နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ်နှင့်ပေါက်တောမြို့နယ်ရှိအစ္စလာမ်ဘာသာဝင်များ၏ဆိုးဆိုးဝါးဝါး အခြေအနေ


RB News
26.10.2012

၂၀၁၂ခုနှစ်စက်တင်ဘာလ(၂၃)ရက်နေ့ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်တွင်ရခိုင်အင်အားဖြင့် အကြမ်း ဖက်တိုက်ခိုက်ခံလိုက်ရသော ဒေသခံ အစ္စာလာမ် ဘာသာဝင်ပြည်သူများသည် ၂၄-၁၀၂၀၁၂နေ့ နေ့လည် ၂း၀၀ နာရီ ပတ် ၀န်းကျင်တွင် ဘေးလွတ်ရာသို့ စက်လှေ (၆၃)စီးပင်လယ်ရေကြောင်းဖြင့် ထွက်ခွာလာရာ ၊ စက်လှေ (၁၇) စီးတို့သည်၂၅-၁၀-၂၀၁၂ ရက်နေ့တွင် စစ်တွေမြို့နယ် ၊သဲချောင်းကျေးရွာ အနီးရှိကုန်းပေါ် သို့ရောက်ရှိပြီး။၂၆၁၀-၂၀၁၂ နေ့ရေတပ်ကင်းလှည့်တာဝန်ခံအထားအဆီးနှင့်ထိန်းသိမ်းထားရှိသောစက်လှေ (၄၆) စီး ယနေ့မနက်၈နာရီ နှင့်၁၂နာရီပတ်ဝန်းကျင်တွင်စစ်တွေမြို့နယ်သဲချောင်းဆိပ်ကမ်းသို့ ရောက်ရှိပြီး
ဒေသအာဏာပိုင်မှကုန်းပေါ်သို့တက်ရောက်ခွင့်မပြုပါ။၎င်းစက်လှေပေါ်တွင်ကိုယ်ဝန်ဆောင်မိခင်အချို့ နှင့်   မွေးစပေါက် နို့စို့ကလေးများအတွက်လိုအပ်သော ဆေးဝါးများ ၊ အစားအစာ များမရ ရှိနိုင်သဖြင့် စိုးရိမ် စ ရာဖြစ်ပေါ် လျက်ရှိပါသည်။

လူသားချင်းစာနာမှုထားရှိလျှက် သမတ္တ`ကြီး ဦးသိန်းစိန် ထံသို့ပြောပေးပါရန်လွတ်တော်ကိုယ်စားလှယ် ဦးရွှေမောင် အားမေတ္တာ ရပ်ခံအပ်ပါသည်။၎င်းကိစ္စာအားအမြန်ဆုံးဆောင်ရွက်ပေးပါရန် ရခိုင်ပြည်နယ်
အိစ္စလာမ်ဘာသာဝင်များအားလုံးတောင်းဆိုအပ်ပါသည်။


ပေါက်တော်မြို့နယ် နောက်ဆုံးရအခြေအနေ

ယနေ့(၂၆-၁၀-၂၀၁၂)နေ့တွင် ရခိုင်ဗုဒ္ဓဘာသာအကြမ်းဖက်သမားများ၏ ရန်ကြောင့် ငန်းချောင်းပတ်ဝန်း ကျင် ကျေးရွာ(၅)ရွာမှ မူစလင်မ်ဦးရေ(၁၀၀၀၀)ခန့် စုဝေးခိုလှုံလျက်ရှိသည်။ ယခုအခါ နစကမှ မူစလင်မ် များအား ရွာများမှ ထွက်ခွာသွားရန် ဖိအားပေးလျှက်ရှိပြီး အကယ်၍ မထွက်ခွာပါက ၎င်းတို့၏ လုံခြုံရေးကို တာ ၀န်ယူမည် မဟုတ်ကြောင်း ပြောဆိုသွားသည်။

(၂၄-၁၀-၂၀၁၂)ရက်နေ့တွင်လည်း ပေါက်တောမြို့နယ် အနာရိုင်းမှ လူဦးရေ(၂၄၀၀)ခန့် နစက၏ဖိ အား ကြောင့် ရွာများမှ ထွက်ခွာခံခဲ့ရပြီး ပင်လယ်ပြင်တွင် မျောနေလျက်ရှိသည်။ လက်ရှိအခြေအနေတွင် ရခိုင် ပြည်နယ်မှ မူစလင်မ်များအား ပြည်ထောင်စုအစိုးရမှ မည်သည့်ကာကွယ်စောင့်ရှောက်မှုမျှ မပေး သည့် အပြင်၊ နိုင်ငံတကာအစိုးရများထံမှလည်း မည်သည့်ကူညီမှုကိုမျှ မရရှိသောကြောင့် ပြင်းထန်စွာ အတိဒုက္ခ ရောက်နေကြောင်း ထိုဒေသမှ ဒေသ ခံမူစလင်မ်များ က ပြောဆိုပါသည်။ ရခိုင်လူမျိုးများကို အသုံးချ၍ အစိုးရမှ ယခုကဲသို့ အရေးအခင်းများကိုဖန်တီးပြီး ရခိုင်ပြည်နယ်တောင်ပိုင်း ရှိ ဒေသခံမူစလင်မ် များကို ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောနှင့် ဘူးသီးတောင်သို့ အတင်းအ ကျပ်ပို့ဆောင် ရန်အတွက် လုပ် ဆောင်နေခြင်းဖြစ်သည်ဟု ဒေသခံရခိုင်လူမျိုးတဦးက ပြောကြားသည်။

Comment ရေးရန်

Rohingya Exodus