နောက်ဆုံးသတင်း/ဆောင်းပါးများ

မတရား ဖမ်းဆီးထားသော UNHCR ၀န်ထမ်းများအား ထောင်ချ


RB News
25.8.2012

ရခိုင်ပြည်နယ်အတွင်းအကြမ်းဖက်မှုများစတင်စဉ်တွင်မတရားသဖြင့်ဖမ်းဆီးထားသောကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)မှဝန်ထမ်းသုံးဦးကိုပုဒ်မများတပ်၍မောင်းတောမြို့ခရိုင်တရားရုံးမှ
ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

UNHCR ၀န်ထမ်းတစ်ဦးဖြစ်သည့် မချိုလေးမာအား ထောင်ဒဏ် (၆) နှစ်ချမှတ်လိုက်ပြီး၊ ဘူးသီးတောင်မြို့မှဝန်ထမ်းနှစ်ဦး ဖြစ်သည့် မောင်ခင်ရွှေအားထောင်ဒဏ် (၃) နှစ်နှင့်မောင်ခင်ဇော်အား ထောင်ဒဏ် (၂) နှစ်အသီးသီးချမှတ်ခဲ့သည်။ 

“ဒီလိုမတရားဖမ်းဆီးပြီးတော့ထောင်ဒဏ်ချမှတ်လိုက်တာက နောက်နောင်ယူအန်အဖွဲ့အစည်းတွေမှာ ဒေသခံရိုဟင်ဂျာတွေ အလုပ်မ၀င်တော့အောင် အစိုးရအဟန့်အတားလုပ်လိုက်တာ” ဟုအမည်မဖော်လို သူဒေသခံတစ်ဦးမှပြောသည်။ 

လွန်ခဲ့သည့်ရက်ပိုင်းများတွင်အစိုးရမဟုတ်သောအဖွဲ့အစည်းနှင့်ကုလသမဂ္ဂ၀န်ထမ်းအချို့ကိုအကျဉ်းထောင်များမှလွှတ်ပေး ခဲ့သည်။ 

သို့သော်လည်းယခုအချိန်ထိမတရားသဖြင့်စွပ်စွဲ၍ဖမ်းဆီးထားသောအဖွဲ့အစည်းများမှဝန်ထမ်းများနှင့်ပတ်သက်၍ တစုံတရာမသိရှိရသေးပေ။ 

ယခုမတရားသဖြင့်ထောင်ဒဏ်အပြစ်ပေးခံရသော မချိုလေးမာ၊ မောင်ခင်ရွှေနှင့်မောင်ခင်ဇော်တို့ကို ဇွန်လ (၈)ရက်နေ့မှစတင်၍ဖြစ်ပွားခဲ့သောမောင်းတောမြို့အကြမ်းဖက်မှုကြီးတွင်ပါဝင်ပတ်သက်ခဲ့သည်ဟုစွပ်စွဲ၍ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Comment ရေးရန်

Rohingya Exodus