March 15, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

သမ္မတထံ လူတိုင်း တိုက်ရိုက်စာပေးပို့နိုင်

DVB
9.10.2012

မြန်မာပြည်သူတိုင်း သမ္မတဆီကို တိုက်ရိုက် စာပေးပို့နိုင်ဖို့ နိုင်ငံတော်သမ္မတရုံးက ကဏ္ဍသစ် တခု ဖွင့်လှစ်လိုက်ပါတယ်။

စက်တင်ဘာ ၇ ရက်နေ့ကစလို့ နိုင်ငံတော် သမ္မတ ရုံးရဲ့ အင်တာနက် စာမျက်နှာမှာ ပြည်သူ့အသံ ကဏ္ဍကို စတင် ဖွင့်လှစ်ပြီး စာပေးပို့လိုသူတွေက အဲဒီဝက်ဘ်ဆိုက် လိပ်စာကတဆင့် အကြံပြုစာ၊ တိုင်ကြားစာ၊ အသနားခံစာ၊ ပစ်စာ အားလုံးပေးပို့နိုင်အောင် စီစဉ်ထားတာ ဖြစ်ပါတယ်။


သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဒီနေ့အထိ ပြည်သူ့အသံကဏ္ဍကို စာအရေအတွက် ၅၀ ကျော် ရောက်ရှိလာတယ်လို့ ပြောပါ တယ်။ ဒါပေမယ့် စာ အစောင် ၅၀ စလုံးဟာ ပစ်စာတွေလို ဖြစ်နေကြောင်း၊ ပေးပို့သင့်တဲ့ စာအမျိုးအစားတွေနဲ့ ပတ်သက်လို့ ခုလို အကြံပြုပါတယ်။

“ကျနော်တို့ အမှန်တကယ် ထိခိုက်နစ်နာ ဆုံးရှုံးရတဲ့ဟာတွေ ရှိတယ်။ တချို့ဆိုရင် ဟိုးအရင်က ဒါမှမဟုတ် အခုခေတ်မှာ ထိခိုက်နစ်နာပေမယ့် ဖြေရှင်းဆောင်ရွက်ပေးမှု အားနည်းခဲ့တာ ရှိတယ်ဆိုရင် တိုက်ရိုက်တင်ပြပါ။ အမျိုးသားလုံခြုံရေး၊ အမျိုးသားရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ အရေးကြီးတဲ့ ကိစ္စတွေကိုလည်း ကျနော်တို့ဆီ တိုက်ရိုက် တင်ပြလို့ရပါတယ်။ အမှန်တကယ် အချိန်နဲ့ အမ်ွ အရေးကြီးနေတယ်။ သမ္မတအနေနဲ့ တာဝန်ယူ ဆောင်ရွက်ပေးသင့်တယ်လို့ ယူဆရတဲ့ဟာတွေပေါ့။ များသောအားဖြင့် ကျနော်တို့ တွေ့လာရတာက လူထုအော်သံလို ဟာမျိုးလေးတွေပေါ့။ သတင်းစာမှာ ပါတဲ့ဟာမျိုးလေးတွေ။ ပြီးတော့ အတိအကျတော့ မပါဘူး။ ကျနော်တို့ ပြောချင်တာက အမှန်တကယ် ထိခိုက်နစ်နာ ဆုံးရှုံးနေရတယ်ဆိုရင် မှန်မှန်ကန်ကန် တင်ပြပါ အမည်၊ မှတ်ပုံတင်နံပတ်၊ လိပ်စာတို့ ပြည့်စုံရင် ကျနော်တို့ ဆောင်ရွက်ပါ့မယ်။”

ပြည်သူ့အသံကို သမ္မတက တိုက်ရိုက်နားထောင်နိုင်ဖို့ ဒီကဏ္ဍကို ဖွင့်လှစ်တာက အဓိကရည်ရွယ်ချက်ဖြစ်ပြီး ပြည်သူတွေရဲ့ အခက်အခဲတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ လိုလားချက်တွေကို အချိန်နဲ့တပြေးညီ သိရှိပြီး၊ မူဝါဒတွေ လိုအပ်သလို ပြုပြင် ပြောင်းလဲ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်တယ်လို့လဲ ဆိုပါတယ်။

ပြည်သူ့အသံကို ရောက်လာတဲ့ စာတွေကို သူတို့အပိုင်းက ဆောင်ရွက်ပေးမှာတွေကိုလည်း ဦးဇော်ဌေးက ခုလို ပြောပြပါတယ်။

“ကျန်ာတို့က ပြန်ပြီးစိစစ်လေ့လာပြီးတော့ တချို့ဟာတွေ အရေးကြီးလို့ ချက်ချင်း ပြန်ရမယ့် ဟာတွေကို ပြန်မယ်။ နောက်တခုက တူတာတွေကို စုပြီး ပြန်လည်ဆန်းစစ်ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ဥပဒေအရ ချမှတ်ထားတဲ့အချက်တွေနဲ့ မူဝါဒသီးသန့်တခု ချမှတ်ဖို့ သက်ဆိုင်ရာ ၀န်ကြီးဌာနကို တင်ပြမယ်။”

နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုဒ်ကို ပြီးခဲ့တဲ့ ဇွန်လထဲ အင်တာနက်ပေါ် လွှင့်တင်ခဲ့ပြီး၊ သမ္မတ၊ ဒု-သမ္မတတို့ရဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ တင်ပေးခဲ့နိုင်တာ တွေ့ရပါတယ်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus