နောက်ဆုံးသတင်း/ဆောင်းပါးများ

ပေါက်တောမြို့တွင် စစ်တပ်မှ ပစ်ခတ်၍ နှစ်ဦးသေ ငါးဦးဒဏ်ရာရ

RB News
27.6.2013

ပေါက်တော ။ ။ ရခိုင်ပြည်နယ်၊ ပေါက်တော မြို့နယ်ရှိ ကြီနီပြင် မွတ်စလင် ဒုက္ခသည် စခန်းရှိ ရိုဟင်ဂျာ ဒုက္ခသည် များကို စစ်တပ်မှ အတင်းအဓမ္မ လုပ်အားပေး ခေါ်ရာ ငြင်းဆန်သဖြင့် စစ်တပ်မှ ပစ်ခတ် ခဲ့သော ကြောင့် နှစ်ဦး ပွဲချင်းပြီး သေဆုံး၍ ငါးဦး ဒဏ်ရာ ရရှိကြောင်း သတင်း ရရှိပါသည်။ 

“ဒီနေ့ မနက်ပိုင်းမှာ လုံခြုံရေး ယူထားတဲ့ စစ်သားတွေက ဒုက္ခသည် စခန်းထဲကို ၀င်ပြီး တွေ့သမျှ လူတွေ ကို လူရမ်းကားတွေလို ရိုက်နှက်တယ်။ ပြီးတော့ သူတို့နဲ့ လုပ်အားပေး လိုက်ရမယ် ဆိုပြီး အတင်းအဓ မ္မ ခေါ်တယ်” ဟု ဒေသခံ တစ်ဦးမှ RB News သို့ပြောပါသည်။ 

စစ်သားများမှ လူရမ်းကား များကဲ့သို့ မျက်စိရှေ့တွေ့သည့် ဒုက္ခသည် များကို ရိုက်နှက်၍ အတင်း အဓမ္မ လုပ်အားပေး ခေါ်ယူရာ ဒုက္ခသည် များမှ လုပ်အားပေး လိုက်ရန် ငြင်းဆန် သဖြင့် သေနတ်ဖြင့် ပစ်ခတ် ခဲ့ သည်။ ထိုသို့ ပစ်ခတ်မှုကြောင့် နှစ်ဦးမှာ ပွဲချင်းပြီး သေဆုံး သွားပြီး ငါးဦးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။ 

သေဆုံး သွားသူ နှစ်ဦးမှာ - 

(၁) ဘောဒေါ (ဘ) ဦးစောတာရ် (အသက် ၂၄ နှစ်)
(၂) စလင်းမ် (ဘ) ဦးမိုနူ (အသက် ၁၉ နှစ်) -- တို့ဖြစ်သည်။ 

သေဆုံးသွားသူ နှစ်ဦး အနက် ဘောဒေါ၏ အလောင်းကို ပေါက်တော မြို့နယ် အုပ်ချုပ်ရေးရုံးနှင့် စစ်တပ်မှ သယ်ဆောင် သွားပြီး၊ ကျန်သည့် စလင်းမ်၏ ရုပ်အလောင်းမှာ ယခု အချိန်ထိ ဒုက္ခသည် စခန်းတွင် ရှိသေးကြောင်း သိရှိရသည်။ 

ဒဏ်ရာ ရရှိသွားသူ ငါးဦး၏ အမည်စာရင်း များကို စုံစမ်းလျက် ရှိပြီး၊ ရရှိပါက ထပ်မံ တင်ပြ သွား မည် ဖြစ် သည်။ 

ယခု အချိန်ထိ အဆိုပါ ဒုက္ခသည် စခန်းကို စစ်တပ်နှင့် နစက များမှ ၀ိုင်းရံထားပြီး လုပ်အားပေး လိုက်ရန် ဖိအား ပေးလျက် ရှိကြောင်း သတင်း ရရှိပါသည်။


Comment ရေးရန်

Rohingya Exodus