နောက်ဆုံးသတင်း/ဆောင်းပါးများ

အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် မှရခိုင်အရေးနှင့်ပတ်သက်ပြီးသတင်းထုတ်ပြန်


ရခိုင်ပြည်နယ်အတွင်း အကြမ်းဖတ်တိုက်ခိုက်မှု များသည် အစ္စလာမ် ဘာသာကိုး ကွယ် ယုံကြည်ခြင်း ကို အကြောင်းပြု ၍ဒုက္ခပေးနေကြောင်း မောင်လာနာ ဦးမြင့်လွင့် က ဧရာဝတီ သို့ ပြောကြားလိုက်သည်။ “အခု ရခိုင်ပြည်နယ် အရေးက အစ္စလမ်ဘာသာ ကိုးကွယ်ယုံကြည်မှု ကို အကြောင်းပြုပြီး မွတ်စလင်တွေကို ဒုက္ခပေး နေတယ်လို့ မြင်တယ်။ လူမဆန်တဲ့ နှိပ်စက်မှုနဲ့ အကြမ်းဖက် ခံရတဲ့ မွတ်စလင် သတင်းတွေ မပြတ်ကြားနေရတယ်။ ဟု ၄င်းက ပြောပါသည်။

ယခုနှစ်အတွင်း အစ္စလာမ် ဘာသာအား တိုက်ခိုက် ရန်လို သော လုပ်ကြံစွပ်စွဲချက် သတင်းများ ၊ဆောင်းပါးများ၊ ဖြန့်ဝေစာများ အမြောက်အမြားပေါ်ထွက်ခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ “မွတ်စလင်တွေကို မုန်းတီးရေး စိတ်ဓာတ် လှုံ့ဆော်ပေးနေတဲ့ ဂျာနယ်တွေ၊ ပစ်စာတွေ လူတွေကြား ထဲမှာ ပြန့်နှံ့နေတာတွေကို ကြည့်ရင် ဘာသာတခုနဲ့တခု အထင်အမြင် လွဲမှားအောင်၊ အထူးသဖြင့် မွတ်စလင်တွေကို မုန်းတီးရေး၊ အဓိကရုဏ်းတွေ ဖြစ်အောင် ဖန်တီးနေတာတွေကို ကြည့်ရင် ဘာသာရေးကို အကြောင်းပြုပြီး ပြဿနာ ကျယ်ပြန့်ကြီးမားအောင် မသမာသူ တစုက ကြိုးစား အားထုတ်နေတယ်လို့ မြင်ပါတယ်။” ဟု မောင်လာနာ ဦးမြင့်လွင့်က ပြောကြားခဲ့သည်။

Source : ဧရာဝတီ

Comment ရေးရန်

Rohingya Exodus