March 15, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

စစ်တွေတွင်ပစ်ခတ်၊ ပေါက်တောတွင်အငတ်ဘေးကြုံနေရ


RB News
4.8.2012

တမ်ဘီကျေးရွာတွင်နစကတပ်ဖွဲ့ဝင်များဝင်ရောက်ပစ်ခတ်ခြင်း

ဇူလိုင်လ (၃၁) ရက်နေ့တွင် စစ်တွေမြို့တမ်ဘီကျေးရွာသို့ နစကတပ်ဖွဲ့ဝင် (၇) ဦးရောက်ရှိလာပြီး၊ နှစ်ဦးမှာ ရွာပြင်၌ ကျန်ခဲ့၍ ငါးဦးမှာရွာထဲသို့ ၀င်ရောက်ခဲ့သည်။ ထိုရွာတွင် လမ်းမလျှောက်ရ နယ်မြေ ဟု သတ်မှတ်ထားသောနေ ရာမှလမ်းလျှောက်သွား နေသူ ရွာသား (၃) ဦးကို ရွာအုပ်ချုပ်ရေးမှူး အားဖမ်းဆီး ခိုင်းပြီး လက်နောက်ပြန်ကြိုးတုတ်၍ နစကရုံးသို့ဖမ်းဆီးခေါ်ဆောင် သွားရာ ရွာသားများမှ မတရားနှိပ် စက်မည်ကို စိုးရိမ်သောကြောင့်တားဆီးခဲ့သည်။ ထိုသို့ရွာသားများမှ တားဆီးမှုကြောင့် နစကတပ်ဖွဲ့ဝင် တစ်ဦးမှ ဖမ်းဆီးထားသောရွာသား (၃) ဦးကိုသေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဦးဟူစိန်းအာမတ် (အသက် ၄၃နှစ်) သည်ထိုနေရာတွင်ပင်ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ ကျန်နှစ်ဦးမှ ဦးဟူစိန်းအာမတ်၏ သားဖြစ်သူ အသက် ၁၆ နှစ်အရွယ် နော်ယူမ်သည် ဗိုက်တွင်ထိမှန်၍ပြင်း ထန်စွာဒဏ်ရာရရှိခဲ့သည်။ ဦးဖဇာလ်အာမတ် (ဘ) ဦးဟဆူ (အသက် ၃၂နှစ်) မှာလည်း ခြေထောက်ထိမှန် ၍ပြင်းထန်စွာဒဏ် ရာရရှိသွားသည်။ ဒဏ်ရာရသူနှစ်ဦးကို ရွာသားများမှဝိုင်းဝန်း၍ ဆေးရုံသို့ ပို့လိုက်ကြောင်း သတင်းရ ရှိပါသည်။

ထိုနေ့တွင်ပင် ညနေ (၅) နာရီခန့်တွင် နစကတပ်ဖွဲ့ဝင် (၂၀) ဦးခန့်ထပ်မံရောက်ရှိလာပြီး ရွာသူရွာသား (၅၀) ဦးခန့်ကို မိမိတို့၏နေအိမ်များမှထွက်ခိုင်းပြီး ဦးခေါင်းနောက်သို့လက်တင်ခိုင်း၍ မေးခွန်းပေါင်းများ စွာမေးမြန်းခဲ့သည်။ ထိုသို့မေးမြန်း စဉ်တုတ်များဖြင့်ပြင်းပြင်းထန်ထန်ရိုက်နှက်ရာ ရွာသူရွာသား (၈) ဦးမှာ ဦးခေါင်းများကွဲ၍ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိသွား ခဲ့သည်။ ထိုသို့ရိုက်နှက်နှိပ်စက်နေစဉ် အစ္စလာမ်ဘာ သာရေးခေါင်းဆောင်တစ်ဦးမှဝင်ရောက်၍ ထိုကဲ့သို့ရိုက်နှက်၍မနှိပ် စက်ရန်အနူး အညွတ်တောင်း ပန်သော် လည်း နစကတပ်ဖွဲ့ဝင်များမှထို သူအားသေနတ်ဖြင့် ရိုက်နှက်ရာသွား များကြိုးသွားပြီး တုတ်များဖြင့် ရိုက်နှက်သောကြောင့်ပြင်းထန်စွာဒဏ်ရာရရှိသွားကြောင်းသိရသည်။ ထို့နောက်နစကတပ်ဖွဲ့ဝင်များမှ ရွာသူ ရွာသားများ၏နေအိမ်များသို့ဝင်ရောက်၍ တန်ဖိုးရှိသောပစ္စည်း များကိုလု ယူ၍ပြန်လည်ထွက်ခွာ သွားခဲ့ သည်။

ပေါက်တောမြို့ပေါက်တူးကျေးရွာအခြေအနေ

ပေါက်တောမြို့သည်စစ်တွေမြို့၏မြစ်ကမ်းအခြားဖက်တွင်တည်ရှိသောမြို့ဖြစ်သည်။ သက်ကယ်ပြင်ကျေး ရွာ အုပ်စုရှိ ဂနတ်ဝချောင်းရွာတွင် အဓိကရုဏ်းကာလ၌ ရိုဟင်ဂျာလူမျိုးများ၏အိမ် (၁၂၀) ကျော်မီးရှို့ ခံရခဲ့ သည်။ ရိုဟင်ဂျာ (၆) ဦး ကို ရခိုင်စစ်သွေးကြွများကသတ်ဖြတ်ခဲ့သည်။ အိုးမဲ့အိမ်မဲ့ဖြစ် သွားသော ၅၆၀ ဦးကို ရွာအတွင်း ရှိဘုန်းကြီးကျောင်းတွင် တစ်ရွာထဲနေရခိုင်အမျိုးသား များမှနေခွင့်ပြုခဲ့သော်လည်း နှစ်ရက်အကြာတွင်ရခိုင်စစ်သွေးကြွများ၏ခြိမ်းခြောက်မှုကြောင့် ဘုန်းကြီးကျောင်း မှ ထွက်ခွာခဲ့ရသည်။ ထို့နောက်ရွာရှိ အုတ်တံတိုင်းလေး ဘက်ဖြိုချဖျက်ဆီးခံထားရသော ဗလီ သို့ပြောင်းရွှေ့ နေထိုင်ကြရာ တစ်ရွာထဲနေရခိုင် အမျိုးသားများမှ တနေ့တကြိမ်လာရောက်၍ စားသောက် ဖွယ်ရာများထောက် ပံ့ပေးခဲ့သည်။ ထိုသို့ထောက်ပံ့ပေးခဲ့သော်လည်း အစာရေစာမလုံလောက် မှုကြောင့် (၁၄)ဦးသေဆုံးခဲ့ ကြောင်းသတင်းရရှိပါသည်။

လူဦးရေ(၅၆၀)အတွက်နေ့စဉ်မထောက်ပံ့နိုင်တော့သောကြောင့် ဒုက္ခသည် ၆၀ ဦးသည် ဘော်ဒူဖာရ် ဒုက္ခသည်စခန်းသို့ ပြောင်းရွှေ့လာခဲ့သည်။ ဂနတ်ဝချောင်းတွင် ကျန်ရှိသောဒုက္ခသည် ၅၀၀ ဦးမှာအစာရေစာငတ်ပြတ်မှုအကြီးအကျယ်ခံစား နေရပြီး အနီးအနားရှိ ငှက်ပျောပင်များဖြတ် တောက်၍စားခဲ့ပြီး ယခုအခါငှက်ပျောပင်များလည်းကုန်ဆုံးသွားပြီဖြစ်၍ စားသောက် စရာလုံးဝမရှိတော့ဘဲ ငတ်ပြတ်မှုဘေးဒဏ်နှင့်ကြုံတွေ့နေရကြောင်းသိရှိရပါသည်။

ပေါက်တူးကျေးရွာအုပ်စုတွင် ရိုဟင်ဂျာရွာ (၂၂) ရွာရှိပါသည်။ ရခိုင်ပြည်နယ်တွင်ဖြစ် ပျက်နေသောပြဿ နာ များကြောင့် ရွာသူရွာသားနှစ်သောင်းခန့် အစာရေစာမလုံလောက် သည့်ပြဿနာ ကြုံတွေ့နေရသည်။ ထိုရွာသူရွာသား များ၏အဓိက အသက်မွေးဝမ်းကြောင်းမှာ ငါးဖမ်းသည့်လုပ် ငန်းဖြစ်သည်။ ယခုအခါ အရေးပေါ်အခြေအနေထုတ်ပြန်ထားသောကြောင့် ရွာသူရွာသားမှာပင် လယ်ပြင်သို့ ထွက်၍အသက်မွေး ၀မ်းကြောင်းသည့်လုပ်ငန်းကိုလုပ်ကိုင်၍မရဖြစ်နေသည်။

ဒုက္ခသည်စခန်းများတွင်သေဆုံးသူများ

ဇူလိုင်လ (၃၁) ရက်နေ့ထိ စစ်တွေမြို့ရှိဒုက္ခသည်စခန်းများမှ ၆၁ ဦးသေဆုံးသွားကြောင်း သတင်းရရှိ ပါသည်။ အများဆုံး သေဆုံးရခြင်းမှာ ၀မ်းပျက်ဝမ်းလျှောနှင့် အဆုတ်အအေး ပတ်၍သေဆုံး ခဲ့ရကြောင်း သိရသည်။ 

သေဆုံးသူများမှာ သက်ကယ်ပြင်ဒုက္ခသည်စခန်းမှ ကလေး (၉) ဦး၊ လူကြီး (၆) ဦး၊ သဲချောင်းဒုက္ခသည် စခန်းမှ ကလေး (၁၅) ဦး၊ လူကြီး (၇) ဦး၊ ဒါးဘိုင်ဒုက္ခသည်စခန်းမှ ကလေး (၈) ဦး၊ လူကြီး (၁၀) ဦး၊ ဘော်ဒူဖာရ်ဒုက္ခသည် စခန်းမှ ကလေး (၂) ဦး၊ လူကြီး (၂) ဦးနှင့် ကောင်တကားဒုက္ခသည်စခန်းမှ ကလေး (၂) ဦးတို့ဖြစ်သည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus