March 15, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

လက်သည်ကို ဖော်ထုတ် ပေးရမယ်


ဌေးလွင်ဦး
RB News
30.9.2012

မြန်မာနိုင်ငံအတွင်း အစ္စလာမ် သာသနာဝင်များအား မျိုးပြုတ်သုတ်သင်ရေး စီမံချက် နိဒါန်း အဖြစ် ရခိုင်ဒေသ မှာ ၂၀၁၂ ဇွန်လက လက်တွေ့ကျကျ စတင်ခဲ့တယ်။ ကြိုတင် စီမံချက်နဲ့ စနစ်တကျပြင်ဆင်ထားခဲ့ကြောင်း ဖြစ် ပေါ်ခဲ့တဲ့ လက်ရာများက သက်သေပြနေတယ်။ ဒါကို ပညာမဲ့နေတဲ့ မျက်ကန်းများက “ငါတို့ လုပ်ခဲ့သမျှ ကမ္ဘာ ကတော့ မသိလောက်ဘူး- လိမ်ပစ်လို့ ရတယ်၊” လို့ ကိုယ့်ကိုယ်ကို အထင်ကြီးနေခဲ့ပြန်တယ်။

အခုကိစ္စများဟာ ဒီမိုကရေစီ ပြောင်းလဲရေး ကိစ္စမဟုတ်ဘူး။ လူမျိုးရေး သုတ်သင်ရှင်းလင်းမှု ပြသနာ ဖြစ်တယ်။ ဒီမိုကရေစီကိုပဲ ပြောင်းပြောင်း- အာဏာရှင်စနစ်ကိုပဲ ပြောင်းပြောင်း- နိုင်ငံရေးဝါဒ ပြောင်းလဲမှုများက ပြည် တွင်း အာဏာလုမှု ပြသနာများသာ ဖြစ်လို့ ကမ္ဘာက တိုက်ရိုက်ဝင်ရောက် စွပ်ဖက်လို့ မရဘူး။ ကမ္ဘာ့အားပြိုင် အင်အားစုများက တစ်ဘက်ဘက်က ကျောထောက်နောက်ခံ ပြုထားနိုင်တယ်။
လူမျိုးရေး မျိုးပြုတ်သုတ်သင်မှု ဆိုတာတော့- ကမ္ဘာက ၀င်ရောက် မစွပ်ဖက်လို့ မရတဲ့ ကိစ္စဆိုတာ ပညာမဲ့ မျက် ကန်းများ သိဘို့လိုပါတယ်။ မျိုးပြုတ်သုတ်သင်မှု၊ မျိုးပြုတ်မောင်းထုတ်မှုများ အားလုံးကို ဦးဆောင်သူဟာ ကမ္ဘာ့ ခုံရုံးကို တက်ရစေဘို့ ဥပဒေ ရှိပြီး ဖြစ်သလို၊ လူများစုကြီးက ညီညွတ်စုပေါင်းပြီး လူနည်းစုကို မျိုးပြုတ်သုတ်သင် ရင်လည်း ကုလသမဂ္ဂတပ်များ ဖြန့်ကျက်ကာကွယ်ခွင့် ရှိတယ် ဆိုတာကိုလည်း မျက်ကန်းအယူသည်းများ သိ ဘို့ လိုပါတယ်။

တောင်ကုတ်အကြမ်းဖက် သတ်ဖြတ်မှုကြီး ဖြစ်လာအောင် ကျောက်နီမော်က မုဒိန်းမှု ဆိုပြီး မဟုတ်မမှန် ၀ါဒ ဖြန့်ခဲ့တယ်။ ဒီအမှုကို တိကျသေချာအောင် မဖေါ်သေးဘူး၊ တောင်ကုတ်မြို့လယ် အကြမ်းဖက်သတ်ဖြတ်မှုကြီး ကိုလည်း တိကျသေချာအောင် မဖေါ်သေးဘူး-၊ ဒါ့အပြင် ရခိုင်ဒေသ မြောက်ပိုင်းမှာ ကြိုတင်စီမံချက်များ စနစ် တကျ အကွက်ဆင်ထားကာ- ၀ရုန်းသုန်းကား လုပ်သူက လုပ်၊ မီးရှို့သူက မီးရှို့၊ ထွက်ပြေးလာသူများအား ကြို တင်စီမံထားတဲ့ အတိုင်း ကာကွယ်ပေးဟန်ဆောင်ပြီး မြို့ပြင်ကို မောင်းထုတ်သူက ထုတ်၊ လုပ်ခဲ့တာကိုလည်း တိကျတဲ့ တရားခံများ မဖေါ်သေးဘူး------။

အခုတစ်ခါ ရခိုင်ဒေသ မြို့တော်မှာ နောက်ဆုံး လက်ကျန် မွတ်ဆလင်ရပ်ကွက်ကို အပြုတ်တိုက်၊ သုတ်သင်ဘို့ စီမံပါတော့တယ်။

ဒီစီမံချက်ဟာ- ထပ်ဆင့် မတော်တဆ တိုက်ဆိုင်မှု မဟုတ်ကြောင်း ကမ္ဘာ့အသိုင်းအ၀ိုင်းနဲ့ ပညာတတ်တိုင်း သိနေပါတယ်။

ကလေး ပျောက်ဆုံးကြောင်း- မမှန်သတင်း လူထုထဲကို ဘယ်သူက ဖြန့်တာလဲ။ တစ်ကယ်လို့ ကြိုတင် မကြံ စည်ထားရင်- မီနစ်ပိုင်း နာရီပိုင်း အတွင်းမှာ ထောင်နဲ့ချီတဲ့ လူအုပ်ကြီးက ဘယ်လိုစုမိမလဲ။ ပျောက်ဆုံးတယ် ဆိုတဲ့ ကလေးက အမှန်တစ်ကယ် ပျောက်ဆုံးသလား၊ မပျောက်ဆုံးဘူးလား အတိအကျ မသိသေးဘဲ- မီဒီယာ များက ဘာဖြစ်လို့ ချက်ချင်း ရေးသား ထုတ်လွှင့်သလဲ။ ဒါတွေ အားလုံးက link (ချိတ်ဆက်) ရှိပြီးသား ဆိုတာ ဗဟုသုတရှိတဲ့ မူကြိုကျောင်းသားတောင် သိနိုင်တဲ့ ကိစ္စရပ်ပါ။

ဖြစ်ခဲ့သမျှ ကိစ္စကို ပြန်သုံးသပ်ရင် မေးခွန်းတွေက အများကြီး ဖြစ်သလို-၊ လက်သည်ကလည်း တွေးစရာ ဖြစ် နိုင်စရာ အုပ်စု သုံးစု ဖြစ်လာပါတယ်။

(၁) တစ်ကယ်လို့ ဒီတစ်ချီ ဖြစ်လာရင် အဲ့ဒီ ပွဲဟာ မွတ်ဆလင်ကမ္ဘာနဲ့ မြန်မာအစိုးရ ဒယ်- ဒယ် ချင်း ဆောင့် မယ့်ပွဲ ဖြစ်တယ်၊ ဒီလို ဖြစ်လာရင် ကုလတပ်က ၀င်လာရမယ်-၊ ကုလတပ်ဝင်လာရင် အရှေ့တီမော စတိုင် ငါတို့ တွေ ခွဲထွက်လို့ ရပြီ-၊ ဆိုပြီး ရခိုင်ခွဲထွက်ရေး ၀ါဒီတွေက ဖန်တီးနေတာလား။

(၂) သမ္မတဦးသိန်းစိန်က- ရခိုင်နယ် ကိစ္စက ဖြေရှင်းဘို့ရာ အချိန်ယူရဦးမယ်၊ ရခိုင်ဒေသမှာ ရခိုင်ဒေသမှာ ရခိုင် တွေက ရိုဟင်ဂျာတွေနဲ့ အတူနေလိုစိတ် မရှိသေးဘူး- ဒါကို ကျွန်တော်တို့ အချိန်ယူပြီး သင့်မြတ်အောင် လုပ်ရ ဦးမယ်။- မယုံရင် ကုလသမဂ္ဂအနေနဲ့ လက်တွေ့ ကြည့်ပါ ဆိုပြီး ကုလသမဂ္ဂမှာ သက်သေပြဘို့ ချိန်ကိုက်ဗုံး အဖြစ် စီမံခဲ့ခြင်းလား။

(၃) စစ်အုပ်စုထဲက ဒီမိုကရေစီအပေါ် ကြည်ကြည်ဖြူဖြူ မရှိတဲ့ အုပ်စုများက မတတ်သာလို့ အာဏာပြန်သိမ်း ရတယ် ဆိုတာမျိုးဖြစ်အောင် ဖန်တီးနေခြင်းလား-။ စတာတွေပါ။
ဒီနေရာမှာ ကမ္ဘာ့အသိုင်းအ၀ိုင်းနဲ့ လူထုကြီး မြင်နေတာက- သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရဟာ ဒီကိစ္စ ရပ်တွေ အတွက် State Sponsor လုပ်ပေးနေတယ်လို့ ဖြစ်ပါတယ်။

ဒီအချက် မှန်-မမှန်ဆိုတဲ့ အဖြေက ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအနေနဲ့- တရားခံ လက်သည်တွေကို အမှန် တစ်ကယ် ဖေါ်ထုတ်အရေးယူခြင်း ရှိ မရှိ ဆိုတဲ့ အချက်ကို ကြည့်ရမှာပါ။

ဘယ်သူတွေက ဖုံးဖိထားပါစေ-၊ ရာဇ၀တ် တရားခံအစစ်ကတော့ ပြေးပေါက် ပိတ်လာရမှာ သေချာပါတယ်။

  1. လူမျိုးတစ်မျိုးကို မျိုးတုန်းပစ်အောင် စီစဉ်ဖို့ ညီလာခံခေါ်ခွင့်ပြုတာလဲ အစိုးရလက်သည်းတရားခံဆိုတာ ထင်ရှားနေပါတယ်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus