နောက်ဆုံးသတင်း/ဆောင်းပါးများ

ရဲတပ်ရင်းမှူး၏ လူမဆန်စွာ ရိုက်နှက်မှုကို ဒေသခံများအား ခြိမ်းခြောက်၍ လိမ်ညာ ထွက်ဆိုခိုင်း

RB News
20.9.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်တွင် ယခင် နစက သတ်မှတ် ခဲ့သည့် နယ်မြေ (၄) (၅)(၆)၏ရဲတပ်ရင်းမှူးဖြစ်သူ ဒု-ရဲမှူးကြီး အောင်ကိုဦး သည် လွန်ခဲ့သည့် ရက်ပိုင်း များတွင် ကြိမ်ချောင်းနှင့် ငါးခူရ ဈေးများတွင် မျက်စိရှေ့ တွေ့သမျှ ဒေသခံ ရိုဟင်ဂျာ များကို ရိုက်နှက် ခဲ့သည်။ ထိုသို့ ရိုက်နှက်မှုနှင့် ပတ်သက်၍ ကျီးကန်းပြင်ရှိ ရဲတပ်ရင်း ဌာနချုပ်မှ စုံစမ်း စစ်ဆေးရန် အဖွဲ့ တစ်ဖွဲ့ကို စက်တင်ဘာလ (၁၈) ရက်နေ့က စေလွှတ်၍ စုံစမ်း စေခဲ့သည်။ 

ငါးခူရ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းအောင်က အရိုက်ခံ ရသည့် သူများနှင့် ရပ်မိ ရပ်ဖ များကို ဆင့်ခေါ်၍ စစ်ဆေးရေး အဖွဲ့မှ မေးလျှင် ရိုက်နှက် ခံရသည်ဟု မထွက်ဆိုရန်၊ ဒု-ရဲမှူးကြီး အောင်ကိုဦးမှ ယခင် ကဲ့သို့ မိုက်ရိုင်းသည့် အပြုအမှု များနောက်နောင် ပြုလုပ် တော့မည် မဟုတ်ကြောင်း၊ ရဲတပ်ရင်းမှူး၏ အပိုင် နယ်မြေတွင် ဓါးပြတိုက်မှု (၃) မှု ဆက်တိုက် ဖြစ်ပေါ် ခဲ့သည့် အတွက် ဒေါသ ထွက်၍ ပြုလုပ် ခဲ့ ခြင်း ဖြစ်ကြောင်း၊ ဒု-ရဲမှူးကြီး အောင်ကိုဦး ကိုယ်စား ၎င်းမှ တောင်းပန်ကြောင်း၊ ဒီတစ်ကြိမ် ခွင့် လွှတ် ပေး ရန်နှင့် အကယ်၍ အမှန် အတိုင်း ထွက်ဆိုပါက အဆိုပါ ရဲတပ်ရင်းမှူးနှင့် လုံထိန်း များသည် ဤနေရာတွင် အမြဲ ရှိနေ သူများ ဖြစ်ပြီး၊ အမှုဆင်၍ ဒုက္ခ ရောက်အောင် ပြုလုပ် လိမ့်မည်ဟု ခြိမ်းခြောက် ပြောဆို ခဲ့ သည်။ 

ထိုကဲ့သို့ ခြိမ်းခြောက်မှု များကြောင့် စစ်ဆေးရေးအဖွဲ့ကိုမှန်ကန်ခြင်းထွက်ဆိုပေးနိုင် ခဲ့ခြင်း မ ရှိကြောင်း ဒေ သခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

“ကျွန်တော်တို့ ဒေသမှာ အမှန် အတိုင်း ဖြစ်စေ ချင်ရင် ပြည်ထောင်စု အစိုးရ ဖက်က အဖွဲ့ တစ်ဖွဲ့၊ ပြည်သူ့ လွှတ်တော်က အဖွဲ့ တစ်ဖွဲ့၊ ဌာန ဆိုင်ရာ အသီးသီးက အဖွဲ့ တစ်ဖွဲ့၊ ဒေသခံ ပြည်သူ တွေနဲ့ အဖွဲ့ တစ်ဖွဲ့ အ ပြင် တပ်မတော်က အဖွဲ့ တစ်ဖွဲ့ ပေါင်းပြီး စစ်ဆေးမှ အမှန် တရား ပေါ်နိုင်မယ်။ လာတဲ့ စစ်ဆေးရေး အဖွဲ့ကို အမှန် အတိုင်းပြောချင် ပေမယ့်လည်း ခြိမ်းခြောက်မှု တွေကြားမှာ ကျွန်တော်တို့ ပြောရတာ မလွယ် ဘူး။ ဒေသ ဆိုင်ရာ အာဏာပိုင် တွေကို စစ်ဆေး ခိုင်းရင်လည်း ဘယ်တော့မှ အမှန် အတိုင်း ဖြစ်မှာ မ ဟုတ် ဘူး။ အကုန်လုံးက ညှိနှိုင်းပြီး အကွက်ချပြီး လုပ်နေတော့ ကျွန်တော်တို့က ခံရပြီးရင်း ခံရ ပါ ဘဲ” ဒေ သခံ တစ်ဦးက ပြောပါသည်။


Comment ရေးရန်

Rohingya Exodus