နောက်ဆုံးသတင်း/ဆောင်းပါးများ

ရေခဲချောင်းခွဆုံနှင့် ဒါးကြီးစား ကျေးရွာများရှိ လက်ကျန်နေအိမ်များကို စစ်တပ်က ဆက်လက်မီးရှို့နေ

RB News
13.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ရေခဲချောင်းခွဆုံနှင့် ဒါးကြီးစား ကျေးရွာများရှိ ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်များကို စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က ယနေ့ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ဆက်လက် မီးရှို့လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ယမန်နေ့ နိုဝင်ဘာလ (၁၂) ရက်နေ့က ရေခဲချောင်းခွဆုံနှင့် ဒါးကြီးစား ကျေးရွာများ အပြင် ပွင့်ဖြူချောင်းနှင့် မျောတောင် တို့မှ ဒေသခံ ရိုဟင်ဂျာများကို လက်နက်ကြီးများသုံး၍ ပစ်ခတ်မှုကြောင့် ဒေသခံရိုဟင်ဂျာ အနည်းဆုံး ၁၂ ဦးသေဆုံးခဲ့ပြီး၊ ၅၀ နီးပါး ဒဏ်ရာရခဲ့သည်။ ထို့အပြင် နေအိမ်များကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်၍ မီးရှို့ခြင်း၊ စစ်သားများကိုယ်တိုင် မီးတင်ရှို့ခြင်းများ ပြုလုပ်ခဲ့သည်။

ယနေ့ နံနက် အစောပိုင်းမှ စ၍ ရေခဲချောင်းခွဆုံ ကျေးရွာတွင် ကျန်ရှိနေသည့် အိမ်များမှာ ဒေသခံများကို သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်းခြောက်၍ နှင်ထုတ်ပြီး နေအိမ်များ မီးရှို့လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

ထို့အပြင် ဒါးကြီးစား ကျေးရွာတွင်လည်း နံနက် အစောပိုင်းမှ စ၍ စစ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ကျန်ရှိနေသည့် နေအိမ်များကို မီးရှို့လျက် ရှိသည်ဟု ဆိုသည်။

ဒါးစားကြီးမှ နေအိမ်များ မီးရှို့ခံနေရသည့် ဗီဒီယိုမှ



Comment ရေးရန်

Rohingya Exodus