March 17, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရခိုင်ပြည်နယ်အနှံအပြားရှိ အစ္စလာမ်ဘာသာဝင် ကျေးရွာများကို ရခိုင်အကြမ်းဖက်သမားများမီးရှို့ဖျက်ဆီးနေသည့် သတင်း

၂၂.၁၀.၂၀၁၂ မင်းပြားမြို့နယ် အစ္စလာမ်ဘာသာဝင် များနေထိုင်ရာ ပိုက်သည်ကျေးရွာအား၂၁-၁၀-၂၀၁၂ ည၁၁း၀၀နာရီမှစ၍ရခိုင်အကြမ်းဖက်သမားများ၅၀၀၀ခန့်မှဝိုင်းဝန်းဖျက်ဆီးမီးရှို့တိုက်ခိုက်မှုမျုားပြုလုပ်ခဲ့ကြ ရာတွင် လုံခြုံရေးအင်အားအလွန်နည်းပါးပြီးလုံခြုံရေးဝန်ထမ်း၅ဦးခန့်သာရှိပါသည်။ည၁၂း၃၀ လောက်တွင် တပ်မတော်သား၁၅ဦးရောက်ရှိလာပြီး သေနတ်မိုးပေါ်ထောင်ပစ်သော်လည်း ခြောက်လှန့်ရုံသာဖြစ်နေသည် ကိုရခိုင်အကြမ်းဖက်သမားများသိနေသည့်အတွက်လူစုမခွဲဘဲအကြမ်းဖက်မှုများဆက်လက်ပြုလုပ်ခဲ့ပါသည်။ မနက် ၁း၃၀နာရီ တွင်အိမ်တော်တော်များများမီးလောင်ပြီးတပ်မတော်အင်အားလည်းများလာသည့်အတွက် ၄င်းတို့မှာလူစုကွဲသွားကြပါသည်။ ရခိုင်အကြမ်းဖက်သမားများမှ မီးရှို့ဖျက်ဆီးသည့် အိမ်ခြေ ၁၉ လုံးခန့် မီးလောင်ပျက်ဆီးပြီးလူဦးရေ ၁၀၈ ဦးခန့်အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့သည် အဆိုပါဒုက္ခသည် များထဲတွင် ကျား ၁၂ နှစ်အထက် ၃၇ ဦး၊ ကျား ၁၂ နှစ်အောက် ၁၇ ဦး ၊ မ ၁၂ နှစ်အထက် ၃၅ ဦး၊ မ ၁၂ နှစ်အောက် ၁၉ ဦးခန့်ဖြစ်သည်။ အဆိုပါ ပိုက်သည်ကျေးရွာမှာ အိမ်ခြေ ၂၅၃ အိမ်ခန့်ရှိသောရွာဖြစ်သည်။

ထပ်မံ၍ ယနေ့နံနက် ၆း၃၀ နာရီတွင် မင်းပြားမြို့နယ် နာဂရာအုပ်စုသရက်အုပ်ကျေးရွာအား၂၂-၁၀-၂၀၁၂ တွင်အကြမ်းဖက်အုပ်စုများမှမီးရှို့ဖျက်ဆီးခဲ့ရာအိမ်ခြေ၃၅၀ခန့်နှင့်ဗလီကြီှးနှစ်လုံး၊ဘာသာရေးစာသင်ကျောင်း တစ်ကျောင်းမီးလောင်ပျက်ဆီးဆုံးရှုံးကာလူတစ်ဦးသေနတ်ထိမှန်ပြီး နှစ်ဦးမှာဓါးဖြင့်အခုတ်ခံပြီး သေဆုံးသွား ပါသည်။ နှစ်ဦးမှာလည်း လေး၊ မြှားဒဏ်ရာတို့ဖြင့် သေလုမြောပါဖြစ်နေပြီးလူအများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ထိုကျေးရွာသည်လူနေအိမ်များကုန်ဆုံးသလောက်ပျက်စီးဆုံးရှုံးသွားပြီဖြစ်ကြောင်းသတင်းရရှိပါ သည်။အဆိုပါကျေးရွားမှလူများသည်ရွာအနီးရှိနာဂရာ ပေါက်တောရွာတွင်ဝင်ရောက်ခိုလှုံ နေရကြောင်းသိရပါ သည်။

ထပ်မံ၍ နေ့လည်၂း၀၀ခန့်တွင်မွတ်စ်လင်မ်အိမ်ခြေ၇၀၀ခန့်ရှိသော အောင်ဒိုင်ကျေးရွာကိုလည်းရခိုင်အကြမ်း ဖက်သမားများက ၀ိုင်းဝန်းပိတ်ဆို့၍ မီးရှို့ဖျက်ဆီးနေကြောင်း သိရှိရပါသည်။ အဆိုပါ မီးရှို့ဖျက်ဆီးမှုတွင် မင်းပြား မြို့နယ်ရဲမှုးကြီးကိုတိုင် ပါဝင်၍အားပေးအားမြှောက် ပြုလုပ်နေကြောင်း သတင်းရရှိပါသည်။ အပျက်ဆီးဆုံးရှုံးမှုစာရင်းကို နောက်ဆက် တွဲဖြင့်ထပ်မံဖေါ်ပြပါမည်။

မြောက်ဦးမြို့နယ်အပိုင် မွတ်စ်လင်မ်အိမ်ခြေ ၅၀၀ ခန့်ရှိသော ပုရိန်ကျေးရွာအား ယနေ့ဆက်လက် မီးရှို့နေကြောင်းသိရှိရသည်။ နောက်ဆုံးသိရသောအခြေအနေအရရွာသားများအားလုံးထွက် ပြေးတိမ်းရှောင်ေ နရပြီး အနီးအနားရှိရွာသားများမှာလည်း ကြောက်လန့်စိုးရိမ်နေရကြောင်း အခြေအနေကို တိတိကျကျ မသိရှိရဘဲ ခန့်မှန်းခြေအိမ်ခြေ၁၀၀ခန့်မီးလောင်နေကြောင်းသိရှိရပါသည်။ထို့ပြင်ယဉ်သေကျေးရွာ၊ ပေါင်းတုတ်ကျေးရွာ၊ ဇီးဇါကျေးရွာများကို အကြမ်းဖက်ရခို်င်များမှာ ၀ိုင်းရံပိတ်ဆို့ကာ မီးရှို့ပြီး ရန်ပြုမူနေသည့်အတွက် ဒေသခံ မွတ်စ်လင်မ်ရွာသူရွာသားများမှာ အထူးစိုးရိမ်ကြောက်လန့်နေကြောင်းသိရှိရပါသည်။

စစ်တွေမြို့တစ်ဖက်ကမ်းရှိ ပေါက်တောမြို့နယ် အမှတ် ၃၊ ၄ ရပ်ကွက်များတွင် ရခိုင်ဘုန်းကြီးအချို့နှင့် ရခိုင်အကြမ်းဖက် သမားများမှ မြို့ပေါ်ရပ်ကွက်ရှိ လူနည်းစုမွစ်လင်မ်များအား ၄င်းတို့အားမောင်းထုတ်မည်၊ ၄င်းတို့ပိုင်ပစ္စည်းဥစ္စာများကို လုယူမည်ဟု ခြိမ်းခြောက်ပြောဆိုပြီး လုံခြုံရေးများ ရှိနေသည့်ကြားထဲမှရန်မူ ရန်ဆောင်နေသည့်အတွက် ဒေသခံလူနည်းစုမွတ်စလင်မ်များမှာအထူးစိုးရိမ် ကြောက်ရွံ့နေရ ကြောင်းသိရ ပါသည်။

ထို့ပြင်ရခိုင်ပြည်နယ်မှအမ်းမြို့၊မာန်အောင်မြို့၊ တောင်ကုတ်မြို့အပြင်အခြားမြို့နယ်များမှအကြမ်းဖက်ရခိုင် များကစက်လှေများမော်တော်ဘုတ်များဖြင့် ပေါက်တောမြို့နှင့်အခြားမွတ်စ်လင်မ်လူနည်းစုရှိသော မြို့နယ်များ သို့သွားရောက် စုရုံးကာ အကြမ်းဖက်မီးရှို့ရန် ကြံစည်ကြိုး ပမ်းနေကြောင်းသိရှိရပါသည်။

ရသေ့တောင်မြို့နယ် ညောင်ပင်ကြီးကျေးရွာရှိအစ္စလာမ်ဘာသာဝင်အမျိုးသမီးတစ်ဦးဖြစ်သော ရော်ကီမာ ခါတွန် (ဘ) အီမန်ဟူစိန် အသက် ၂၂ နှစ်ကို တပ်ရင်း (၅၃၆) မှ ဗိုလ်ကြီးအာကာလှိုင်နှင့် တပ်သား (၃) ဦးတို့မှ ၁၉-၁၀-၂၀၁၂ ရက်နေ့တွင် ည ၈း၀၀နာရီတွင်ရွာတွင်းသို့ဝင်ရောက်ကာအဆိုပါသမီးပျိုလေးအား အတင်းအဓမ္မခေါ်ယူသွားပြီးမုဒိန်းကျင့်ကာ၂၀၁၀-၂၀၁၂ နေ့နံနက်၎း၀၀တွင်ရွာသို့ပြန်လည်ပို့ဆောင်ပေးခဲ့ ပါသည်။

၂၀-၁၀-၂၀၁၂ရက်နေ့တွင်လည်းအဆိုပါကျေးရွာတွင်နေထိုင်သောဦးဆုလ်တန်မိသားစုနှင့် မော်လ၀ီဂျော် လာလ် မိသားစုတို့ထံမှ ဗိုလ်ကြီးအာကာလှိုင်နှင့် တပ်သားများက ရိုက်နှက်ခြိမ်းခြောက်၍ ငွေကျပ် ၂၅ သိန်း နှင့် ရွှေ ၃ ကျပ်သားခန့် အတင်အဓမ္မလုယူ သိမ်းဆည်းသွားကြောင်း သိရပါသည်။

ကျောက်တော်မြို့နယ်တွင် ၁၈-၁၀-၂၀၁၂ နံနက် ၇း၃၀ ခန့်တွင် လက်ဆောင်ကောက် ကျေးရွာအုပ်စု လက်ဆောင်ကောက် ကျေးရွာတွင်နေထိုင်သော အစ္စလာမ်ဘာသာဝင် လယ်သမားအယောက် ၂၀ ခန့်က မိမိတို့ပိုင်ဆိုင်သော လယ်မြေများကို မြေဆီကြွေးရန်အတွက် လုံခြုံရေးတာဝန်ကျနေသော တပ်မတော်သားနှင့် ရဲများကိုခွင့်တောင်း၍ မိမိတို့လယ်ယာမြေများကို မြေဆီကြွေးနေပါသည်။ ၈း၃၀ နာရီခန့်တွင် တောင်ပေါက်ကျေးရွာနှင့် သရက်အုပ်ကျေးရွာတို့မှ အကြမ်းဖက်ရခိုင်အမျိုးသား ၁၀၀ ခန့်တို့မှ အဆိုပါလယ်သမားများကို ရန်မူတိုက်ခိုက်ရန် လက်နက်များနှင့်တကွ လယ်ကွင်းထဲ သို့ရောက်ရှိလာပါသည်။ သေနတ် နှစ်ချက် ပစ်ဖေါက်လိုက်ရာ အဆိုပါ လယ်သမား ၂၀ ခန့်ကလည်းကြောက်လန့်၍ ထွက်ပြေးရာတွင် လူစုကွဲသွားပြီး အေနာမွလ်လောက် (ဘ) ကာလာရှုနာ အသက် ၂၂ နှစ် နှင့် မော်တွလ်ဟူဆေါန် (ဘ) အဘူခိုင်ရ် အသက် ၅၃ နှစ်တို့မှ ရခိုင်အ ကြမ်းဖက်အုပ်စု လက်တွင်းသို့ရောက်ရှိသွားပြီး အသတ်ခံလိုက် ရကြောင်း သိရှိရပါသည်။ ထိုအကြောင်းကို သက်ဆိုင်ရာတာဝန် ကျနေသောတပ်မတော်သားနှင့် လုံခြုံရေးရဲမျာကို ပြောဆိုတိုင်တန်းသော် လည်းယနေ့အထိ မည်သို့မျှအရေးယူခြင်းမရှိသည့် အပြင် ကာယကံရှင်၏ ရုပ်အလောင်းများကိုလည်းအပ်နှံခြင်း မရှိပါ။ ရွာသားများကိုလည်း စုံစမ်းခြင်း မေးမြန်းခြင်းခွင့် မပြု ကြောင်းသိရှိရပါ သည်။


RB News Desk.

Comment ရေးရန်

Pages 22123456 »
Rohingya Exodus