နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာအရေး UN ညီလာခံ OIC တင်မည်



ရခိုင်ပြည်ရှိ ရိုဟင်ဂျာများအရေး ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ဆွေးနွေးရန် တင်ပြမည်ဟု မူစလင် ၅၇ နိုင်ငံပါဝင်သော အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအသင်း OIC က ထုတ်ပြန်ကြေညာသည်။

 ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာမြို့တွင် ပြုလုပ်သော ထိပ်သီးဆွေးနွေးပွဲတွင် ဆီးရီးယားအရေးနှင့် မြန်မာအရေးတို့ကို အဓိက ဆွေးနွေးကြရာ ဆီးရီးယားကို အဖွဲ့ဝင်အဖြစ်မှ ယာယီရုပ်သိမ်းခဲ့ပြီး မြန်မာပြည်ရှိ ရိုဟင်ဂျာများအရေး နယူးယောက်တွင် ဆက်ဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာချက်ကဆိုသည်။

Source : Irrawaddy and Arab News

Comment ရေးရန်

Rohingya Exodus