဦးအဒူရာမာန် (အသက် ၃၂ နှစ်)
(၉) ဦးဆော်လိမ် (ဘ) ဦးဇော်ခေါ်ရီ (အသက် ၂၅ နှစ်)
(၁၀) ရော်ဖိခ် (ဘ) ဦးဇော်ခေါ်ရီ (အသက် ၂၃ နှစ်)
(၁၁) ဖော်ရီသ် (ဘ) ဦးဇော်ခေါ်ရီ (အသက် ၁၈ နှစ်) -- တို့ဖြစ်ကြသည်။
ဖမ်းဆီးခံရသူ၏ မိသားစုများက စစ်ကြောရေးတွင် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံရမည်ကို စိုးရိမ်လျက် ရှိနေကြကြောင်း ဒေသခံများက ပြောပါသည်။
MYARF
RB News
1.4.2017
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တင်းမေကျေးရွာအုပ်စုမှ အပြစ်မဲ့ ဒေသခံရွာသားများကို ဖမ်းဆီးလျက်ရှိနေသောကြောင့် တစ်ရွာလုံး ထွက်ပြေးရန် စီစဉ်လျက်ရှိကြောင်း၊ တင်းမေရွာ ပြိုပျက်သွားမည့် အခြေအနေ ဖြစ်နေကြောင်း သတင်းရရှိပါသည်။

ဘူးသီးတောင်မြို့နယ်၊ တင်းမေကျေးရွာအုပ်စုမှ ဒေသခံရွာသား (၁၇) ဦးကို မတ်လအစောပိုင်းမှ စတင်၍ သုံးရက်တိုင်တိုင် မသင်္ကာမှုဖြင့် ဖမ်းဆီးခဲ့သည်။
ဒေသခံတစ်ဦးက “ဖမ်းသွားတုန်းက မသင်္ကာမှုနဲ့၊ စခန်းသွင်း စစ်ဆေးတာမှ သစ်ဝါးလိုခုတ်၊ တိရိစ္ဆာန်လို ထိုးဖုတ်တာကြောင့် မခံနိုင်တဲ့အဆုံးမှာ အာဏာပိုင်တွေ စာစီကုံးထားတဲ့ ဇတ်လမ်း ၀တ္တုပေါ်မှာ လက်မှတ်ထိုးပေးပြီး ဘ၀ကို အာဏာပိုင်တွေရဲ့ အလိုကျ အကျဉ်းထောင်ကို ပေးအပ်လိုက်ရတယ်လို့ ဖမ်းခံရထားသူများရဲ့ မိသားစုဝင်များက ပြောပါတယ်” ဟု RB News သို့ပြောပါသည်။
ဒေသခံရွာသား (၁၇) ဦးကို ဖမ်းဆီးထားပြီး (၃၆) ဦးကို တရားခံပြေးများ ကြေညာထားကြောင်း၊ စစ်သားများနှင့် နယ်ခြားစောင့်ရဲများက နေ့ညမပြတ် ကင်းလှည့်စောင့်နေကြည့်သောကြောင့် ရွာသားများ စားမ၀င်အိပ်မရ ဆောက်တည်ရာမရ ဖြစ်နေချိန်တွင် ကျေးရွာတာဝန်ခံကို သတ်ဖြတ်သူများအား လက်နက်ကိုင် အာဏာပိုင်များက မဖမ်းနိုင်ခဲ့သည်ကို အပြစ်မဆိုဘဲ လက်နက်မဲ့ ရွာသူရွာသားများကိုသာ မဖမ်းနိုင်ခဲ့သည့် အတွက် အပြစ်ပေးမည်ဟု ဆိုကာ ယနေ့ ဧပြီလ (၁) ရက်နေ့တွင် ကျေးရွာတာဝန်ခံ၏ အိမ်နီးချင်း အမျိုးသမီး (၅) ဦးနှင့် အမျိုးသား (၁၅) ဦးတို့ကို ဖမ်းဆီး၍ ကျင်းတောင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောပါသည်။
တင်းမေရွာသားများသည် နဂိုကတည်းက မဟုတ်မမှန် ဖန်တီးဇတ်လမ်းတစ်ပုဒ်၏ သားကောင်များ ဖြစ်ခဲ့ရသည်ကို ယူကြုံးမရဖြစ်နေချိန်တွင် ထပ်မံ၍ တစ်ပူပေါ်နှစ်ပူဆင့် ဆိုသလို နောက်ထပ်ရွာသားများ အဖမ်းခံရမည်ကို စိုးရိမ်လျက်ရှိပြီး ရွာလုံးကျွတ် ထွက်ပြေးရန် စီစဉ်နေကြောင်း၊ တင်းမေရွာ လုံးဝ ပြိုပျက်သွားမည်ကို စိုးရိမ်လျက်ရှိနေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရပါသည်။

30.3.2017
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်သို့ ရောက်ရှိနေသည့် ပြန်ကြားရေးဝန်ကြီးဌာနမှ စေလွှတ်လိုက်သော မီဒီယာအဖွဲ့နှင့် တွေ့ဆုံ၍ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြောကြားခဲ့သည့် ရိုဟင်ဂျာ အမျိုးသမီး (၃) ဦးကို နယ်ခြားစောင့်ရဲများက ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သတင်းရရှိပါသည်။
ယနေ့ မတ်လ (၃၀) ရက်နေ့တွင် မောင်တောခရိုင်သို့ ရောက်ရှိနေသည့် မီဒီယာအဖွဲ့သည် မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာအုပ်စုသို့ နေ့လည် ၂ နာရီအချိန်ခန့်တွင် သွားရောက်ခဲ့ပြီး၊ နယ်ခြားစောင့်ရဲများ အသင့်စောင့်နေသည့်ကြားက ရွာထဲသို့ ၀င်ရောက်ကာ ရွာသူရွာသား အချို့နှင့် တွေ့ဆုံ မေးမြန်းခဲ့သည်။
ထိုသို့ မေးမြန်းစဉ် အမျိုးသမီးအချို့နှင့် တွေ့ဆုံခဲ့ပြီး၊ အမျိုးသမီးများက၂၀၁၆ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် ၎င်းတို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည်များကို သတင်းထောက်များအား ပြောကြားခဲ့သည်။
ဖြေကြားခဲ့သူ အမျိုးသမီးများထဲမှ ဦးနူရ်ဘော်ရှော်ရ်၏ ဇနီး မဇော်မီလာ၊ ဦးဟာဘီဘုလ္လာ၏ ဇနီးနှင့် သမီးဖြစ်သူ ဖာတေမာတို့ (၃) ဦးကို မီဒီယာအဖွဲ့ ပြန်သွားချိန် နေ့လည် (၃) နာရီ အချိန်တွင် ရွက်ညိုတောင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူးနှင့် အဖွဲ့က လာရောက်ပြီး ဖမ်းဆီးကာ ငါးခူရ ဒေသရုံး (နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း) သို့ ခေါ်ဆောင် သွားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
MYARF
RB News
28.3.2017
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ရဲတပ်ကြပ်ကြီး လှမြင့် ဦးဆောင်သော ဒန အဖွဲ့ ခေါ် ဒုစရိုက်နှိမ်နင်းရေးအဖွဲ့မှ ရဲတပ်ဖွဲ့ဝင် (၃) ဦးတို့က ညသန်းခေါင်ယံ အချိန်တွင် မောင်တောမြို့ပေါ်ရှိ ရပ်ကွက်များမှ ငွေကြေး ချမ်းသာသူများကို ပစ်မှတ်ထား၍ ဖမ်းဆီးကာ အမျိုးမျိုးခြိမ်းခြောက်၍ ငွေညှစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မတ်လ (၂၆) ရက်နေ့ ညသန်းခေါင်ယံ ၁ နာရီခန့် အချိန်တွင် အဆိုပါ တပ်ကြပ်ကြီးလှမြင့်နှင့် ရဲတပ်ဖွဲ့ (၃) ဦးတို့သည် အမှတ် (၅) ရပ်ကွက် ခေါ် ရွာသစ်ကေ ရပ်ကွက်မှ ရဲသတင်းပေးများ ဖြစ်သော ရာအိမ်မှူး နှစ်ဦး ဦးဒိလ်မိုဟာမတ်နှင့် ဦးမိုဟာမတ်ဆိဒိခ် တို့ကို ခေါ်ယူ၍ ယင်းရွာမှ ငွေကြေး အသင့်အတင့် တတ်နိုင်သူများ ဖြစ်ကြသော ဦးဇာဟိတ်အာလောမ် (ဘ) ဦးဆယာဒ်ဟူစိန်းနှင့် ဦးအော်လီအူလ္လာ (ဘ) ဦးလော်တာဘောက်ရှု တို့၏ နေအိမ်များသို့ သွားရောက်၍ နှစ်ဦးစလုံးကို ဖမ်းဆီး၍ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်သွားခဲ့သည်။
၎င်းတို့နှစ်ဦးစလုံးကို ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီးပြီးနောက် “မတရားအသင်းနှင့် ဆက်သွယ်မှု၊ မူးယစ်ဆေးဝါးအမှု၊ လူကုန်ကူးမှု ပုဒ်မများဖြင့် တရားစွဲ၍ ထောင် (၁၅) နှစ်ကျအောင် လုပ်မည်” ဟု ခြိမ်းခြောက်၍ ငွေကျပ် (၁၀) သိန်းစီ တောင်းခံခဲ့သည်။ နောက်ဆုံးတွင် နံနက် (၃) နာရီခန့် အချိန်တွင် ဦးဇာဟိတ်အာလောမ် ထံမှ ငွေကျပ် ၆ သိန်းခွဲ၊ ဦးအော်လီအူလ္လာ ထံမှ ငွေကျပ် ၅ သိန်း အသီသီး ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ဒေသခံနှစ်ဦးထံမှ ညှစ်ယူသည့် ငွေကျပ် ၁၁ သိန်းခွဲကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရဲသတင်းပေး ရာအိမ်မှူး နှစ်ဦးနှင့် တပ်ကြပ်ကြီးလှမြင့်နှင့် ရဲတပ်ဖွဲ့ဝင် (၃) ဦးတို့က ရာထူးအလိုက် ခွဲဝေယူခဲ့ကြောင်း သိရှိရသည်။
တပ်ကြပ်ကြီးလှမြင့်သည် ဆယ်နှစ်စုတစ်ခုမက မြို့နယ်ရဲစခန်းတွင် တာဝန်ထမ်းဆောင်စဉ် ဒေသခံရိုဟင်ဂျာ များကို နေ့စဉ်မဟုတ်မမှန်လုပ်ကြံ၍ ဖမ်းဆီးငွေညှစ်နိုင်ခဲ့ခြင်း၊ မူးယစ်ဆေးဘုရင်များထံမှ လစဉ်ကြေး ကောက်ခံနိုင်ခဲ့ခြင်းတို့ကြောင့် ငွေကြေးအသင့်အတင့် ချမ်းသာလာခဲ့ပြီး၊ ၂၀၁၂ ခုနှစ် ပဋိပက္ခတွင် ၎င်းနှင့် ရင်းနှီးနေသည့် မူးယစ်ဆေးဘုရင်များကို မီးရှို့မှုပုဒ်မမှ ကင်းဝေးအောင် ကူညီပေးမည်ဟု ဆိုကာ တစ်ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ကျော် ညှစ်ယူနိုင်ခဲ့သဖြင့် တိုက်၊ ကားများစီးနိုင်သည့် ဘ၀သို့ ရောက်ရှိခဲ့သည်။ ထို့နောက် ၎င်းသည် မူးယစ်ဆေးဝါးအမှုတစ်ခုနှင့် ငြိစွန်းပြီးနောက် ငွေကုန်ကြေးကျများသွားခဲ့သော်လည်း ယခုတစ်ဖန် ခရိုင် ဒုစရိုက်နှိမ်နင်းရေးရဲတပ်ဖွဲ့တွင် တာဝန်ရလာသည်နှင့် အလျင်အမြန် ပြန်လည် ချမ်းသာလာရန် အတွက် နေ့ည မနားတမ်း အပြစ်မဲ့ဒေသခံရိုဟင်ဂျာများကို ဖမ်းဆီးခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။
Rohingya Eye
RB News
27.3.2017
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့ပေါ်တွင် နယ်ထိန်းရဲများသည် အရပ်ဝတ်များ ၀တ်ဆင်၍ ခရီးသွား ပြည်သူများကို ဖမ်းဆီးခြိမ်းခြောက်၍ ငွေညှစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
မတ်လ (၂၆) ရက်နေ့တွင် မောင်တောမြို့နယ် ဖားဝပ်ချောင်းကျေးရွာအုပ်စု၊ သဲချောင်းကျေးရွာမှ ဦးမိုဟာမတ်အာလောမ် (ဘ) ဦးအဒူဆလာမ် (အသက် ၃၂ နှစ်) နှင့် ၎င်း၏ ညီဖြစ်သူ ဦးဆော်ဒူလာမီးန် (အသက် ၃၀ နှစ်) တို့သည် မြို့ပေါ်သို့ ဈေးဝယ်ရန် ရောက်ရှိလာခဲ့ပြီး၊ United တည်းခိုခန်း အောက်ရှိ စားကုန်ဆိုင်လိုင်းတန်းမှ စားကုန်ပစ္စည်းများ ၀ယ်ယူပြီးနောက် နေ့လည် ၃ နာရီ အချိန်တွင် ရွာသို့ပြန်ရန်အတွက် ကားပေါ်တက်နေစဉ် အရပ်ဝတ်များ ၀တ်ဆင်ထားသော ရဲ (၄) ဦး ရောက်ရှိလာပြီး ၎င်းတို့ ညီအစ်ကို နှစ်ဦးကို ဖမ်းဆီး၍ ရွှေနှင်းဆီ လဘက်ရည်ဆိုင်သို့ ခေါ်ဆောင်သွားခဲ့သည်။
ထို့နောက် အရပ်ဝတ် ၀တ်ဆင်ထားသည့် ရဲများက ၎င်းတို့အား အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်နေသူများ အဖြစ် လုပ်ကြံ၍ အခြေအမြစ် စွပ်စွဲ၍ ငွေကျပ် (၆) သိန်း တောင်းခံပြီး၊ ဦးဆော်ဒူလာမီးန်ကို ငွေရှာရန် အတွက် လွတ်ခဲ့သည်။ ဦးဆော်ဒူလာမီးန်က ၎င်းနှင့် သိကျွမ်းသူတစ်ဦးထံမှ ငွေကျပ် တစ်သိန်း ချေးယူ၍ ရဲများကို ပေးပြီးနောက် ၎င်းတို့ ညီအစ်ကိုနှစ်ဦးကို ပြန်လည် လွှတ်ပေးခဲ့ကြောင်း မြို့ခံတစ်ဦးက RB News သို့ပြောပါသည်။
မောင်တောမြို့ပေါ်တွင် အရပ်ဝတ်များ ၀တ်ဆင်၍ သွားလာလှုပ်ရှားနေသည့် ရဲတပ်ဖွဲ့ဝင်များမှာ ရဲတပ်ကြပ်ကြီး လှမြင့် ဦးဆောင်သည့် နယ်ထိန်းရဲများ ဖြစ်ကြောင်း သိရှိရသည်။ ၎င်းတို့သည် လိုင်စင်ရ ဓါးပြများ သဖွယ် သောင်းကျန်းနေကြောင်း၊ မားဖီးယားဂိုဏ်းအဖွဲ့ ကဲ့သို့ လူအများရှေ့တွင် သောင်းကျန်းနေကြောင်း မြို့ခံများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။
မတ်လ (၂၂) ရက်နေ့တွင်လည်း မောင်တောမြို့နယ် မြောက်ပိုင်း ပဒင်းကျေးရွာအုပ်စု၊ ခူးန်ခါရာရွာမှ မော်လ၀ီမာမတ်ဟူဆောင်း (ဘ) ဦးဆုလ်တာန် (အသက် ၄၀ နှစ်) သည် ဈေးဝယ်၍ ရွာသို့ပြန်နေစဉ်၊ အမှတ် (၄) ရက်ကွက် ရွာသစ်ရွာ Malteser ရုံးအနီး လဘက်ရည်ဆိုင်မှ အရပ်ဝတ်များဖြင့် ရဲများ ထွက်လာပြီး အဆိုပါ မော်လ၀ီကို ဖမ်းဆီး၍ လဘက်ရည်ဆိုင်ထဲသို့ ခေါ်ဆောင်သွားကာ အခြေအမြစ် လုပ်ကြံစွပ်စွဲ၍ ငွေကျပ် ၃ သိန်း ညှစ်ယူခဲ့သည်။
“ပြည်သူတွေက ဥပဒေချိုးဖောက်ရင် ရဲတွေက အရေးယူတယ်။ ရဲတွေက အများပြည်သူရှေ့မှောက်မှာ လက်လွတ်စပယ် ဖမ်းဆီး ငွေညှစ်နေတာကို အရေးယူမယ့်လူမရှိဘူး။ တရားဥပဒေစိုးမိုးတဲ့ အစိုးရတစ်ရပ်လို့ ကြွေးကြော်နေတဲ့ အစိုးရလက်ထက်မှာလည်း အရင် အာဏာရှင်အစိုးရလို ဥပဒေမဲ့ ဖမ်းဆီး ငွေညှစ်နေတာတွေကို ဟန့်တားနိုင်ခြင်း မရှိတာကိုတော့ အလွန်စိတ်ပျက်မိတယ်” ဟု မောင်တောမြို့ပေါ်မှ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါသည်။
၂၀၁၇ မတ်လ (၂၇) ရက်
အကြမ်းဖက် ရာဇ၀တ်ကောင် အုပ်စုများ အဖြစ် သတ်မှတ်ခြင်း
ရိုဟင်ဂျာတို့အား ကျူးလွန်မှု အပါအ၀င် မြန်မာတစ်နိုင်ငံလုံးရှိ လူနည်းစုများ အာဏာမဲ့များ လူ့အခွင့်ရေး ဆောင်ရွက်သူများ အပေါ်ကျူးလွန်ခဲ့သော စစ်အာဏာရှင် အကြမ်းဖက် ရာဇ၀တ်ကောင် များ၏ ကျူးလွန်မှုများနှင့် စပ်လျှဉ်း၍ “နိုင်ငံတကာ မှုခင်း အချက်အလက် ရှာဖွေရေး ကော်မရှင်” ဖွဲ့စည်းရန် ကမ္ဘာ့ကုလသမဂ္ဂမှ ဆုံးဖြတ်ချက် ချမှတ်သည်အား ကန့်ကွက်၊ ဟန့်တား၊ တားဆီး၊ ပိတ်ပင် သည့် မည်သည့် အဖွဲ့၊ မည်သည့်ပါတီ၊ မည်သည့် အာဏာပိုင်၊ မည်သည့် လူပုဂ္ဂိုလ် မဆို ကျွန်ုပ်တို့ Civil Rights Movement မှ အကြမ်းဖက် ကမ္ဘာ့ ရာဇ၀တ်ကောင်များ အဖြစ် သတ်မှတ်လိုက်သည်။
“နိုင်ငံတကာ မှုခင်း အချက်အလက် ရှာဖွေရေး ကော်မရှင်”သည် ရခိုင်ဒေသ တစ်ခုတည်းကိုသာ ရာဇ၀တ်မှု ကျူးလွန်ခြင်း အထောက်အထားများ ရှာဖွေ စုဆောင်းမည် မဟုတ်ဘဲ၊ ကချင်၊ ကရင်၊ မွန်၊ ရှမ်း၊ မြန်မာပြည်မ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူ့အခွင့်အရေး ချိုးဖေါက်ကျူးလွန်မှုများ၊ စစ်ရာဇ၀တ် ကျူးလွန်မှုများအား ဖေါ်ထုတ်မည် ဟု ဆုံးဖြတ်ပြီး ဖြစ်၍- အဆိုပါ “နိုင်ငံတကာ မှုခင်း အချက်အလက် ရှာဖွေရေး ကော်မရှင်”အား ကန့်ကွက်သူ၊ ဟန့်တားသူ၊ တီးဆီးပိတ်ပင်သူ မည်သူ သည် မဆို မြန်မာအ၀ှမ်းရှိ ဖိနှိပ်ခံ လူနည်းစုများ၊ လူ့အခွင့်အရေးဆောင်ရွက်သူများ၊ ဖိနှိပ်ခံနေရသော ပြည်သူများ အားလုံး၏ ဘုံရန်သူ ဖြစ်ကြောင်းလည်း ကျွန်ုပ်တို့ Civil Rights Movement မှ သတ်မှတ်သည်။
မြန်မာတစ်နိုင်ငံလုံးရှိ အပြစ်မဲ့ ပြည်သူ တစ်ရပ်လုံးအပေါ် ကျူးလွန်သည့် ကျူးလွန်သူတို့အား ဖေါ်ထုတ်အရေးယူမှု ဆောင်ရွက်သည်အား ဟန့်တားသူ၊ ကန့်ကွက်သူ၊ သဘောမတူသူ အားလုံးသည် သမိုင်းတရားခံ စင်စစ်များလည်း ဖြစ်သည်။
မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement
MYARF
RB News
27.3.2017
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တင်းမေကျေးရွာအုပ်စုသို့ ခမရ (၂၃၂) မှ စစ်သားများ ၀င်ရောက်၍ အမျိုးသမီးများကို ကိုယ်ထိလက်ရောက် စော်ကား ရိုက်နှက်ခြင်း၊ အပြစ်မဲ့ ရွာသားများကို ရိုက်နှက်ခြင်းနှင့် ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
မတ်လ (၂၅) ရက်နေ့ ည (၇) နာရီခန့် အချိန်တွင် ခမရ (၂၃၂) မှ တပ်ဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့နယ် တင်းမေးကျေးရွာအုပ်စုသို့ ရှောင်တခင် ၀င်ရောက်လာပြီး ဒေသခံရိုဟင်ဂျာများ၏ နေအိမ်တံခါးများ ရိုက်ချိုး၍ အိမ်များထဲသို့ ၀င်ရောက်ကာ အမျိုးသားများကို ထိုးကြိတ် ဖမ်းဆီးသည့်အပြင် အမျိုးသမီးများကိုလည်း ကိုယ်ထိလက်ရောက် စော်ကားခဲ့ကြောင်း ရွာသားများက RB News သို့ပြောပါသည်။
ထိုသို့ နေအိမ်များထဲသို့ စီးနင်း ၀င်ရောက်ရာတွင် တင်းမေကျေးရွာအုပ်စု၊ အလယ်ရွာမှ မဟာဆီနာ (ဦးဇူဘိုင်ရ်၏ ဇနီး) နှင့် ဖော်လော်နာ (ဦးဟာမိတ်၏ သမီး) တို့နှစ်ဦးလုံးကို တပ်ဖွဲ့ဝင်များက အိမ်ပေါ်တက်၍ ဆွဲထုတ်၍ ကိုယ်ထိရောက် စော်ကား၍ လက်သီးဖြင့်ထိုး၊ ခြေဖြင့်ကန်ကျောက်ကာ ဦးခေါင်းကို ငုတ်ခိုင်းထားပြီး နှစ်နာရီ ပြစ်ဒဏ်ပေးခဲ့ကြောင်း၊ အလားတူ အခြားအမျိုးသမီး၊ မိန်းကလေး (၅၀) ခန့်ကိုလည်း ဦးခေါင်းငုတ်ခိုင်း၍ ထိုင်ခိုင်းထားပြီး နှစ်နာရီနီးပါး ပြစ်ဒဏ်ပေးခဲ့ကြောင်း၊ ဦးရှော်ဘိရ်အာမတ် (ဘ) ဦးအဒူဇော်လိလ်နှင့် ဦးအုစ်မာန် (ဘ) ဦးဆာဘေရ် အပါအ၀င် ရွာသား (၁၅) ဦးမှာ စစ်သားများ၏ ရိုက်နှက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိထားကြောင်း၊ ဦးဆော်လိမ်အုလ္လာ (ဘ) ဦးဆိဒိခ်အာမတ်၊ ဦးလုတ်ဖူရာမာန် (ဘ) ဦးဆာဘေရ်၊ ဦးဆယာဒ်ဟူစိန်း (ဘ) ဦးရှောမ်ရှုအာလောမ်တို့ (၃) ဦး၏ နေအိမ်များမှ အသုံးအဆောင်ပစ္စည်းများကို စစ်သားများက ဖျက်ဆီးပြီး ၎င်းတို့ကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ရွာသားများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။
ခမရ (၂၃၂) နှင့် (၅၅၂) တပ်ရင်းများမှ စစ်သားများနှင့် ကျောင်းတောင် စခန်းမှ နယ်ခြားစောင့်ရဲများသည် တင်းမေကျေးရွာအုပ်စု တစ်ခုလုံးကို လိုင်စင်ရ ဓါးပြများကဲ့သို့ ၀င်ရောက် စီးနင်းပြီး အကြမ်းဖက်ပြီး၊ ရွာသူရွာသားများကို တိရိစ္ဆာန်များကဲ့သို့ ဆက်ဆံလျက် ရှိသည်ဟု ရွာသားများက ပြောပါသည်။

25.3.2017
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် စစ်တပ်က မီးရှို့ဖျက်ဆီးလိုက်သော ဒေသခံရိုဟင်ဂျာများ၏ မြေနေရာများကို အစိုးရပိုင်မြေအဖြစ် သိမ်းလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။
မောင်တောမြို့နယ် မြောက်ပိုင်းတွင် နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့် စစ်တပ်က ဒေသခံရိုဟင်ဂျာများ၏ နေအိမ်များကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့သည်။ ကျေးရွာများအလိုက် စစ်တပ်က မီးရှို့ဖျက်ဆီးစဉ် ရွာသူရွာသားများသည် အသက်ဘေးလွတ်မြောက်ရာသို့ ထွက်ပြေးသွားကြပြီး၊ နောက်ဆုံးတွင် လယ်ကွင်းပြင်များတွင် မိသားစု၊ ဆွေမျိုးအားလုံး စုစည်း၍ နေထိုင်ခဲ့ကြသည်။
အစိုးရ အာဏာပိုင်များက လယ်ကွင်းပြင်များတွင် နေထိုင်နေကြသော ဒေသခံရိုဟင်ဂျာများနှင့် တွေ့ဆုံပြီး မိမိတို့၏ နေအိမ်ခြံဝင်းများသို့ ပြန်သွားရန် ဖိအားပေးပြောဆိုခဲ့သည်။
ယခုတစ်ဖန် မီးရှို့ခံမြေနေရာများမှာ အစိုးရပိုင် ဖြစ်သွားသည့်အတွက် နေအိမ်ခြံဝင်းများမှ ထွက်သွားရန်နှင့် စစ်တွေမြို့ကဲ့သို့ IDP စခန်းများ ဆောက်လုပ်ပေးမည်ကို လက်ခံပေးရန် အစိုးရ အာဏာပိုင်များက ဖိအားပေးလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ရိုဟင်ဂျာလူမျိုးကို သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်းများနှင့် စပ်လျဉ်းပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက အချက်အလက်များ ရှာဖွေရန် အဖွဲ့တစ်ဖွဲ့ စေလွှတ်ရန် ဆုံးဖြတ်ချက် ချမှတ်မည်ကို ကြိုတင်သိရှိနေသည့် အာဏာပိုင်များသည် မတ်လ (၂၃) ရက်နေ့တွင် မီးရှို့ခံ ကျေးရွာတစ်ရွာ ဖြစ်သည့် ကျီးကန်းပြင် ကျေးရွာအုပ်စုမှ ၀ါးပိတ်ကျေးရွာတွင် မြေညှိစက်၊ မြေဖြိုစက်၊ မြေတူးစက်များ အသုံးပြု၍ သက်သေ အထောက်အထားများ ဖျောက်ဖျက်နေကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ဓါတ်ပုံသတင်း
- စစ်သားများက ပစ်ခတ်သတ်ဖြတ်ပြီး အစုလိုက်အပြုံလိုက် မြှပ်လိုက်သည့် ကျင်းတစ်ကျင်း ရှာဖွေတွေ့ရှိ
- ပြင်သစ်သမိုင်း ပညာရှင်နှင့် ဦးသာအေးတွေ့ဆုံ
- ရခိုင် အစွန်းရောက် ထွန်းမင်းနိုင်က ရိုဟင်ဂျာပိုင် ပစ္စည်များ ဖျက်ဆီး၊ ရိုက်နှက် သောင်းကျန်း
- ဘူးသီးတောင် သိမ်တောင်ပြင်တွင် ကျေးရွာတာဝန်ခံနှင့် အာဏာပိုင်များ၏ လက်ကိုင်တုတ်တစ်ဦးတို့ ပူးပေါင်း၍ တဖက်နိုင်ငံရောက် ဒုက္ခသည်တစ်ဦး၏ အိမ်နှင့် ခြံမြေကို အခြားတစ်ဦးကို ရောင်းချ
- အာရကာနစ္စတန် (Arakanistan) အပိုင်း (၁)
- ရိုဟင်ဂျာများ သိထိုက်သော သမိုင်း ဖြစ်ရပ်မှန်များ (အပိုင်း ၄)
- Brisbane မြို့ အီးဒ်ပါတီသို့ သြစတြေးလျ လွှတ်တော်အမတ် တက်ရောက် အားပေး
- အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီမှ သတင်းစာရှင်းလင်းပွဲ ကျင်းပ (ရုပ်/သံ)
- မောင်တောမြို့ မြင့်လွတ်ရွာ၌ အလောင်း ၆ လောင်း ရှာတွေ့
- လှဖိုးခေါင်တွင် ယာယီအခြေစိုက်ထားသည့် စစ်သားများက မြောတောင်မှ ရိုဟင်ဂျာများ၏ ကျွဲ များ လုယက်
ဂျီနိုဆိုက်ဆိုတာဘာလဲ?
ဒေါက်တာဇာနည် ရှင်းပြသည့် ရိုဟင်ဂျာ