နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်ပြည်နယ်မှ အမှန်တရားများ- အပိုင်း (၂)

မိဘပြည်သူများ ခင်ဗျား 

အခုတော့ Arakan : The Truth အပိုင်း (၂) ကို တင်ပြဆွေးနွေး ပါရစေ။ 

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်အနေဖြင့် ပြီးခဲ့သည့် သြဂုတ်လ (၁၇) ရက်နေ့စွဲ ဖြင့် လွှတ်တော်သို့ ပေးပို့တဲ့ သ၀ဏ်လွှာနှင့်အတူ ရခိုင်ပြည် ပဋိပက္ခနှင့် ပတ်သတ်ပြီးတော့ သမ္မတရုံးရဲ့ လေ့လာသုံးသပ်ချက်စာပါ ပူးတွဲ ပို့ထားတာ တွေ့ရတယ်။ အဲဒီသုံးသပ်ချက် စာထဲမှာ - 

“ရခိုင်နိုင်ငံရေးပါတီများ၊ သံဃာတော်အချို့နှင့် လူပုဂ္ဂိုလ်အချို့တို့ ခေါင်းဆောင်၍ လူမျိုးရေး မုန်းတီးမှု စိတ်ဓါတ်ကို အလွန်အကြွံမြှင့်တင်ခြင်း၊ လူမျိုးရေးအရ အဆင်အခြင်မဲ့စွာ တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်ခြင်းတို့ ဆောင်ရွက်လျှက် ရှိသည်။ နိုင်ငံအတွင်းနှင့် နိုင်ငံတကာရှိ ရခိုင်အသိုင်းအ၀ိုင်းများသို့ပါ ချဉ်းကပ်စည်းရုံးဆောင်ရွက်လျှက် ရှိသည်။ နိုင်ငံအနှံ့အပြားတွင် နေထိုင်သည့် ဘင်္ဂလီမွတ်စလင်များအပေါ် အကြမ်းဖက်လုပ်ရပ်ကိုလည်း အဆက်မပြတ် ကြံစဉ်လုပ်ဆောင်လျှက် ရှိသည်။” ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။ 

သမ္မကြီးက အခုလို သုံးသပ်တင်ပြတာဟာ ဟုတ်ပါရဲ့လား။ ဘယ်လောက်မှန်ကန်မှု ရှိသလဲ၊ ကဲ ခွဲခြမ်းစိတ်ဖြာ ကြည့်ကြရအောင်….. 

သမ္မတကြီး သုံးသပ်ခဲ့တဲ့ အတိုင်းပဲ မွတ်စလင်တွေအပေါ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆောင်ရွက်ဖို့ စည်းရုံး လုပ်ဆောင်လာတာဟာ ဆယ်စုနှစ် တစ်ခုလောက်တောင် ရှိနေပါပြီ။ ဒါပေမယ့် လတ်တလော ထိထိရောက်ရောက် အဓိက လှုံ့ဆော်ခဲ့တဲ့ အရာက ဘာလည်းဆိုတော့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ အထဲမှာ ထွက်ပေါ်လာတဲ့ တိုက်ပွဲခေါ်သံ မဂ္ဂဇင်း (သို့) ပစ္ဆိမရပ်ဝန်း မဂ္ဂဇင်းပဲ ဖြစ်ပါတယ်။ 

ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်စတဲ့ မြို့နယ်တွေက ခရိုင်အထွေထွေ ဦးစီးဌာန၊ မြို့နယ် အထွေထွေ ဦးစီးဌာနများမှ ဌာနမှူးတွေ ကိုယ်တိုင် လူမျိုးရေးစိတ်ဓါတ် ပြင်းထန်သူအချို့နှင့် သံဃာတော်တွေ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့က ပစ္ဆိမရပ်ဝန်းဆိုတဲ့ လှုံ့ဆော်ရေးမဂ္ဂဇင်းကို ထုတ်ဝေခဲ့တာ တွေ့ရတယ်။
ဆက်လက်ဖတ်ရှုပါရန်---

  1. ရိုဟင်ဂျာတွေကလဲ ပြည်ထောင်စုထဲမှာနေစရာ လိုအပ်တောပါတယ်

Comment ရေးရန်

Rohingya Exodus