နောက်ဆုံးသတင်း/ဆောင်းပါးများ

ပုဏ္ဍားကျွန်း၌ရဲများရွာသားများအားညှင်းပန်းနှိပ်စက်သတ်ဖြတ်


ပုဏ္ဍားကျွန်း၊ သြဂုတ်လ (၁၇)။ ။ ရခိုင်ပြည်နယ်၊ ပုဏ္ဍားကျွန်းမြို့နယ်၊ သဲတကျေးရွာ မှ အစ္စလာမ် ဘာသာဝင် တစ်ဦး ကျောက်တော်မြို့သို့ရောက်ရှိလာခဲ့သည်။ ထိုသူ မှပြောပြချက်များ အရ ပုဏ္ဍားကျွန်းမြို့ နယ်တွင် အစ္စလာမ်ဘာသာများနေထိုင်သောရွာတစ်ရွာ သာရှိပါသည်။ ထိုရွာရှိဗလီသို့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ ရခိုင်အစွန်းရောက်အချို့ရောက်ရှိလာပြီး ရွာရှိအစ္စလာမ် ဘာသာဝင်များကို လက်နက် များသိုဝှက်ထားသည်ဟု စွပ်စွဲကာအတင်းအဓမ္မမြေများတူးခိုင်းခဲ့သည်။ တူးနေစဉ်အတွင်း ရိုက်နှိက် ပြီး မြေ များ တူး၍လက်နက်များ မတွေ့သော်လည်းဆက်လက်၍ပြင်းထန်စွာရိုက်နှက်ခဲ့သည်။ 

ထိုသို့ရိုက်နှက်ရုံမ ကနောက်ဆုံးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကသေနတ်နှင့်ပစ်ခတ်၍ မွတ်စလင်နှစ်ဦး ကို သတ်ဖြတ် ခဲ့ကြောင်းသိရှိရပါသည်။ ထို့အပြင် ရွာရှိမွတ်စလင်အမျိုးသမီး အချို့ကို အတင်း အ ဓမ္မခေါ်ဆောင်သွားကြောင်း ကျောက်တော်မြို့သို့ ရောက်ရှိလာသူ မှသတင်းပေးပို့သည်။ 

သဲတကျေးရွာရှိရွာသူရွာသားများမှာ တံငါလုပ်ငန်းဖြင့်အသက်မွေးဝမ်းကျောင်းပြုနေသူများဖြစ်သည်။ ယခု အခါ စစ်တပ်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရခိုင်အစွန်းရောက်များ ပူးပေါင်း၍ ရွာသူရွာသားများ ကိုအလွန် တရာညှင်းပန်းနှိပ်စက်နေကြောင်း ထိုသူမှကျောက်တော်မြို့မှ တဆင့်သတင်းပေးပို့ပါသည်။ 

RB News Desk

Comment ရေးရန်

Rohingya Exodus