March 18, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရခိုင်ပြည်နယ်တွင် တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံငြိမ်းချမ်းမှုမရှိ

ရက်စွဲ ၂၂-၁၀-၂၀၁၂ ရခိုင်ပြည်နယ် ပဋိပက္ခများမှာ (၄) လကျော်ကြာမြင့်ပြီဖြစ်သော်လည်း ယနေ့တိုင် တ ရား ဥပဒေစိုးမိုးမှု လုံးဝမရှိပါ။ တည်ငြိမ်အေးခြမ်းမှုလည်းလုံးဝမရှိပါ။ နေ့စဉ်နှင့်အမျှ ရိုဟင်ဂျာများ ကိုရခိုင် အကြမ်း ဖက်သမားများကနေရာအနှံအပြားတွင် နည်းမျိုးစုံဖြင့် အကြမ်းဖက် သတ်ဖြတ်လျှက် ရှိပါသည်။ စစ်တွေမြို့ အောင်မင်္ဂလာရပ် ကွက် ကိုလည်းအကြိမ်ကြိမ်ပိုင်း၍ တိုက်ခိုက်ရန် မီးရှို့ရန် ကြိုးစား လျှက်ရှိပါ သည်။ ဤသို့ဖြစ်နေရသည်မှာ အရေးပေါ်အခြေအနေကြေငြာထားပြီး ပုဒ်မ(၁၄၄) ထုတ်ပြန်ထား သည့်ကြား မှ ဖြစ်နေခြင်းဖြစ်ပါသည်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၈ နေ့ထုတ် မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာ နယ် အမှတ်စဉ် (၂၃)၊ စာမျက်နှာ (၂၈) တွင်ကော်မရှင်အဖွဲ့ဝင် ဦးတင်မောင်သန်းမှ စုံစမ်း စစ်ဆေးရေးကော် မရှင်၏ ပုံမှန်လုပ်ငန်းစဉ်များအပြင် ယခုတစ်ခေါက်လာရောက်ရခြင်း အကြောင်း အရင်းနှင့် ပတ် သက်၍ ‘‘ရခိုင်ပြည်နယ်ကတာဝန်ရှိပုဂ္ဂိုလ်တွေ ဟာ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေး ကို ဘာကြောင့် ပီပီပြင်ပြင် ထိထိရောက်ရောက်နဲ့ မဆောင်ရွက်နိုင်တာလဲ ဆိုတာကို စုံစမ်းဖို့ အဓိကလာ တာပါ’’ ထို့နောက် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုရှိမှသာ စုံစမ်းရေးကော်မရှင်၏ လုပ်ငန်းစဉ် များ ပီပီပြင်ပြင်လုပ်ဆောင်နိုင်မည်ဟုကော်မရှင်အဖွဲ့ဝင်ဦးဇာဂနာက ပြောကြားသည်။ ‘‘ လတ်တလောမှာ ပညာရေးထက် အရေးကြီးတာက လူအားလုံးတည်တည်ငြိမ်ငြိမ်နဲ့ နေရဖို့ပဲ’’ ဟု၎င်းကဆိုသည်။ တည်ငြိမ်အေးချမ်းမှုပြီးမှ စားဝတ်နေရေးကအရေးကြီးကြောင်း၊ ယင်းနောက်မှသာ အခြားကိစ္စရပ်များ ကို ရှေ့ ဆက်စဉ်စား၍ ရနိုင်မည်ဖြစ်ကြောင်း ကော်မတီ အဖွဲ့ဝင် ဒေါက်တာဇါဂနာက ပြော သည်။ ပြောကြား ခဲ့သော်လည်း ၂၄-၁၀-၂၀၁၂ နေ့ထုတ် Weekly Eleven Journal တွင် ရခိုင်ပြည်နယ် ပဋိပက္ခစုံစမ်းရေးကော်မရှင်ထံ မှအကြံပြုချက်များမရရှိသောကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မှ နေပြည်တော် မီဒီယာများနှင့် တွေ့ဆုံပွဲတွင်ပြောကြားခဲ့ပါသည်။ ထိုဖေါ်ပြချက် များကို ထောက်ရှုခြင်း အားဖြင့် စုံစမ်းစစ်ဆေးရေးကော်မရှင်က ပြည်နယ်အစိုးရမှတရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှု ကိုဆောင်ရွက် နိုင်မှုမရှိခြင်းကြောင့် ၄င်းတို့၏လုပ်ငန်းများကျန့်ကြာနေသည်ဟု ဆိုလိုရာရောက်ပြီး သမ္မတကလည်း ကော်မရှင်မှအကြံမပြုသေးသဖြင့်ဘာမျှမလုပ်ဘဲ ကော်မရှင်အကြံပြုစာကိုငုတ်တုတ် ထိုင်စောင့်နေသယောင် ပြောဆိုနေခြင်းဖြစ်ပါသည်။ ထို့အတူ ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင် တင်နှင့် ပြည်နယ်အစိုးရအဖွဲ့အား ဆက်သွယ်မေးမြန်းခဲ့ရာ ကော်မရှင်၏အကြံပြုချက်ကိုစောင့်နေကြောင်း၊ သမ္မတ ၏ အကြံပြုချက်ကိုစောင့်နေကြောင်း ပြောဆိုနေပါ သည်။ အထက်ပါအတိုင်း သမ္မတကကော်မရှင် ကိုပုံချ၊ ကော်မရှင်ကပြည်နယ်အစိုးရကိုပုံချ၊ ပြည်နယ်အစိုးရက သမ္မတနှင့် ကော်မရှင်ကိုပုံချ ထိုသို့ အပြန် အလှန် ပုံချ၍ ခေါင်းရှောင်ကြပါသည်။ အရေးပေါ်အခြေအနေကြေငြာ ထားပြီး ပုဒ်မ (၁၄၄) ထုတ်ထား သည်ကြား မှ ရခိုင်များက ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဆန္ဒပြကြ၊ လူထုစုဝေးပွဲများ ပြုလုပ်ကြလျှက်ရှိပြီး မွတ်စ်လင်မ်များ မှာ မိမိတို့ရပ်ကွက်အတွင်မှ ထွက်၍ ဆေးကုခွင့်မရှိ ဈေးဝယ်ထွက်ခွင့်မရှိ မည်သည့်အကြောင်းနှင့်မျှ ရပ်ကွက်အပြင် ရွာအပြင်မထွက်ရဖြစ်နေသည်မှာ ရခိုင်ပြည်နယ်အစိုးရ၏ တစ်ဖက် သတ်ဆောင်ရွက်ချက်များမှာ ရုပ်ဆိုးအကြည်းတန်လှပါသည်။ UN, EU, UNHCR, WFO အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများအားလုံး ကိုရခိုင်ပြည်နယ်သို့ မလာရောက်စေလိုသည်မှာ ၄င်းတို့၏တစ်ဖက် စောင်းနင်းမတရားမှုများကို ကမ္ဘာကအသေးစိတ်အတိအကျ သိရှိသွားမည် ကိုစိုးရိမ်သည့် အတွက်ဖြစ်ပါသည်။ ထို့အပြင် မြောက်ဦးမြို့ ဗန္ဓုလတံတားအနီးမှ ဆန်စက်ပိုင်ရှင် ဦးကျော်စောဖြူ (ရခိုင်လူမျိုးဗုဒ္ဓဘာသာဝင်)အား မွတ်စ်လင်မ် ကျွေးရွာများအား ဆန်ရောင်းသည်ဟုဆိုကာ RNDP ပါတီဝင်များနှင့် နာရေးကူညီမှုအသင်းဝင်များ ဦးဆောင်သည့် ရခိုင်အကြမ်းဖက်သမားများက လူမဆန်စွာခုတ်ထစ်သတ်ဖြတ်မှုကိုလည်း ဖုံးကွဲထာပြီး ယခင် မ.ယ.က စာရေးဦးကျော်စောလှ ၏နေအိမ် အား လောက်လေးခွများနှင့်ပစ်၊ ခဲများဖြင့်ပစ်ပေါက်ကာ ရိုက်ချိုးဖြက်စီးကာ မြောက်ဦးမြို့ပေါ် တွင် ပေါ်ပေါ် ထင်ထင် ကျူး လွန်နေသော်လည်း တစ်စုံတစ်ဦးကမှ အရေးယူဟန်တားခြင်းတစုံတရာမပြုလုပ်ခြင်းက လွန်စွာဆိုးဝါးလှပါသည်။

ရခိုင်ပြည်နယ် အစိုးရအနေဖြင့် ယင်းသောင်းကျန်းသူများကို ခိုးဝင်လာသူများအဖြစ် သတ်မှတ်ကြောင်း၊ လ၀ကမှ ဥပဒေအရ အသေးစိပ်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ စစ်ဆေးမခံဘဲ မိမိနေအိမ်များကို မီးရှိုးပြီး ထွက်ပြေးခြင်းဖြစ်ကြောင်းနှင့် ယင်းတို့ ပိုင်ဆိုင်မှုများကို ယင်းတို့ကိုယ်တိုင် မြေလှန်စနစ်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဆိုသည်။

အခုလောလောဆယ် တပ်အင်အား သုံးပြီးတော့ ထိန်းထားပါတယ်၊ ဆက်လက်ကူးစက်မှု မဖြစ်အောင် တပ်မတော်အကူအညီကို ရယူသွားမှာ ဖြစ်ပါတယ်၊ ယင်းအင်အားနဲ့ ထိန်းလို့မရရင် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးက မြို့ပြအုပ်ချုပ်ရေးရဲ့ အကူအညီ တောင်းခံခြင်းဆိုတဲ့ အစီအစဉ်အရ တောင်းခံပြီး ထိန်းသိမ်းသွားဖို့ အစီအစဉ် ရှိပါတယ်၊ အခြေအနေအရ မင်းပြားမြို့နယ်နဲ့ မြောက်ဦးမြို့နယ်ကို ပုဒ်မ ၁၄၄ ထုတ်ဖို့ အလားအလာ ရှိပါတယ်၊ ဒီဖြစ်စဉ်မျိုးက အရင်ကလည်း ရှိခဲ့တယ်၊ ၁၉၇၈ ခုနှစ် နဂါးမင်း စစ်ဆင်ရေးတုန်းကလည်း သူတို့ဟာ ကိုယ့်ရွာကိုကိုယ် မီးရှို့မှုတွေ လုပ်ခဲ့ဖူးတယ်၊ ၁၉၉၂ ခုနှစ် တုန်းကလည်း ဒီလိုမျိုး တစ်ခါ လုပ်ခဲ့ဖူးတယ်၊ သူတို့မှာ ဒီလိုလုပ်တဲ့ အလေ့အကျင့်ဟာ ရှိပြီးသားဖြစ်တယ်။ အမှန်တကယ် စဉ်းစားမယ်ဆိုရင် ဖြစ်နိုင်ခြေမရှိဘူးလို့ ယူဆရပေမယ့် အမှန်တ ကယ် ဖြစ်ခဲ့ တယ်။ နိုင် ငံတော် လ၀က ဥပဒေ အနေနဲ့ ခိုးဝင်တဲ့သူတွေကို စာရင်းကောက်တဲ့အခါ သူတို့က တရားမ၀င် ၀င်လာတဲ့ သူတွေဆိုတော့ စစ်ဆေးမခံဘဲနဲ့ ထွက်ပြေးတဲ့အခါမှာ ကိုယ့်အိမ်ကိုကိုယ် မီးရှို့ခဲ့ကြတာ ဖြစ်ပါတယ်၊ သူတို့ရဲ့ ပိုင် ဆိုင် မှုတွေကို ထားခဲ့ရမှာ ဆိုတော့ မြေလှန်စနစ်နဲ့ နောက်လာတဲ့သူတွေကို ဘာမှမ ရနိုင်အောင် လုပ်ထားခဲ့ တာ ဖြစ်တယ်၊ လောလောဆယ်မှာတော့ ဒီပြဿနာရဲ့ သတင်းအပြည့်အစုံကို မရရှိသေး ပါဘူး။''ဟု ရခိုင်ပြည် နယ် ဥပဒေချုပ် လည်းဖြစ်၊ ပြည်နယ် အစိုးရအဖွဲ့ သတင်း ထုတ်ပြန်ကြားရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက ယနေ့ မွန်းလွဲ ၂ နာရီ တွင် ဒေ သခံ သတင်းထောက် များနှင့် တွေ့ဆုံ ရှင်းပြသွားခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အစိုးရမှာ အကြမ်းဖက်သမားများနှင့်အလိုတူအလိုပါဖြစ်ကြောင်း သိသာထင်ရှား စေသည့် အချက် မှာရခိုင်ပြည်နယ်အစိုးရ အဖွဲ့၏ ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ သတင်း ထုတ်ပြန်ရေးနှင့် မှတ်တမ်းပြု စုရေးဆပ်ကော်မတီ ဥက္ကဌဦးလှသိန်းထုတ်ပြန်သည့် သတင်းလိမ် သတင်းမှားများ ကသက်သေ ခံလျှက် ရှိပါသည်။ ဦးလှ သိန်းထုတ်ပြန်သည့်သတင်းများမှာ လက်တွေ့ဖြစ် ပျက်နေသည့် သတင်း များနှင့် ပြောင်းပြန်ဖြစ်နေပါသည်။

ထိုသူများသည် တရားဝင် အစိုးရဖြစ်ပါသော်လည်း ၊ လူသိရှင်ကြား တရက် ပြီးတရက် မုသား စကား ပြောဆိုမှုတွင် နောက် ကွယ်မှ ဗဟိုအစိုးရကလည်း မသိဟန်ဆောင်နေ ခြင်းမှာလည်း အံ့သြ ဖွယ်ကောင်း လှပါသည်။

ထို့ပြင် ကရင်ပြည်နယ် ဘားအံ့မြို့တွင်လည်း အသက် ၇၄ နှစ်အရွယ် အစ္စလာမ်ဘာသာဝင် ကရင်အဖိုး အိုတစ်ဦးအားလည်း သင်္ဃန်းဝတ်အကြမ်းဖက်သူများမှ ရိုက်နှက်ခြင်းကြောင့် နံရိုးကြိုးသည် အထိ ပြင်း ထန်စွာဒါဏ်ရာရရှိပြီး ဘားအံ့ပြည်သူဆေးရုံတွင် အတွင်းလူနာအဖြစ်ကုသနေရာမှ ယနေ့အဆိုပါဒါဏ်ရာ များကြောင့်ကွယ်လွန်သေဆုံးသွားပြီးဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် လူပီသပြီးလူစိတ်ရှိသူများမှ တကယ့်ဖြစ်ရပ်မှနှ်နှင့် အခြေအနေမှန်များ ကိုလေ့လာပြီး ပြည် သူအများ သိရှိအောင်နှင့် ကမ္ဘာကသိရှိအောင် ၀ိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြပါရန် ပန်ကြားအပ်ပါ သည်။

၂၂-၁၀-၂၀၁၂ ရခိုင်ပြည်နယ် မင်းပြားမြို့ရှိ နောက်ဆက်တွဲ ဖြစ်ရပ်

ယနေ့ညနေ ၄း၃၀ ခန့်တွင် မင်းပြားမြို့နှင့် တစ်မိုင်ခွဲခန့်ဝေးကွာသော ဆင်းရဲသည့် တံငါရွာ တစ်ရွာ ဖြစ်သည့် စမ္ဘလေရွာကို အကြမ်းဖက်ရခိုင်သားများက ၀င်ရောက်မီးရှို့ဖျက်ဆီးရာတွင် လက် နက်များ တူမီးသေ နတ်များဖြင့် စတင်တိုက်ခိုက်သောကြောင့် ဆင်းရဲသောရွာသူရွာသားများက ထိုလက် နက်များ တူမီးသေ နတ်များကို ကြောက်လန့်သဖြင့် မိမိတို့ပိုင်ဆိုင်သောအိုးအိမ် များကိုစွန့်လွှတ်ပြီး ထွက်ပြေးခဲ့ ရသော ကြောင့် ရခိုင်အကြမ်းဖက်သမားများက လက်နက်အားကိုးဖြင့် ရွာကိုစိတ်ကြိုက် မီးရှို့နိုင်ခဲ့ကြောင်း သိရပါသည်။ ထိုမီးရှို့ခံရသော စမ္ဘလေရွာမှာ အိမ်ခြေ (၃၈၀) ခန့်ရှိပြီး လူဦးရေ (၁၉၂၀) ခန့်ရှိကြောင်း သိရှိရပါသည်။

ယခုအခါ အကြမ်းဖက်မီးရှို့ခံရသော ပြည်သူများ၏ အနာဂတ်မှာ မည်သို့မည်ပုံဖြစ်လာမည်ကို မတွေးဝံ့ ဘဲရှိနေပါသည်။

RB News Desk

Comment ရေးရန်

Pages 22123456 »
Rohingya Exodus