နောက်ဆုံးသတင်း/ဆောင်းပါးများ

အာဆီယံနိုင်ငံများမှရိုဟင်ဂျာများကိုကူညီရန်စဉ်းစားနေ

မြန်မာနိုင်ငံတွင်ဒုက္ခပေါင်းစုံနှင့်ရင်ဆိုင်နေရသောရိုဟင်ဂျာလူမျိုးများကို အရှေ့တောင်အာရှအသင်း (အာဆီယံ)နိုင်ငံများမှ လူသားချင်းစာနာထောက်ထားသောအကူအ ညီအထောက်အပံ့ များပေးရန် စဉ်းစားနေကြောင်း အာဆီယံဒေသတွင်းဆိုင်ရာ အဖွဲ့ခေါင်းဆောင်မှ သြဂုတ်လ (၈) ရက်နေ့ တွင်ပြောကြား လိုက်သည်။ 

အာဆီယံ၏ အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်သော မစ္စတာဆူရင်ပစ်ဆူဝန်မှ ဒေသတွင်း ဆိုင်ရာ အဖွဲ့သည်မြန်မာနိုင်ငံတွင် ဇွန်လမှစ၍ဖြစ်ပေါ်နေသောသွေးထွက်သံယိုပဋိ ပက္ခကြီးကြောင့် အိုးမဲ့ အိမ်မဲ့ဖြစ် သွားသော ရိုဟင်ဂျာအများစုပါဝင်သော လူပေါင်း ၆၀၀၀၀ ကျော်တို့၏ပြဿနာ များကိုဖြေ ရှင်းရန် အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းပြောဆိုသည်။ 

မစ္စတာဆူရင်မှ “ကျွန်တော်အနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေအားလုံးကို မြန်မာနိုင်ငံကိုလူသားချင်းစာ နာထောက် ထားခြင်းဆိုင်ရာ အကူအညီ အထောက်အပံ့တွေပေးဖို့ ကမ်းလှမ်းထားတယ်။ လေးနှစ်ခွဲတုန်းက နာဂစ်ဆိုင်ကလုန်းဖြစ်တုန်းက ကူညီပေးခဲ့ သလိုပါ” ဟုသတင်းထောက်များကို ၁၃၈၀၀၀ ကျော် အသက် ဆုံးရှုံးခဲ့သောမုန်တိုင်းကိုရည်ညွန်း၍ပြောကြားခဲ့သည်။ 

“အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကလည်း သူတို့နည်း သူတို့ဟန်နဲ့ ဒုက္ခပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာ လူမျိုးတွေကို ကူညီဖို့ ကြိုးစားနေကြတယ်” ဟု၎င်းက မည်သည်နိုင်ငံဆိုသည်ကို မရည်ညွန်း ဘဲပြောဆိုခဲ့သည်။ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများမှ ရိုဟင်ဂျာများကို တိုက်ရိုက် ကူညီနိုင် ရန်ကြိုး စားနေသလို အခြားသောအဖွဲ့ဝင်နိုင်ငံများမှကူညီရန်ကမ်းလှမ်းထားခြင်းများရှိ ကြောင်း မစ္စတာ ဆူရင် မှပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံအစိုးရ အဖွဲ့မှ ရခိုင်နှင့်ရိုဟင်ဂျာလူမျိုး ၈၀ ခန့်သေဆုံးသည့်ဟု တရားဝင်ထုတ်ပြန်သော်လည်း လူ့အခွင့်အရေးအဖွဲ့အစည်းများမှထုတ်ပြန်ရာတွင်ထိုပမာဏထက်အဆပေါင်းများစွာများပြားနေကြောင်းတွေ့ ရှိရသည်။ 

“မြန်မာနိုင်ငံက အာဆီယံ ဥက္ကဌဖြစ်လာတော့မှာမို့ အခုလိုပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲဆို တာ ကိုစောင့်ကြည့်ရမယ်။ ဖြေရှင်းဖို့ လမ်းပြမြေပုံတစ်ခုခုရှိကိုရှိရမယ်” ဟုမစ္စတာဆူရင်မှ အာဆီယံ ၄၅ နှစ်မြောက် အခမ်းအနား တွင်ပြောကြားခဲ့သည်။ “အာဆီယံအနေနဲ့ ဒီလိုကြီးမားတဲ့ လူသားချင်း ဆိုင်ရာပြဿနာအခက်အခဲကြီးတစ်ခုကို ဘယ်လိုမှအရေးမယူဘဲလေ့လာရုံ နေလို့မရဘူး” ဟု၎င်းကဆက် လက်ပြောကြားခဲ့သည်။ 

RB News Desk 

Comment ရေးရန်

Rohingya Exodus