နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်နီမော်တွင် ရခိုင်အစွန်းရောက်များအားတားဆီးမရသဖြင့် ရဲတပ်ဖွဲ့မှ ပစ်ခတ် ထိန်းသိမ်းရာမှ တစ်ဦးသေ နှစ်ဦး ဒဏ်ရာရ



ရခိုင်အစွန်းရောက်များသည်နေ့စဉ်နှင့်အမျှ ရခိုင်ပြည်အနှံ့တွင် အေးချမ်းစွာနေထိုင်ကြသော ရိုဟင်ဂျာမူဆ လင်များအား အစိုးရ ကိုကျောထော နောက်ခံထားလျက် (RLND နှင့် ALP ) တို့မှစနစ်တကျတမြို့ပြီးတမြို့မီး ရှို့ဖျက်ဆီးလျက်ရှိ နေပါ သည်။

ရသေ့တောင် ညီလာခံနှင့် ရခိုင်ဘင်္ဂလီဘုန်းကြီးများဦးဆောင်လမ်းညွန်မှုပေးပြီးရိုဟင်ဂျာအိမ်များအား ဖယ်ရှား ပေးရန် တောင်းဆို သော ရခိုင်အစွန်းရောက် များကို ရဲတပ်ဖွဲ့ က ပစ်ခတ် ထိန်းသိမ်း ရသည့် အတွက် တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိကြောင်း သိရှိရပါသည်။

ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာတွင်နေထိုင်ကြသောရိုဟင်ဂျာလူမျိုးများမှာ ရှေးနှစ်ပေါင်းများစွာကပင် အစဉ် အဆက်နေထိုင်လာခဲ့သူများဖြစ်သည်။ ယနေ့ နံနက် ၇နာရီ အချိန် တွင် အဆိုပါ ကျေးရွာ များကို ဖယ်ရှား ပေးရန် လူဦးရေ တစ်သောင်းကျော် က တောင်းဆို ခဲ့ပြီးနောက် အထက်ပါ အတိုင်း ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ၄င်းတို့ ၏ ပြောဆိုချက် များအရ သိရှိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ သတင်း ပြန်ကြားရေး ကော်မတီ အဖွဲ့ဝင် ဦးမျိုးသန့် နှင့် ရမ်းဗြဲ မြို့နယ် ရဲတပ်ဖွဲ့ စခန်း တို့က ရခိုင်အစွန်းရောက်များ၏တောင်းဆို မှုများ ဖြစ်ပွား နေ သည်မှာ မှန်ကန် သော်လည်း သေဆုံး ဒဏ်ရာ ရရှိမှု နှင့် ဖြစ်စဉ် များကို အတိအကျ မသိ ရှိရ သေးကြောင်း ပြန် လည် ဖြေကြားသည်။

ယင်းကျေးရွာ တောင်ပိုင်း တွင် ရခိုင် တိုင်းရင်းသား များ နေထိုင်ကာ မြောက်ပိုင်းတွင် ရိုဟင်ဂျာ များ နေထိုင် ကြကြောင်း သိရှိရပါသည်။

ကျောက်နီမော် ကျေးရွာ မှ ရိုဟင်ဂျာလူမျိုး အမျိုးသား တစ်ဦး ကမှု ၄င်းတို့ နေထိုင်ရာ နေရာကို ရခိုင်အစွန်းရောက် များ ဝိုင်းရံ နေ သဖြင့် လုံခြုံရေး အခြေအနေ ကို စိုးရိမ် ရသည့် အနေအထား တွင် ရှိကြောင်း ပြောကြားသည်။

“နိုင်ငံတော် ၏ အမိန့် သြဇာ အောက်မှာ အမြဲတမ်း နာခံဖို့ အသင့်ပါ။ နိုင်ငံတော် က ထားတဲ့ နေရာမှာ နေမှာပါ။ ဒါပေမယ့် အခုလို အကြမ်းဖက် လုပ်ဆောင်မှု မျိုးကို လက်မခံ ဘူး၊ ဆက်လက် အကြမ်း ဖက်လာရင် ခုခံသွားဖို့ အသင့်ပါ” ဟု ၄င်းက ဆိုသည်။

ရခိုင်ပြည်နယ် တွင် ဖြစ်ပွား နေသော ပဋိပက္ခ များကို ထိန်းသိမ်းရန် ရဲတပ်ဖွဲ့ အင်အား ၅ဝဝဝကျော်၊ နစက တပ်ဖွဲ့ ဝင် အင်အား ၁ဝဝဝကျော်၊ တပ်မတော် တပ်ရင်း ၅၁ရင်း နှင့် ဆူပူ အကြမ်းဖက်မှု များကို ဖြိုခွဲ နှိမ်နင်းရန် အတွက် မျက်ရည်ယို ဗုံးများ အပါအဝင် အဓိကရုဏ်း နှိမ်နင်းရေး လက်နက် ကိရိယာ များ လုံလောက်စွာ ဖြန့်ဖြူး ပေးထားပြီး ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး မှ ညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်) ၏ Facebook စာမျက်နှာ တွင် အောက်တိုဘာ လ ၂၈ရက်နေ့ တွင် ဖော်ပြ ထားသည်။

RB News Desk


Comment ရေးရန်

Rohingya Exodus