နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးရဲ့ ရခိုင်ခရီးစဉ်

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(ရတပ)မှ ခေါင်းဆောင်များသည်စစ်တွေမြို့တွင် ရောက်ရှိနေသော   ဗြိတိန် သံအမတ်ကြီးနှင့် ယမန်နေ့က တွေ့ဆုံခဲ့သည်။


“ သူတို့က ဗြိတိန်သံအမတ် အပါအ၀င် နောက်ထပ် အရာရှိ နှစ်ဦးပါ။ ညနေ ၃ နာရီခွဲမှာ စစ်တွေကို သူတို့ ရောက်ပါတယ်။ ကျွန်တော်တို့နဲ့က ညနေ ၅ နာရီခွဲမှာ စစ်တွေ နိုဗယ် ဟိုတည် မှာ တွေ့ကြ ပါတယ်။ ဆွေးနွေးတဲ့ ကိစ္စကတော့ ရခိုင်မှာ ဖြစ်သွားတဲ့ အရေးအခင်း အပေါ်မှာ အဓိက ထား ဆွေးနွေးကြတာ  ဖြစ်ပါတယ်” ဟု ဆွေးနွေးရာတွင် ပါဝင်သူ ရတပ ပါတီ အတွင်းရေးမှူး ဦးဦးလှစော က ပြောသည်။

ဆွေးနွေးပွဲသို့ ရတပ ပါတီမှ ဥက္ကဌ ဒေါက်တာ အေးမောင်၊ စစ်တွေမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ် ဦးမောင်ညို၊ ဗဟိုကော်မီတီဝင် ဦးရွှေမောင်နှင့် နှင့် အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောတို့ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ရတပ ပါတီ၏ ရခိုင်အရေးအခင်းနှင့် ပတ်သက်ပြီး အမြင်သဘောထားကို ဗြိတိန် သံအမတ်ကြီးက မေးမြန်းခဲ့သလို အနာဂတ်တွင် ရခိုင် ဗုဒ္ဓဘာသာများနှင့် မွတ်ဆလင်များ အကြား အတူ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး အတွက် လိုအပ်ချက်များကိုလည်း မေးမြန်းသွားခဲ့သည်ဟု ဆိုသည်။

“ အဓိကတော့ ဖြစ်စဉ်တွေကိုဆွေးနွေးတယ်။ ကျွန်တော်တို့က နောက်ခံသမိုင်းတွေ အပါအ ၀င် ဖြစ် စဉ်တွေကို ပြောပြတယ်။ အနာဂတ်မှာ ကွန်မျူနတီ နှစ်ခုပေါ့လေ ( ရခိုင်နဲ့မွတ်ဆလင်) ဘယ်လို အတူ လက်တွဲနေနိုင်မလဲ ဆိုတဲ့ ကျွန်တော်တို့ရဲ့ သဘောထားတွေကို ပြောပြလိုက်ပါတယ်။ ပီးရင် စက်တင်္ဘာ ၂၅ ရက်နေ့ကနေ ၂၆ ရက်နေ့ထိ ပြုလုပ်ခဲ့တဲ့ ရသေ့တောင် လူထု ညီလာခံရဲ့ ဆုံးဖြတ် ချက်တွေ ကို လည်း ပြောပြလိုက်ပါတယ်။ ဒါက တကယ့် အစစ်အမှန် ရခိုင်လူထု သဘောထားဆိုပြီး ဆုံးဖြတ် ချက်တွေကိုလည်း ပေးလိုက်ပါတယ်” ဟု သူက ဆက်ပြောသည်။

၎င်းပြင် ရခိုင်ဒေသမှာ အလွန်ဆင်းရဲပြီး အကျပ်အတည်း ပေါင်းစုံနှင့် ရင်ဆိုင်နေရကြောင်း ၊ သို့အတွက် ဒေသဖွံ့ဖြိုးရေးကို လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ နိုင်ငံခြား အဖွဲ့အစည်းများ အစိုးရများ အနေဖြင့် ဘက်မလိုက်ဘဲ ရခိုင်အရေးကို ဆောင်ရွက်သင့်ကြောင်းကိုလည်း ဗြိတိန်သံအမတ်ကြီးနှင့် အဖွဲ့ကို တင်ပြခဲ့သည်ဟု သူက ဆိုသည်။

“ ဗြိတိတ် သံအမတ်ကြီးကလည်း ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို သူတို့ အတတ်နိုင်ဆုံး လုပ်ပေးမယ် ဆိုတဲ့ အကြောင်းတွေကို ပြောပါတယ်။ ပီးရင် ကွန်မျူနတီ နှစ်ခု အနာဂတ်မှာ သင့်သင့်မြတ်မြတ် နေနိုင်မလဲ ဆိုတာကို သူတို့ အဖြေရှာဖို့ လာတဲ့ အကြောင်း၊ အတတ်နိုင်ဆုံး ဗြိတိန် အစိုးရနဲ့ ကူညီ ဆောင်ရွက်သွားမယ်ဆိုတဲ့ အကြောင်းတွေကို ပြောပြသွားပါတယ်” ဟု ဦးဦးလှစောက ပြောသည်။

ဗြိတိန် သံအမတ်ကြီးနှင့် အဖွဲ့သည် ယမန်နေ့က တခြား ရခိုင် ပါတီများမှ ခေါင်းဆောင်များ၊ လူမူ အဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ မွတ်ဆလင် ခေါင်းဆောင်များနှင့်လည်း သီခြားစီ တွေ့ဆုံသည်ဟု ဆိုသည်။

ယနေ့ အောက်တိုဘာလ ၃ ရက်နေ့တွင် ဒုက္ခသည် စခန်းများသို့ သွားရောက် လည်ပတ် ကြည့်ရှု့နေသည်ဟု သိရသည်။
 Updated News from Radio Free Asia
မန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးရဲ့ ရခိုင်ခရီးစဉ်

မြန်မာနိုင်ငံဆိုင်ရာဗြိတိတိန်သံအမတ်ကြီး Mr. Andrew Heyn နဲ့အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်း မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး လူမျိုးနှစ်ခုအအကြားအမြင်တွေ ကို လေ့လာ ဆန်းစစ် မှုတွေ  ပြုလုပ်ဖို့အတွက် မနေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ကိုရောက်ရှိခဲ့ပါတယ်။

မနေ့က ညနေပိုင်းမှာ စစ်တွေမြို့မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီတွေက တာဝန်ရှိသူတွေ၊ ဝံလက် ဒေသ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(ရခိုင်ပြည်နယ်)၊ အပါအ၀င် လူမှုရေးအဖွဲ့အစည်း ၆ ခုက တာဝန်ရှိသူတွေနဲ့ နိုဗယ်ဟိုတယ်မှာသီးသန့်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီဆွေးနွေးမှုတွေအပေါ်မှာ ဗြိတိန်သံအမတ်ကြီးက ပဋိပက္ခတွေကို လေ့လာတဲ့အခါ မကြားဖူးသေးတဲ့ ယဉ်ကျေးမှု၊ သမိုင်းဆိုင်ရာတွေနဲ့ အမျိုးသားရေးဆိုင်ရာကြန်အင်လက္ခဏာ၊ စီးပွားရေးရာ စတဲ့ကိစ္စတွေ အပေါ် သူတို့အနေနဲ့ စိုးရိမ်မှုတွေဖြစ်ရကြောင်း၊ လက်ရှိပြဿနာကို တစ်ထိုင်တည်းနဲ့ ဖြေရှင်းလို့မရနိုင်ဘဲ ကာလတိုရှည်စီမံကိန်းချမှတ်ကာ ဖြေရှင်းဖို့လိုအပ်ကြောင်းနဲ့ တရားဥပဒေစိုးမိုးရေး ရှိဖို့လိုအပ်ကြောင်း ပြန် လည်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဗြိတိန်သံအဖွဲ့ဟာ ဒီကနေ့မှာ မောင်တောမြို့နယ်က ဒေသခံတွေနဲ့တွေ့ဆုံဖို့ သွားရောက်ခဲ့ပါတယ်။ ဗြိတိန်နိုင်ငံအနေနဲ့ အခုနှစ်အတွင်းမြန်မာနိုင်ငံရဲ့ ပညာရေး၊ လူမှုရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၃ သန်းကူညီထောက်ပံ့ပေးထားတယ် လို့လည်းသိရပါတယ်။

Comment ရေးရန်

Rohingya Exodus