နောက်ဆုံးသတင်း/ဆောင်းပါးများ

တန်းတူညီမျှ အခွင့်အရေး ကယ်လီဖိုးနီးယား ပြည်နယ်မှာဆန္ဒပြ



အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် လော့အင်ဂျယ်လစ်မြို့မှာ စက်တင်ဘာ ၃၀ ရက်နေ့ နေ့လည် ၃း၀၀ နာရီက စပြီး- မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုနဲ့ တန်းတူညီမျှ အခွင့်မရေး မရှိမှု တို့အား ထုတ်ဖေါ်ဆန္ဒပြခဲ့ပါတယ်။

မြန်မာရိုဟင်ဂျာ အရေးအား ဦးဆောင်လှုပ်ရှားပေးသည့် Burma Task Force ခေါ် အမေရိကန် မွတ်ဆလင် ပညာရှင်များ ဖွဲ့စည်းထားတဲ့ အဖွဲ့ |Free Rohingya Campaign (FRC) နဲ့ မြန်မာမွတ်ဆလင် တန်းတူညီမျှ ရရှိရေး ဆောင်ရွက်မှု အဖွဲ့မှ ဦးဆောင်ပြီး ဆန္ဒပြခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ 

ဆန္ဒပြမှုအတွက် ဦးဆောင် လှုပ်ရှားတဲ့ ကိုမိုးကျော်က “ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံထဲမှာ တန်းတူညီမျှ အခွင့်အရေးတွေ ဖြစ်ထွန်းစေချင်တယ်။ တန်းတူညီမျှ အခွင့်အရေးတွေ မရှိမှု၊ မူဝါဒပေါ်လစီများချမှတ်ပြီး- အစိုး ရကိုယ်တိုင်က ပါဝင်ပတ်သက်နေမှု၊ ရာဇ၀တ်ကောင်များကို ဖမ်းဆီးအရေးယူပေးခြင်း မရှိမှု- တို့ဟာ တိုင်းပြည် ထဲက လူနည်းစု များကို ငြိုငြင်စေပြီး- တိုင်းပြည်ပြိုကွဲစေဘို့ ဒါမှမဟုတ် တိုင်းပြည်ကြီး ၀ရုန်းသုန်းကား ဖြစ်သွား စေဘို့ထိ ဦးတည်သွားစေနိုင်တယ်။- ဒါတွေအားလုံးကို တန်းတူညီမျှအခွင့်အရေး ပေးခြင်းနဲ့သာ ကာကွယ်နိုင် မယ်လို့ ကျွန်တော် ယုံကြည်တယ်၊ ဒါကြောင့် နိုင်ငံအတွင်းမှာ တန်းတူညီမျှ အခွင့်အရေးကို အချိန်မဆွဲပဲ ချက် ခြင်း ဖေါ်ဆောင်ဘို့ လိုတယ်၊ ဒါတွေဟာ အဓိကအားဖြင့် အစိုးရပေါ်မှာ တာဝန်ရှိတယ်၊” လို့ ပြောဆိုပါတယ်။

ဆန္ဒပြသူများက နိုင်ငံတကာ ဧည့်သည်များ ကျက်စားရာ အချက်အချာကျတဲ့ ဟောလီဝုဒ်- ဟိုက်လင်း ဒေါင့်နေ ရာကို ရွေးချယ် စုဝေးခဲ့ပါတယ်။ 

ဆန္ဒပြမှုမှာ လူအင်အား ၅၀ နဲ့ ၆၀ လောက်ရှိပြီး- ရိုဟင်ဂျာ မွတ်ဆလင်များ၊ မြန်မာမွတ်ဆလင်များ နဲ့ ကချင်လူ မျိုးများ ပါဝင်ခဲ့ပါတယ်။

မြန်မာခေါင်းဆောင်များ အမေရိကန်နိုင်ငံသို့ ရောက်ရှိနေခိုက်- မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖေါက်ခံ ရမှု၊ လူမျိုးရေး ဘာသာရေး ခွဲခြားဆက်ခံရမှုများအား ဆန့်ကျင်တဲ့ ဆန္ဒပြပွဲများ မြို့ကြီးတိုင်းမှာ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပါတယ်။

RB News Desk

Comment ရေးရန်

Rohingya Exodus