March 15, 2025
 Roh

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

စာအုပ်စင်

အိတ်ဖွင့်ပေးစာ

အိုအိုင်စီက နိုင်ငံတကာ အသိုင်းအဝိုင်း အကူအညီယူမယ်

အောက်တိုဘာ ၁၅ က ရန်ကုန် အပါအဝင် မြန်မာနိုင်ငံက မြို့ကြီး ၂၀ ကျော်မှာ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင် ရွက် ရေးအဖွဲ့ အိုအိုင်စီရုံး မြန်မာနိုင်ငံမှာ လာဖွင့်မှာကို လက်မခံတဲ့ ဆန္ဒပြပွဲတွေကို သံဃာတော်တွေ ဦးဆောင်လို့ ကျင်းပခဲ့ပြီး သမ္မတရုံးကလည်း ပြည်သူ့ဆန္ဒနဲ့ မကိုက်ညီလို့ အိုအိုင်စီ ရုံးတွေ မဖွင့်ပါဘူးလို့ အောက်တိုဘာ ၁၅ ကပဲ ကြေညာခဲ့ပါတယ်။

အိုအိုင်စီနဲ့ အစိုးရတို့ ပူးပေါင်းဆောင်ရွက်မှု စာချွန် လက်မှတ်ထိုးခဲ့ တာက ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်ကထဲကပါ။ ဒါကို လူထုသိအောင် ကြေညာခဲ့တာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ သံဃာတော်တွေနဲ့ လူထုက သတင်းတွေကနေ သိလာတော့ မြန်မာနိုင်ငံတဝှန်းမှာ အိုအိုင်စီဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ တဖြည်းဖြည်း လုပ်ဆောင်လာပြီး အောက်တိုဘာ ၁၅ မှာတော့ တပြည်လုံးအနှံ့ အိုအိုင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲကို ကျင်းပ လာကာမှ သမ္မတရုံးက ကြေညာချက်ထုတ်လာတာပါ။
အိုအိုင်စီရဲ့ မွတ်ဆလင်လူနည်းစုရေးရာ ညွှန်ကြားရေးမှူး ဒဲလားစ် ဒါဝုစ်ကတော့ မြန်မာအစိုးရအနေနဲ့ သူတို့ ကို တရား ဝင် အကြောင်းကြား အသိပေးတာမျိုး မရှိသေးဘူး၊ အစိုးရနဲ့ သဘောတူညီချက်အရ ဒီလူသား ချင်း စာနာတဲ့ အနေနဲ့ ထောက်ပံ့ရေးရုံး ဖွင့်ဖို့၊ မွတ်ဆလင်တွေကို ကူဖို့ပါ။ ရခိုင်ပြည်နယ်မှာ အကြီးအကျယ် ပဋိပက္ခတွေ ဖြစ်ပွားအပြီးမှာ သူတို့ အကူအညီ လိုနေပါတယ်လို့ ဘီဘီစီကို ပြောပါတယ်။
သမ္မတရုံးရဲ့ ကြေညာချက်မှာတော့ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာနဲ့ အမျိုးသား အကျိုးစီးပွား မထိခိုက်အောင် အစိုးရ ဟာ ဆောင်ရွက်နေပါတယ်လို့ ပြောပေမယ့်လို့ သံဃာတော်တွေနဲ့ လူထုတွေ လမ်းပေါ်ထွက် ဆန္ဒ ထုတ်ဖော်မယ့် သတင်းတွေ ထွက်ပေါ်ပြီးနောက်မှာမှ အဆောတလျင် အိုအိုင်စီရုံး ဖွင့်ခွင့်မပြုပါဘူးလို့ သတင်းထုတ်ပြန်လာတာ ဖြစ်ပါတယ်။
အိုအိုင်စီ ကတော့ တကယ်လို့များ အစိုးရဘက်က ဖွင့်ခွင့်မပြုဘူးလို့ တရားဝင်ပြောလာခဲ့ရင် နိုင်ငံတကာ အသိုင်းအ ဝိုင်းကနေ ဆက်လက်လှုပ်ရှားဆောင်ရွက်မယ်လို့ ပြောပါတယ်။ အခုကိစ္စက လိုအပ် လို့ ဆောင်ရွက်ရမယ့် ကိစ္စပါ၊ အရေးတကြီး ဆောင်ရွက်ဖို့လည်း လိုပါတယ်၊ အခြေခံ လူသားချင်း စာနာထောက်ပံ့တဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ အိုအိုင်စီအနေနဲ့ကတော့ ကုလသမဂ္ဂ၊ လူ့အခွင့် အရေး ကော် မရှင်၊ ဒုက္ခသည်များဆိုင်ရာရုံး စသဖြင့် လုပ်နိုင်တဲ့ အတိုင်းအတာအထိ ဆက် လက် ဆောင် ရွက်သွား မှာ ဖြစ်ပါတယ်လို့ ဒဲလားစ် ဒါဝုစ်က ဘီဘီစီကို ပြောပါတယ်။
အောက်တိုဘာ ၁၅ ရက်က သံဃာတော်တွေ ဦးဆောင်လို့ မြို့ခံလူထုတွေလည်း ပါဝင်ပြီး ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ၊ ကျောက်ပန်းတောင်း၊ တောင်ငူ၊ မော်လမြိုင်အပြင် ရခိုင်ပြည်နယ်တွင်းက စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းတို့ အပါအဝင် မြို့ကြီးပေါင်း ၂၀ ကျော်မှာ အိုအိုင်စီ ဆန့်ကျင် ဆန္ဒပြ ပွဲတွေ ကျင်းပခဲ့ကြပါတယ်။

ဘီဘီစီမြန်မာပိုင်း။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus